ArticleNews

လာမယ့် ၂၀၁၉ မှာထွက်ရှိလာမယ်ဆိုတဲ့ Grid Autosport

Console Platform မှာနာမည်ကြီး Racing ဂိမ်းဖြစ်တဲ့ Grid Autosport ဟာတော့ လာမယ့် ၂၀၁၉ မှာ Android ပေါ်ကိုစတင်ရောက်ရှိလာတော့မှာဖြစ်တယ်လို့ ဂိမ်း Developer Feral Interactive ကပြီးခဲ့တဲ့ရက်အနည်းငယ်ကတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒီ Grid Autosport ဟာ Android ကိုရောက်ရှိလာမယ်ဆိုတဲ့အကြောင်းဟာပြီးခဲ့တဲ့နှစ်လောက်ကတည်းက ၂၀၁၈ နှစ်လယ်လောက်မှာထွက်ရှိမယ်လို့ rumor တွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ၂၀၁၉ မှရောက်ရှိလာမယ့်အကြောင်းကို ဂိမ်း Developer ကိုယ်တိုင်က ကြေညာလိုက်ပါပြီ။ ဂိမ်းထွက်ရှိလာမယ့် Official release date, IOS platform ကိုရော ရောက်ရှိလာဉီးမှာလား စတဲ့အချက်တွေကိုမသိရှိရသေးပေမယ့် ဂိမ်းထွက်ရှိလာမယ့် region ကိုတော့သိရှိရပြီဖြစ်ပါတယ်။ North America, Europe, Australia နဲ့ Asian region အချို့မှာပဲဒီဂိမ်းကိုဆော့ကစားနိုင်မှာပါ။ ဒါ့အပြင် ဒီဂိမ်းဟာ သတ်မှတ်ထားတဲ့ Device အချို့မှာပဲ ကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီအချက်တွေကြောင့်ပဲ Fan အချို့က Feral Interative ကိုစိတ်ဆိုးနေကြတာကိုလည်း Tweet ကနေတဆင့်တွေ့မြင်ရမှာဖြစ်ပါတယ်။

Console platform မှာကတည်းက Fan တော်တော်များများရဲ့လက်ခံမှုရရှိထားတာမို့ ဒီဂိမ်းက Realistic ဖြစ်တဲ့ graphics တွေနဲ့ ဆော့လို့ကောင်းနေမှာကတော့ အသေအချာပါပဲ။ Console အရသာမပျက်ပဲ Mobile ပေါ်ရောက်ရှိလာမယ့်အနေအထားမို့ Free to play တော့ဖြစ်နေမှာမဟုတ်ပါဘူး။ Rumor အရဆိုရင်တော့ ဒီဂိမ်းကို $10 နဲ့ဝယ်ယူဆော့ကစားရမယ်လို့သိရပါတယ်။

Android version အတွက် ပြိုင်ကားအမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်မှာဖြစ်ပြီး Touch နဲ့ထိပြီးဆော့၊ Device ကိုလှုပ်ပြီးဆော့၊ Controller အသုံးပြုပြီးဆော့ အစရှိတဲ့ Playing style ၃ မျိုးနဲ့ စိတ်ကြိုက်ဆော့ကစားနိုင်မယ်လို့လဲသိရပါတယ်။ Grid Autosport android version နဲ့ပတ်သက်ပြီး သိရသလောက်တော့ လက်ရှိဒါအကုန်ပါပဲ။ Release date နီးကပ်လာတဲ့အချိန်ကျရင် Feral ကထပ်မံကြေညာပေးဉီးမှာဖြစ်တာမို့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ရဉီးမှာပဲဖြစ်ပါတယ်။

Ref: Droidgamers, Official Site

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password