ArticleReviews

ထိတ်လန့်ကြောက်ရွံ့စရာတွေနဲ့ ပြည့်နေတဲ့ Goosebumps ကို ဂိမ်းအဖြစ်တွေ့ရတော့မယ်နော်

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဂိမ်းလေးကတော့ Goosebumps : Night of scares ပဲဖြစ်ပါတယ်။ Goosebumps : Night of scares ကို နာမည်နဲ့တင် ရင်းနှီးပြီးသားဖြစ်နေကြမှာပါ။ Goosebumps ဇာတ်လမ်းက အရမ်းကို ကြက်သီးထစရာကောင်းပြီး ချောက်ချားစရာကြီးဖြစ်တာကြောင့် သူ့ရဲ့ ဂိမ်းကလည်း တကယ့်ကို သည်းထိတ်ရင်ဖိုတွေအပြည့်ပါပဲ။

သူ့ရဲ့ပုံစံက နာမည်ကြီးဂိမ်း Five nights at Freddy’s နဲ့တော်တော်လေးတူပါတယ်။
ဂိမ်းထဲမှာ player က ထူးဆန်းတဲ့သတ္တဝါတွေနဲ့ပြည့်နေတဲ့ အိမ်ကြီးတစ်အိမ်ထဲမှာ ညအနည်းငယ်ကို ဖြတ်သန်းရမှာပါ။ အခန်းတွေထဲမှာ ပြန့်ကြဲနေတဲ့ စာအုပ်ရဲ့စာမျက်နှာတွေကို လိုက်စုဆောင်းပြီး ဖုံးကွယ်ထားတဲ့နေရာအသစ်တွေကိုလည်း လိုက်ရှာဖို့လိုအပ်ပါတယ်။အဓိကတွေ့ရမယ့် အန္တရာယ်တွေက player ကိုသတ်ချင်နေတဲ့ လူပုံစံအရုပ်နဲ့ မကောင်းဆိုးဝါးတွေပါ။တံခါးကို ပိတ်ဖို့နဲ့ မီးတွေလိုက်ပိတ်ဖို့တော့ မမေ့ပါနဲ့နော်။ အဲ့ဒါမှ သူတို့တွေ ကိုယ့်ကို ရှာမတွေ့နိုင်မှာပါ။

ဂိမ်းထဲမှာ ပါဝင်တဲ့ feature တွေကို အောက်မှာဖော်ပြပေးထားပါတယ်။

• ကြောက်စရာကောင်းတဲ့ လေထုပတ်ဝန်းကျင်
• မကောင်းဆိုးဝါးများ
• ကောင်းမွန်တဲ့ ထိန်းချုပ်မှုစနစ်
• ပြည့်စုံတဲ့ ရုပ်ထွက်

ရောင်းအားအရမ်းကိုကောင်းခဲ့တဲ့ horror စီးရီးတစ်ခုုကို ခုလို ဂိမ်းအနေနဲ့ပြန်တွေ့ရမယ်ဆိုတော့ လုံးဝကို စိတ်လှုပ်ရှားစရာကြီးပါ။ ဂိမ်းထဲမှာ Goosebumps ထဲက ကြောက်စရာအကောင်းဆုံး ဇာတ်ကောင်တွေဖြစ်တဲ့ Slappy the Dummy, evil gnomes နှင့် werewolves အပြင် အခြား ဇာတ်ကောင် မကောင်းဆိုးဝါးတွေကိုလည်း မြင်တွေ့ရမှာပါ။

Goosebumps က အကောက်ကျစ်ဆုံး ဗီလိန်ကြီးအဖြစ်ပါဝင်ထားတဲ့ ဒီဂိမ်းထဲမှာ player က hide-n-seek ပုံစံနဲ့ဝင်ကစားပေးရမှာဆိုတော့ ကြောက်တတ်ရင် လုံးဝလုံးဝကို ယောင်လို့တောင် ကစားကြည့်ဖို့ စိတ်မကူးပါနဲ့နော်…သတ္တိရှိသပ ကစားကြည့်ချင်သပ ဆိုရင်တော့ ခုပဲ Play Store နဲ့ App Store တို့မှာ အခမဲ့ဒေါင်းလုတ်ပြေးလုပ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။ XD

Source –https://play.mob.org

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password