Google Play ရဲ့ ၂၀၁၇ အတွက် အကောင်းဆုံးဂိမ်း ၅ ခု

၂၀၁၇ ကလည်း ကုန်ခါနီးပြီဆိုတော့ Google Play က သူ့ရဲ့ ၂၀၁၇ အတွက် အကောင်းဆုံးဂိမ်းတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီလို Game of the Year ထဲမှာဖော်ပြခြင်းခံရတဲ့ဂိမ်းတွေကတော့ Popularity အရရော၊ Gameplay အရပါ အလွန်ကောင်းကြတာမို့ Mobile Game ချစ်သူတွေ ဆော့ဖြစ်အောင် ဆော့ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Super Mario Run

Super Mario ရဲ့ အနှစ်သာရနဲ့ Mobile Platform ကို လှလှပပပေါင်းစပ်ထားတဲ့ Super Mario Run ဟာ Play Store ပေါ်ကိုရောက်ရှိပြီးလပိုင်းအတွင်းမှာပဲ Download အရေအတွက်အများဆုံး Android ဂိမ်းသရဖူကို ဆွတ်ခူးသွားခဲ့ပါတယ်။ ချစ်စဖွယ် Character တွေ၊ စိတ်ဝင်စားဖွယ် Stage တွေ၊ အားလုံးနဲ့ရင်းနှီးနေတဲ့ Gameplay တွေကို ပေါင်းစပ်ထားတဲ့ဒီဂိမ်းလေးကတော့ ဒီဆုကိုရကိုရသင့်ပါတယ်။

Bubble Witch 3 Saga

လူကြီးလူငယ်မရွေး Time Killer အနေနဲ့ နှစ်နှစ်သက်သက်ကစားကြတဲ့ အရောင်တူဘောလုံးလေးတွေကိုပစ်ပြီးကစားရတဲ့ Bubble Shooter ဂိမ်းလေးတွေကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပါ။ ဒီလိုဂိမ်းမျိုးအများကြီးရှိတဲ့အထဲမှာမှ Quality အပျံစားနဲ့ Bubble Witch 3 Saga ကတော့ Google Play ရဲ့ Game of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Magic Tiles 3

Piano သံစဉ်အတိုင်းကျလာတဲ့ အကွက်လေးတွေကိုလိုက်နှိပ်ပြီးကစားရတဲ့ ဒီဂိမ်းလေးကတော့ မနှစ်သက်သူမရှိသလောက်ပါပဲ။ စဆော့လိုက်တာနဲ့ လက်ကပြန်မချချင်ဖြစ်သွားစေမယ့်ဒီဂိမ်းလေးကတော့ သင့်ကိုနာရီပေါင်းများစွာ ဖမ်းစားထားမှာပဲဖြစ်ပါတယ်။

CATS: Crash Arena Turbo Stars

မိမိရဲ့ကားတွေကို စိတ်ကြိုက်လက်နက်တွေတပ်ဆင်ပြီး Arena ထဲမှာ ပြိုင်ဖက်တွေနဲ့အကြိတ်အနယ်ချရတဲ့ဒီဂိမ်းလေးကတော့ ဒီနှစ်ရဲ့ Popular အဖြစ်ဆုံးဂိမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ချစ်စဖွယ်ကြောင်လေးတွေနဲ့ ကာတွန်းဆန်ဆန် Graphic တွေကြောင့် မနှစ်သက်ချင်စရာကိုမရှိပါဘူး။

Ballz

စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့တင် အကဲမဖြတ်ပါနဲ့ဆိုသလိုပဲ Ballz ဆိုတဲ့ Tile Breaker ဂိမ်းလေးဟာ ဆော့ကြည့်မှ အနှစ်ကိုသိရမှာပါ။ သူ့ရဲ့လွယ်ကူပြီးစိတ်ဝင်စားဖွယ် Gameplay ကြောင့် Game of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာကြောင့် ဘယ်လိုကောင်းမှန်းသိချင်ရင် စမ်းသာဆော့ကြည့်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password