Google Cardboard နဲ့တွဲဆော့ရတာအဆင်ပြေတဲ့ VR ဂိမ်းများ

Google Cardboard ကိုတချို့တွေကသိနေမှာဖြစ်ပေမယ့် သေချာမသိသေးတဲ့လူတစ်ချို့လည်းရှိပါသေးတယ်။ Google Cardboard ဆိုတာကတော့ VR ဂိမ်းတွေနဲ့တွဲဆော့ရတာအဆင်ပြေတဲ့ Device တစ်မျိုးပဲဖြစ်ပါတယ်။ ဒီ article မှာတော့ Google Cardboard နဲ့တွဲဆော့ရတာ ဟန်ကျတဲ့ Mobile ဂိမ်း ၁၅ ခုကိုဖော်ပြသွားမှာဖြစ်ပါတယ်။ Google Cardboard အလုပ်လုပ်ပုံနဲ့ Google Cardboard နဲ့ဂိမ်းဆော့ရနည်း တွေကိုသိချင်ရင်တော့ အောက်မှာပေးထားတဲ့ Video ၂ ခုမှာကြည့်ရှု့နိုင်ပါတယ်။

 

BAMF VR

Price : Free

Platform : Android/IOS

ရိုးရှင်းတဲ့ Platformer-Puzzle ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ 360 ဒီဂရီလှည့်ပြီးသွားလာနိုင်မှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကအရောင်စုံစုံလင်လင်နဲ့တွေ့ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဓိကတာဝန်ကတော့ တစ်နေရာကနေ တစ်နေရာကို Teleport လုပ်ပြီး Crystal လေးတွေကိုလိုက်စုရမှာဖြစ်ပါတယ်။

 

 

Chair In A Room

Price : Free

Platform : Android

Hidden Item Puzzle ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့အိမ်ကြီးထဲမှာ ပစ္စည်းတွေကိုရှာဖွေရမှာဖြစ်ပါတယ်။ အိမ်ကြီးကကြောက်စရာကောင်းသလို ကြောက်စရာကောင်းတဲ့သရဲတွေနဲ့လည်းတွေ့ဆုံရမှာဖြစ်တာကြောင့် Google Cardboard နဲ့ဆော့ကြည့်သင့်တဲ့ဂိမ်းလေးဖြစ်ပါတယ်။

 

 

Flats

Price : Free

Platform : Android/IOS

FPS(First Person Shooter) ဂိမ်းလေးဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအရောင်အသွေးတွေက စုံလင်နေတာကိုတွေ့ရမှာပါ။ Single Player ကစားနိုင်သလို သူငယ်ချင်းတွေနဲ့လည်း Multiplayer ကစားနိုင်ပါတယ်။ ပတ်ဝန်းကျင်တင်မကပဲ Player တွေပစ်နေတဲ့ကျည်ဆံတွေကလည်း အရောင်အသွေးစုံလင်နေတာကိုတွေ့ရမှာပါ။ Controller နဲ့ချိတ်ပြီးဆော့ရင်တော့ Perfect ပါပဲ။

 

 

Minos Starfighter VR

Price : (Android=1,701/IOS=$0.99)

Platform : Android/IOS

Playstore မှာတော့ Minos Starfighter အမည်နဲ့ရှိနေမှာဖြစ်ပြီး App Store မှာတော့ End Space VR for Cardboard အမည်နဲ့ရှိနေတာဖြစ်ပါတယ်။ မိတ်ဆွေက Spaceship ကြီးနေရာကဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဓိက goal ကတော့ အာကာသမှာရှိနေတဲ့အခြားသော Spaceship ကြီးတွေကိုလိုက်လံပစ်ခတ်ရမှာဖြစ်ပါတယ်။

 

 

Galaxy VR

Price : Android=3,206

Platform : Android

FPS Shooter အတွေ့အကြုံကိုကောင်းကောင်းကြီးခံစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ မတူညီတဲ့ဂြိုလ်တွေကိုသွားရောက်၊ တွေ့တဲ့လူတွေကိုသတ်ဖြတ်၊ လမ်းတလျှောက်မှာရှိတဲ့ထောင်ချောက်တွေကိုရှောင်ရှား စသည်ဖြင့်ဆော့ကစားနေရမှာဖြစ်ပါတယ်။ ဒါ့အပြင် Spaceship ကြီးတွေကိုပါစီးနှင်းနိုင်မှာဖြစ်ပါတယ်။ Controller နဲ့ဆော့ကစားမှအဆင်ပြေမယ့်ဂိမ်းလေးဖြစ်ပါတယ်။

 

 

Hardcode VR

Price : Free

Platform : Android

Third Person Shooter ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Character ရဲ့လှုပ်ရှားမှုကိုမိတ်ဆွေရဲ့ခေါင်းနဲ့ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ Single Player သာမက Online Multiplayer ပါဆော့ကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Graphics Design ပိုင်းကတော်တော်လှတာကြောင့် ဆော့တဲ့လူတွေစိတ်ကျေနပ်မှုရရှိမှာလည်းဖြစ်ပါတယ်။

 

 

InMind VR

Price : Free

Platform : Android/IOS

လူတစ်ယောက်ရဲ့ ဉီးနှောက်ထဲဝင်ရောက်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ ဉီးနှောက်ထဲကလူတစ်ယောက်ကို မကျန်းမာအောင်လုပ်နေတဲ့ Virus (သို့) အရာဝတ္တုတစ်ခုခုကို ပစ်ခတ် ပယ်ဖျောက်ရမှာဖြစ်ပါတယ်။ Google Cardboard မပါပဲဆော့နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ Google Cardboard ပါရင်တော့ပိုပြီးဟန်ကျတာပေါ့ဗျာ။

 

 

Need for Jump VR

Price : Free

Platform : Android

ရိုးရိုးရှင်းရှင်း arcade ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ Mission ကတော့ ပတ်ဝန်းကျင်တွေတလျှောက်ကရှိနေတဲ့ Coin တွေကို လိုက်စားရမှာဖြစ်ပါတယ်။ ခေါင်းကို ဘယ်၊ညာ၊ အပေါ်၊ အောက် ရွေ့ပြီးဆော့ရမှာဖြစ်တာကြောင့် ခေါင်းတော့အနည်းအငယ်မူး လောက်မှာပါ။

 

 

Proton Pulse

Price : (Android=4,050/IOS=$2.99)

Platform : Android/IOS

ရောင်စုံ Graphics တွေကိုတွေ့မြင်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။  ဘောလုံးလေးကို ဘေးမှာရှိနေတဲ့အရာတွေနဲ့ ထိအောင်ပြုလုပ်ပြီးရွေးလျားနေအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဉီးခေါင်းကိုလှုပ်ခတ်ပြီးထိန်းချုပ်ရမှာဖြစ်ပါတယ်။

 

 

Trinus VR

Price : (Android=14,483/IOS=Free)

Platform : Android/IOS

ဒီဂိမ်းလေးက VR ဂိမ်းအဖြစ်အနေနဲ့တည်ရှိနေတာတော့မဟုတ်ဘူးဗျ။ ဒါပေမယ့် VR ပုံစံနဲ့ဆော့ကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Computer နဲ့ချိတ်ဆက်ပြီးမှ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်း App လေးကိုအသုံးပြုပြီး PC နဲ့ချိတ်ရမှာဖြစ်ပါတယ်။ PC နဲ့ချိတ်ပြီးပြီဆိုရင်တော့ PC ကို Controller အဖြစ်အသုံးချပြီး Google Cardboard ကြီးနဲ့ဂိမ်းကိုခံစားဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ Shooting ဂိမ်းလေးဖြစ်ပါတယ်။

 

 

Voxel Fly VR

Price : Free

Platform : Android/IOS

လေယာဉ်ကြီးတစ်ခုနေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ မြို့ကြီးတစ်ခုလုံးကို Endless ပျံသန်းနေရမှာဖြစ်ပါတယ်။ လမ်းတလျှောက်မှာ အတားအဆီးတွေ၊ ထောင်ချောက်တွေ ပြည့်နက်နေပါတယ်။ ခရီးဘယ်လောက်အထိရောက်အောင်လေယာဉ်ကြီးကိုမောင်းနှင်နိုင်မလဲဆိုတာကတော့ မိတ်ဆွေအပေါ်မှာပဲမှုတည်ပါတယ်။

 

 

VR Controller

Price : Android=4,950

Platform : Android

VR Controller ကဂိမ်းတော့မဟုတ်ဘူးဗျ။ မိတ်ဆွေ VR ဂိမ်းဆော့မယ့်အခါမှာ Controller ကိုအသုံးမပြုပဲ တခြား Device တစ်မျိုးကိုအသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ App ဖြစ်ပါတယ်။ VR Controller ကိုအသုံးပြုပြီးအခြား ဖုန်းတစ်လုံးကို controller ပုံစံပြောင်းပြီး VR ဂိမ်းတွေကိုကောင်းကောင်းကြီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 

 

VR Space : The Last Mission

Price : (Android=3,206/IOS=$1.99)

Platform : Android/IOS

Arcade Shooter ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေက အာကာသထဲမှာ Spaceship ကြီးကို Endless မောင်းနေရမှာဖြစ်ပါတယ်။ သွားရာလမ်းတလျှောက်မှာရှိနေတဲ့တခြား Spaceship ကြီးတွေကို ပစ်ခတ်သွားရမှာဖြစ်ပါတယ်။

 

 

VR X-Racer

Price : Free

Platform : Android

အဆုံးမရှိတဲ့ လမ်းကြီးမှာ လေယာဉ်တစ်စီးနဲ့ပျံသန်းနေရမှာဖြစ်ပါတယ်။ လမ်းတလျှောက်မှာအတားအဆီးတွေရှိနေမှာပါ။ အဲ့ဒါတွေနဲ့တိုက်မိရင်တော့ မိတ်ဆွေရဲ့ လေယာဉ်ကြီးက ပေါက်ကွဲသွားမှာဖြစ်ပြီး Game Over ဖြစ်မှာပါ။

 

 

Wrong Voyage VR

Price : Free

Platform : Android

FPS ဂိမ်းလေးဖြစ်ပြီးသေနတ်တစ်လက်နဲ့ Puzzle တွေကိုဖြေရှင်းရမှာဖြစ်ပါတယ်။ သွားရမယ့်နေရာတွေက ထူးခြားဆန်းကြယ်ပြီး ဝင်္ကပါပုံစံဖြစ်နေမှာပါ။ သွားနေရင်း ချောက်ကမ်းပါးထဲပြုတ်ကျရင် Game Over မှာဖြစ်ပါတယ်။

 

 

 

Source : AndroidAuthority

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password