Reviews

Racing ဂိမ်းကောင်းအဖြစ် သက်သေပြနိုင်မယ့် SkidStorm

ရုပ်ထွက် လန်းလန်းလေးနဲ့ ဂိမ်းကောင်းတစ်ခုလို့ ပြောနိုင်မယ့် SkidStorm အမည်ရတဲ့ ဂိမ်းကတော့ Offline သာမက Online multiplayer mode နဲ့အတူ အခြား players များနဲ့ အတူတကွ ယှဉ်ပြိုင်နိုင်တဲ့ racing ဂိမ်းအမျိုးအစားတစ်ခုဘဲ ဖြစ်ပါတယ်။

ဒီဂိမ်းကတော့ ရိုးရှင်းလွယ်ကူတဲ့ control စနစ်နဲ့ ဖန်တီးထားတဲ့အတွက်ကြောင့် စိတ်အနှောက်အယှက် ကင်းကင်းနဲ့ ဆော့ကစားနိုင်ပြီလည်းဖြစ်ပါတယ်။ ပါရှိတဲ့ control ဟာ ပြောင်မြောက်လွန်းလှတယ်လို့ ဆိုရမယ့် Left and Right စနစ် ဘယ်ညာ နှစ်ခုတည်းနဲ့ ပြိုင်ရမယ့် ကားပြိုင်ဂိမ်းလေးပေါ့ဗျာ။

 

In game အနေနဲ့ဆိုရင် မောင်းနှင်ရမယ့် ပြိုင်ပွဲ လမ်းကြောင်းအနေနဲ့ 24 tracks ပါဝင်မှာဖြစ်ပြီး မတူညီတဲ့ ကားအမျိုးအစားပေါင်း ၁၇ မျိုးလည်းဂိမ်းထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ ထို့အတူ သင့်ရဲ့ ပြိုင်ပွဲဝင် ကားကို အရှိန်မြင့်တင်ဖို့အတွက် Nitro ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ မော်တော်ကားနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ upgrade များကိုလည်း ပြုလုပ်နိုင်ပြီဆိုတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းကောင်းတစ်ခုလို့ ကျွန်တော်ကတော့ အသိအမှတ်ပြုပါတယ်။

Drift driving Skills များနဲ့သာမက အခြားသော Global users များနဲ့ပါ ယှဉ်ပြိုင်နိုင်တဲ့ Realtime Racing ဂိမ်းကိုတော့ အကြိုက်တွေ့နေမိပြီဗျာ။ အားလုံးရဲ့ ရှေ့က ရောက်ရှိဖို့ ပြိုင်ဆိုင်ရမယ့် ဂိမ်းကောင်းတစ်ခုကိုတော့ Playon မိတ်ဆွေများအတွက် ရယူနိုင်စေဖို့ ယူဆောင်လာခဲ့ရပါတယ်။

ဖော်ပြခဲ့တဲ့ ဂိမ်းလေးကိုတော့ မိုလ်ဘိုင်း platform ဖြစ်တဲ့ Google Play Store နဲ့အတူ App Store များမှာ Free to Play အနေနဲ့ ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း တစ်ပါးတည်း Playon မိတ်ဆွေများကို အသိပေးလိုက်ရပါတယ်ခင်ဗျာ. . . . . . . . . ။

Google Play Store

App Store

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password