Features

ပိတ်ရက် နားချိန်များအတွက် အဆင်ပြေစေမယ့် ဂိမ်းကောင်း (၃) ခု

သင့်ရဲ့ ပိတ်ရက်များမှာ မိုလ်ဘိုင်းဂိမ်းလေးတွေဆော့ပြီး အနားယူဖို့အတွက် စဉ်းစားမိတယ်ဆိုရင်တော့ Playon အနေနဲ့  နားနေချိန်များမှာ ဆော့ကစားဖို့ အတွက် ကောင်းမွန်အဆင်ပြေမယ့် ဂိမ်းကောင်းလေးများကို ယူဆောင်လာခဲ့ပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကစားနိုင်တာ ဖြစ်ပြီး MB အနေနဲ့လည်း အများကြီးမဟုတ်တာကြောင့် အဆင်ပြေစေမယ့် ဂိမ်းကောင်းများအဖြစ် သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။

(1) 50 Loops

Price : Free To Play

Platform : Android / IOS

လျှပ်စစ်စီးနေတဲ့ ကြိုးတန်းပေါ်မှာ ဖြတ်ကျော်ရမှာဖြစ်တဲ့ ဂိမ်းကတော့ အကောင်းဆုံးက ဘယ်သူလဲ ဆိုတာကို သက်သေပြရမှာ ဖြစ်ပါတယ်။ တစ်ချက်တစ်ချက် Tap နှိပ်ပြီး ခုန်ပျံ ကျော်လွှားရမှာ ဖြစ်တဲ့ အပြင် အစိုင်အတုံးများပေါ်မှာသာ ခြေထောက်ချလို့ ရပြီး အခြား လျှပ်စစ်စီးနေတဲ့ ကြိုးများမှာ ရပ်မိရင်ကတော့ လမ်းကြောင်း အစကနေပြန်လည် စတင်ရမှာ ဖြစ်ပါတယ်။ သင့်ကို စိန်ခေါ်မှုအနေနဲ့ကတော့ Loops 50 ကျော်လွန်ဖို့ အဆင်သင့် ဖြစ်နေပီလားလို့ မေးခွန်းတစ်ခုကိုတော့ သက်သေပြလိုက်ကြရအောင်ဗျာ. . . . .။

 

(2) Ninja Scroller : The Awakening

Price : Free to Play

Platform : Android/ IOS

2D game တစ်ခုလို့ဆိုနိုင်ပါတယ်။ မိတ်ဆွေအနေနဲ့ အစိုးရနဲ့ သဘာတူညီမှုတွေရယူပြီး နောက်ဆုံးအထိရန်သူများနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့် ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ Missions များလည်း ပါဝင်နေတာကြောင့် သင့်အနေနဲ့ တိုက်ခိုက်ရာမှာ အသုံးတည့်မယ့် လက်နက် ကိရိယာများကို လည်း Upgrade ပြုလုပ်ဖို့ကတော့ လိုအပ်မှာပါ။ သင့်ရဲ့ စွမ်းအား ပါဝါကြီးမားမှုကို သက်သေပြနိုင်မယ့် Ninja Scroller : The Awakening ကိုတော့ ရယူနိုင်ပြီ ဖြစ်ပါတယ်။

 

(3) Slope Down: First Trip

Price : Free To Play

Platform : Android/IOS

အစိမ်းရောင် မြေပြင်များနဲ့ အတူ လှပတဲ့ ရှုခင်းများမှာ အရှိန်ပြင်းပြင်းနဲ့ သွားလာ ဖြတ်သန်းရမယ့် ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ သဲကန္တာရများကို ဖြတ်သန်းပြီး Crystals များကို လိုက်လံရှာဖွေရင်း ကမ္ဘာပေါ် ကျရောက်လာမယ့် ဘေးအန္တရာယ်များ ရန်မှ ကာကွယ်ရမယ့် ဂိမ်းကတော့ သင့်ကို ပျော်ရွင်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်စေမှာပါ။

အခုဖော်ပြခဲ့တဲ့ ဂိမ်းများကိုတော့ mobile platform များဖြစ်ကြတဲ့ Google Play Store နဲ့ App Store များမှာ Free to Play အနေနဲ့ ရယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း သတင်းကောင်းပါးရင်း ပိတ်ရက် အားလပ်ချိန်များမှာ ပျော်ရွင် ကြည်နူးစရာ ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ. . . . . . . . . . . . . ။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: