နတ်ပြည်နဲ့ ငရဲပြည်တို့ရဲ့တိုက်ပွဲမြင်ကွင်းကိုကောင်းကောင်းကြီးတွေ့မြင်ရမယ့် Gods Of Rome!

Greek နဲ့ Roman ခေတ်ကာလမှာရှိခဲ့တဲ့ နတ်ဘုရားတွေနဲ့ ငရဲပြည်က နတ်တွေရဲ့တိုက်ပွဲကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ နတ်တွေရဲ့တိုက်ပွဲဖြစ်တာကြောင့် ပြင်းထန်နေမှာတော့ အမှန်ပဲဖြစ်ပါတယ်။

Tenebrous ဆိုတဲ့ ငရဲပြည်က နတ်တစ်ပါးက နတ်ပြည်ကြီးတစ်ခုလုံးကို အပိုင်စီးချင်ရာကစတင်တာဖြစ်ပါတယ်။ သူ့ရဲ့ လောဘအတိုင်းတကယ်လည်း နတ်ပြည်ကြီးတစ်ခုလုံးကို အပိုင်စီးခဲ့ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေက နတ်ဘုရားတွေဘက်ကဆော့ကစားရမှာဖြစ်ပါတယ်။ နတ်ဘုရားတွေဘက်ကဆော့ကစားရမှာဖြစ်တာကြောင့် မိတ်ဆွေရဲ့တာဝန်က သိမ်းပိုက်ခံထားရတဲ့နတ်ပြည်ကြီး ပြန်လည်ကယ်တင်ရမှာဖြစ်ပါတယ်။

နတ်ဘုရားအများအပြားပါဝင်ပြီး မိတ်ဆွေဆော့ကစားရမယ့် role ကတော့ Ascender နေရာကဖြစ်ပါတယ်။ Ascender ဆိုတာကတော့ God တွေကို Damage ပိုကြမ်းလာအောင် upgrade လုပ်ပေး၊ Special Abilty တွေကိုပိုကြမ်းအောင်လုပ်၊ Lock ဖြစ်နေတဲ့ God တွေကို Unlock ဖြစ်အောင်လုပ် စတာတွေကို Manage လုပ်ပေးရမယ့် အပိုင်းကိုဆိုလိုတာပါ။

Zeus, Tenebrous, Hades, Vulcan, Atlas, Medusa, Spartarcus the gladiator အစရှိတဲ့နတ်ဘုရားတွေအပြင် အခြားသောနတ်ဘုရားများစွာကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ ဖိုက်ရမှာကတော့ 1 Vs 1 ဖိုက်ရမှာဖြစ်ပါတယ်။ Story Mode နဲ့ Solo ဆော့ကစားနိုင်သလို PvP mode နဲ့ တခြား Player တွေနဲ့ကစားနိုင်မှာဖြစ်ပါတယ်။

Story Mode ကတော့ စစချင်းထဲက Unlock ဖြစ်နေမှာဖြစ်ပြီး PvP mode ကတော့ player level 6 ရောက်မှ unlock ဖြစ်မှာပါ။ Story Mode မှာတော့ Act 1, Act 2, Act 3, Act 4 ဆိုပြီးအပိုင်း ၄ ပိုင်းရှိနေပါတယ်။ Act 1 က unlock ဖြစ်နေပြီးကျန်တဲ့ Act တွေကတော့ Lock ဖြစ်နေမှာပါ။

Act တစ်ခုချင်းစီမှာ Chapter တွေပါဝင်ပါတယ်။ Chapter တစ်ခုချင်းစီမှာလည်း အပိုင်းငယ်လေးတွေပါဝင်မှာဖြစ်ပါတယ်။ Chapter တွေဆော့ကစားရင်းနဲ့ တခြားသောနတ်ဘုရားတွေ unlock ဖြစ်လာမှာပါ။ ဇာတ်လမ်းကချိတ်ဆက်နေပြီး Story Mode ပုံစံကစားရမှာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်မှာပါ။ ရုပ်ထွက်လည်းတော်တော်ကောင်း နေတာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Story ပုံစံနဲ့ဆော့ကစားရမယ့်အပြင် နတ်ပြည်နဲ့ ငရဲပြည်တို့ရဲ့ ကြမ်းတမ်းလှတဲ့ တိုက်ပွဲကို တွေ့မြင်ရမှာဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Gods of Rome 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password