Reviews

God တွေအတူ ကိုယ်ပိုင်နယ်မြေတည်ဆောက်ပြီးဆော့ကစားရမယ့် Gods of Olympus!

ကိုယ်ပိုင်နယ်မြေတည်ထောင်၊ ရန်သူနယ်မြေကိုသွားတိုက်၊ ရန်သူလာတိုက်ရင်ပြန်ကာကွယ် အစရှိတာတွေပြုလုပ်ပြီးဆော့ကစားနေရမှာဖြစ်ပါတယ်။ ခြုံကြည့်ရင် COC (Clash of Clan) ဂိမ်းပုံစံမျိုးထင်ရပေမယ့်တကယ့်ဆော့ကြည့်တဲ့အခါမှာတော့ တော်များများကွဲပြားနေတာကိုတွေ့ရမှာပါ။

စစ်တိုက်ရမဲ့ဂိမ်းဖြစ်နေပေမယ့် မိတ်ဆွေရဲ့ စစ်သည်တော်ကြီးတွေက နတ်ဘုရားတွေဖြစ်နေမှာပါ။ နတ်ဘုရားတွေရဲ့ အကူအညီနဲ့ မိတ်ဆွေကရန်သူတွေရဲ့ နယ်မြေကိုသွားရောက်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ထိုနည်းတူပဲ ရန်သူတွေ မိတ်ဆွေရဲ့ နယ်မြေကိုလာရောက်တိုက်ခိုက်တဲ့အခါမှာလည်း နတ်ဘုရားတွေရဲ့ အကူအညီနဲ့လာရောက်တိုက်ခိုက်မှာဖြစ်ပါတယ်။

တိုက်ခိုက်တာကိုထိုင်ကြည့်နေရမှာမဟုတ်ပဲ မိတ်ဆွေဘက်ကလည်း နတ်ဘုရားတွေကိုပြန်လည်ခုခံမယ့် ခံတပ်တွေကို ဆောက်ရမှာဖြစ်ပါတယ်။ ပြီးတော့ နယ်မြေမှာရှိတဲ့ လူသားစစ်သည်တော်တွေနဲ့လည်း ခုခံရဉီးမှာဖြစ်ပါတယ်။ လူနဲ့ နတ်ဘုရားတို့ရဲ့တိုက်ပွဲက မျှတမှာမဟုတ်ဘူးဆိုတာ ကျွန်တော်မပြောရင်တောင် မိတ်ဆွေသိနေမှာပါ။ ဒါပေမယ့်လည်းကိုယ့်ရဲ့ နယ်မြေကိုကာကွယ်ဖို့တော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နယ်မြေတိုင်းမှာ အဓိကအဆောက်အဉီးဖြစ်တဲ့ Temple ကြီးရှိနေမှာပါ။ အဲ့ဒီ Temple ပြိုသွားတာနဲ့ကျန်တဲ့ အဆောက်အဉီးအကုန်ပြိုကျသွားမှာဖြစ် Game Over သွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Battle Field ထဲရောက်နေတဲ့ God တွေကိုမိတ်ဆွေထိန်းချုပ်လို့ရတယ်ဗျ။ မိတ်ဆွေ Point လုပ်လိုက်တဲ့အဆောက်အဉီးတွေကို သွားချမှာဖြစ်ပါတယ်။ ရန်သူဘက်ကလည်း မိတ်ဆွေလိုမျိုးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲ့တော့ မိတ်ဆွေကရန်သူရဲ့ ထိုးစစ်ကိုအကောင်းဆုံးခုခံချင်တယ်ဆိုရင်တော့ မိမိရဲ့ Temple တွေကို မဖြိုလဲနိုင်အောင် ခံစစ်ကိုအကောင်းဆုံးပြင်ဆင်ရမှာဖြစ်ပါတယ်။

Zeus, Hera, Apollo, Artemis, Hades, Athena, Aphrodite, Ares, Poseidon အစရှိတဲ့နတ်ဘုရားတွေပါဝင်မှာဖြစ်ပါတယ်။ နတ်ဘုရားတစ်ယောက်ချင်းစီရဲ့အကြောင်းကိုတော့ In-game Biography ထဲမှာမိတ်ဆက်ပေးထားမှာဖြစ်ပါတယ်။  စစချင်းမှာ မိတ်ဆွေကိုပေးထားမှာကတော့ Zeus နတ်ဘုရားဖြစ်ပါတယ်။ ကျန်တာတွေကတော့ Lock ဖြစ်နေမှာပါ။

God တစ်ယောက်ချင်းစီမှာ Level တွေရှိပါတယ်။ ဒါ့အပြင် Special Ability တွေလည်းရှိသေးတယ်ဗျ။ Level တွေရော Special Abiity တွေရောကို မိတ်ဆွေက Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်နယ်မြေမှာရှိတဲ့ အဆောက်အဉီး၊ Temple၊ ခံတပ် အစရှိတာတွေကိုလည်း Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ နယ်မြေတွေတည်ထောင်ပြီး  God တွေရဲ့တိုက်ပွဲကိုတွေ့မြင်ရမယ့် ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Gods of Olympus 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password