ActionAdventure

နင်ဂျာ ပရိသတ်တွေအတွက် Glory Ages _ Samurais

ဒီတစ်ခေါက်မှာတော့ နင်ဂျာ ပရိသတ်တွေအတွက် ကစားလို့ အရမ်းကို မိုက်တဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းလေးရဲ့ နာမည်ကတော့ Glory Ages _ Samurais ဖြစ်ပါတယ်။ ဂိမ်းထဲမှာ player ကို ဆာမူရိုင်း တစ်ယောက်ရဲ့ ဘဝ ထဲမှာ နေခိုင်းမှာပါ။
ဂိမ်းထဲမှာ နင်ဂျာတစ်ယောက်လိုမျိုး နေထိုင်ဖို့ ခွင့်ပြုပေးမှာဖြစ်တာကြောင့် သင်က နင်ဂျာပဲနော်…. ပတ်ဝန်းကျင်အနေအထားကလည်း လုံးဝကို မိုက်ပါတယ်။ ကဲ… ကဲ.. ဘာစောင့်နေတာလဲ??? နင်ဂျာ boy လေးတွေ girl လေးတွေ ပြေးဝုန်းလိုက်ကြတော့လေ.. XD

Artificial intelligence နည်းပညာကို ဒီဂိမ်းထဲမှာ အထင်ရှားဆုံးတွေ့ရမှာ ဖြစ်ပါတယ်။ ရန်သူတစ်ယောက်ချင်းဆီကသူတို့ရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ သင့်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံချေမှုန်းကြမှာပါပဲ။ ထိတ်လန့်ဖွယ်ရာတိုက်ပွဲတွေနဲ့ သင့်ကို စောင့်မျှော်နေမယ့် ဂိမ်းဖြစ်တာကြောင့် နင်ဂျာ ပရိသတ်တွေအတွက်တော့လုံးဝကို လက်မလွှတ်သင့်တဲ့ ဂိမ်းပါ။

အကယ်၍သင်က ဆာမူရိုင်း ဂိမ်းကောင်းကောင်းကို ရှာနေတဲ့သူဆိုရင်တော့ ခုပဲ Glory Ages Samurais ကို သွားပြီး download လုပ်လိုက်ပါနော်။ မကစားခင် နမူနာ ဗီဒီယိုလေးကိုတော့ အောက်မှာ ကြည့်သွားလိုက်ပါနော်…

Gameplay ပုံစံလေးက ဘယ်လိုလဲ??? မိုက်တယ်မဟုတ်လား ဘော်ဒါတို့ရေ… ကိုယ့်အကြိုက်နဲ့ ကိုက်တယ်ဆိုရင်တော့ ခုပဲ Google Play –
ထဲကို ဝင်ပြီး download လုပ်လိုက်တော့နော်… device တိုင်းနဲ့တော့ ကိုက်ညီမှု မရှိပါဘူး။ App Store မှာလည်း ရှာလို့ မတွေ့တဲ့အတွက် iOS မှာ လည်း မရလောက်ဘူးထင်ပါတယ်။ သေချာသွားအောင် တစ်ချက်လောက်ဝင်ရှာကြည့်ကြပါဦးနော်…။ XD

Download Link – Android

Source – https://www.droidgamers.com/2018/10/09/glory-ages-samurais-android/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: