NewsReviews

Global Version အတွက်ထွက်ရှိလာပြီဖြစ်တဲ့ Tokyo Ghoul [: re birth]

ကျွန်တော်တို့ ဒီလအစပိုင်းလောက်က Pre-register လုပ်နိုင်ပြီလို့ ဖော်ပြခဲ့တဲ့ Tokyo Ghoul [: re birth] ကတော့ ပြီးခဲ့တဲ့ရက်ကပဲ Global version အနေနဲ့ Android မှာထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Tokyo Ghoul ကတော့ မတူညီတဲ့ Kugune တွေပိုင်ဆိုင်ထားတဲ့ လူသားစား Ghoul တွေနဲ့ Ghoul တွေဆီကသိမ်းထားတဲ့ Kugune တွေနဲ့ 😆) Ghoul တွေကိုလိုက်လံဖမ်းဆီးနေတဲ့ လူသားတွေရဲ့ တိုက်ပွဲကို ပုံဖော်ထားတဲ့ နာမည်ကြီး Anime series တစ်ခုပါ။

အခုထွက်ရှိလာတဲ့ Tokyo Ghoul [: re birth] ဟာလည်း anime series ထဲကလိုပဲလူသားနဲ့ Ghoul တို့ရဲ့တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Ken Kaneki, Season 3 က Character တွေဖြစ်တဲ့ Haise Sasaki နဲ့ Quinx, Human ဘက် OP (Over Power) ဖြစ်တဲ့ Character နဲ့ Kisho Arima, Ghoul ဘက်က SSS-rank အထိရှိတဲ့ Character Yoshimura အစရှိတဲ့ Character တွေအပါအဝင် Character ပေါင်း ၁၀၀ ကျော်ကိုတွေ့မြင်ရမှာပါ။ JRPG ဂိမ်းအမျိုးအစားဖြစ်ပြီး ရန်သူတစ်လှည့်ကိုယ်တစ်လှည့်ဝိုက်ရတဲ့ Turn based ပုံစံမျိုးနဲ့ကစားသွားရမှာဖြစ်ပါတယ်။ Character ၆ ယောက်အထိ Battle field မှာအသုံးချပြီးတိုက်ခိုက်နိုင်မှာပါ၊ ၆ ယောက်ဆိုပေမယ့် ၃ ယောက်ထုတ်ပြီး ကျန်တဲ့ ၃ ယောက်ကို Back-up အနေနဲ့ထားပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Roster ပိုပြီးကြမ်းလာအောင် Character တွေရဲ့ Level, Ultimate Skill တွေနဲ့ Combat တွေကို gear တွေနဲ့ပေါင်းစပ်ပြီး upgrade လုပ်ပေးရမှာကတော့ မိတ်ဆွေတာဝန်ပါပဲ။ ဂိမ်းကို 2D illustration ပုံစံမျိုးဖန်တီးထားပေမယ့် 3D model မျိုးဖြစ်နေတာကြောင့် ရုပ်ထွက်ပိုင်းကလည်း အဆင်ပြေလှတဲ့အနေအထားတစ်ခုပါ။ ပြီးတော့ In-game မှာဆိုရင် Single player အတွက် Story mode ပါဝင်သလို PvP mode အတွက် Strikes, Raids နဲ့ Territory Battle ဆိုပြီးတော့ in game မှာထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်။ JRPG ပုံစံမျိုးကို သိပ်သဘောမတွေ့တဲ့ ကျွန်တော်တောင် ဒီဂိမ်းကို စိတ်ဝင်စားမိတယ်ဆိုတော့ JRPG ကြိုက်နှစ်သက်ပြီး Anime series ကိုပါကြည့်ထားတဲ့ မိတ်ဆွေဆိုရင်တော့ ဒီဂိမ်းကိုအကြိုက်တွေ့မှာအသေအချာပါပဲ။

ဒီဂိမ်းဟာ ဂျပန်ဗားရှင်းနဲ့ ထွက်ရှိနေတာကြာနေပြီဆိုပေမယ့် Global version ကတော့ ပြီးခဲ့တဲ့ရက်ကမှထွက်ရှိလာတာဖြစ်ပါတယ်။ Global version တောင်မှလက်ရှိမှာ Android တစ်မျိုးတည်းအတွက်ပဲထွက်ရှိသေးတာပါ။ iOS အတွက်ကတော့ Coming soon ပါနော်။

Download link – Android

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: