Global Version ထွက်ရှိတော့မယ့် JRPG – The Alchemist Code

Brave Frontier နဲ့ Final Fantasy Brave Exvius တို့ကို ရေးဆွဲခဲ့တဲ့ Gumi Inc. ဟာ The Alchemist Code လို့အမည်ရတဲ့ဂိမ်းကို Global Release ထုတ်ဝေတော့မှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ The Alchemist Code ဟာ ဂျပန်နိုင်ငံက နာမည်ကြီး Turn-Based RPG တစ်ခုဖြစ်တဲ့ For Whom The Alchemist Exists (誰ガ為のアルケミスト) ရဲ့ English Version ဖြစ်ပြီးတော့ Android ရော iOS Platform တွေပေါ်မှာပါ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။

The Alchemist Code ကို အနီးစပ်ဆုံး နှိုင်းယှဉ်ဖော်ပြရမယ်ဆိုရင် Final Fantasy Tactics နဲ့ Fire Emblem တို့ကို ညွှန်ပြရမှာပါ။ ဒီဂိမ်းမှာ ပုံမှန် RPG မှာ ပါဝင်နေကျဖြစ်တဲ့ Element အမျိုးအစား၊ Job အမျိုးအစား၊ Ability အမျိုးအစားတွေအပြင် မြေပြင်အနိမ်အမြင့်နဲ့ မျက်နှာမူရာဖက်တွေကလည်း Gameplay အပေါ်သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ အဲဒီ Variable တွေအားလုံးကို ထည့်သွင်းစဉ်းစားပြီး ဆော့ကစားရမှာဖြစ်လို့ ပုံမှန် RPG တွေထက်တော့ ပိုပြီးခေါင်းသုံးရမယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့ Trailer အရဆိုရင်တော့ The Alchemist Code ရဲ့ Production Value က တော်တော်မြင့်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Entertainment လောကထဲက နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ လက်တွဲဖန်တီးထားတာဖြစ်တဲ့အတွက် Music အပိုင်းရော Graphic ပိုင်းကပါ အရည်အသွေးတော်တော်မြင့်တာကို တွေ့ရပါတယ်။ Free-to-Play အဖြစ်နဲ့ထုတ်ဝေမှာဖြစ်ပြီး ထုံးစံအတိုင်း Gacha စနစ်နဲ့ IAP တွေပါဝင်မှာပါ။ လောလောဆယ်တော့ Soft Launch အနေနဲ့ နိုင်ငံအချို့မှာ ဆော့ကစားလို့ရနေပြီဖြစ်ပြီး ထွက်ရှိမယ့်နေ့ရက် အတိအကျသိရှိရရင် ဒီကနေ ထပ်မံတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password