News

Top Laner role အတွက် Roach နဲ့ သဘောတူစာချုပ် ရေးထိုးခဲ့တဲ့ Gen.G Esports

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်နေ့တုန်းက Gen.G Esports မှ သူတို့ဟာ Kong Doo Monster (KDM) ရဲ့ အဖွဲ့ဝင်ဟောင်း ဖြစ်သူ Roach ကို Top laner role မှာထည့်သွင်းဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ဒီအကြောင်းကို မပြောခင် Gen.G Esports နဲ့ သူ့ရဲ့ အဖွဲ့ဝင်အသစ် Kang-Hee “Roach” Kim အကြောင်းကို အရင်ပြောပြပေးပါမယ်နော်။

Gen.G Esports

Gen.G Esports ဟာဆိုရင် အရင်တုန်းက KSV Esports လို့ခေါ်တဲ့ တောင်ကိုရီးယား ဂိမ်းအဖွဲ့ တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Gen.G ဆိုတဲ့ နာမည်က ၂၀၁၈ ခုနှစ် မေလမှာ KSV esports က rebranded လုပ်ထားတဲ့ နာမည်ဖြစ်ပါတယ်။ LCK Summer Season မှာ 4th place နဲ့ ကျေနပ်ခဲ့ရပြီး 1st place နဲ့ လွဲချော်ခဲ့ပါတယ်။ Gen.G အသင်းဟာ အောင်မြင်မှုရရှိဖို့အတွ က်အရမ်းကို စိတ်အားထက်သန်တဲ့ အသင်းတစ်သင်းဖြစ်ပြီး အကောင်းဆုံးဖြစ်အောင်လည်း အမြဲတမ်းကြိုးစားနေတဲ့ အသင်းဖြစ်ပါတယ်။ Gen.G ရဲ့ အရှည်ကောက် နာမည်က တော့ “Generation Gaming” ဖြစ်ပါတယ်။

Roach

Roach က အသက် ၁၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယားလူမျိုး eSports ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ နာမည် အရင်းက Kim Kang-hui ဖြစ်ပြီး Gen.G အသင်းရဲ့ Top Laner နေရာကို အသစ်ဝင်လာတဲ့သူဖြစ်ပါတယ်။ အရင်တုန်းက သူ့ရဲ့ နေရာကတော့ Mid Laner ဖြစ်ပါတယ်။ Kim “Roach” Kang-hul က၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ မှာ NaJin e-mFire ကို ဝင်ရောက်ခဲ့ပါတယ် ။ NaJin e-mFire က အဖွဲ့ အစည်းတစ်ခုကို လိုက်ရှာနေရင်း NaJin e-mFire ကနေ e-mFire လို့ နာမည်ပြောင်းခဲ့ပါတယ်။ ရှာနေတဲ့ အဖွဲ့ အစည်းကိုတွေ့တဲ့အချိန်မှာတော့ Kongdoo Monster လို့ နာမည် ထပ် ပြောင်းခဲ့ပါတယ်။ အဲ့တာကြောင့် Kim “Roach” Kang-hul နောက်ဆုံး ကစားခဲ့တဲ့အသင်းက Kongdoo Monster ဖြစ်နေတာပါ။

အဖွဲ့ဝင်အသစ် ကိစ္စနဲ့ ပတ်သတ်ပြီး Gen.G က

“ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်အသစ်ကို မိတ်ဆက်ရတာ ကျေနပ်ဝမ်းသာမိပါတယ်။”

လို့ post တစ်ခုတင်ခဲ့ပါသေးတယ်။ Kang-Hee “Roach” Kim ဟာဆိုရင် ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံးပွဲဦးထွက်ကို NaJin e-mFire နဲ့ပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂နှစ်တုန်းကတော့ KMD အတွက် ကစားခဲ့ပါတယ်။ သူဟာဆိုရင် lane prowess အဖွဲ့မှာ အားပျော့တဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် သူ့ရဲ့အားနည်းချက်က အားသာချက်နဲ့ balance ညီနေပါတယ်။ Gen.G Esports ဟာ Peanut ကို ရရှိပြီး အောင်မြင်မှုရခဲ့တဲ့ အသင်း တစ်ခုဖြစ်ပါတယ်။ အခုဆိုရင်လည်း CuVee, Fly, Ruler နဲ့ Life တို့ကို စျေးအမြင့်ဆုံးတွေပေးပြီး စာချုပ် ချုပ်ဆိုခဲ့ပြီးပါပြီ။ Gen.G အသင်းမှာ ထင်ရှားတဲ့ ကစားသမားတွေ ရှိပေမယ့် အချို့ ပရိသတ်တွေကတော့ Gen.G ရဲ့ အဖွဲ့ဝင် အသစ် Roach နဲ့ ပတ်သတ်ပြီး စိတ်မကျေမနပ် ဖြစ်နေကြတုန်းပါပဲ။

Ref: Invenglobal

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password