Gen 3 Pokemon? Halloween Event? စိတ်လှုပ်ရှားဖွယ်သတင်းတွေနဲ့ Pokemon GO

Pokemon GO မှာ Halloween Event လာမယ်လို့ ကြေညာထားတာ ရက်အနည်းငယ်ကြာသွားပါပြီ။ အဲဒီကြေညာချက်ထဲမှာ Halloween Event နဲ့အတူ Content အသစ်တွေပါဝင်လာမယ်လို့ ဖော်ပြခဲ့ပေမယ့် ဘယ်လို Content တွေလည်းဆိုတာ မသိရခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အဲဒီ Content အသစ်တွေက ဘာတွေလည်းဆိုတာ အနည်းနဲ့အများ ခန့်မှန်းလို့ရသွားပြီဖြစ်ပါတယ်။

လက်ရှိ Pokemon GO ဆော့နေတဲ့သူတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပေးခဲ့တဲ့ Version Update ကိုသတိထားမိကြမှာပါ။ Changelog မှာ Bug Fix နဲ့ Performance Update လို့ပဲ ဖော်ပြခဲ့တဲ့ အဆိုပါ Update ဟာ နောက်ကွယ်ကနေ စိတ်ဝင်စားဖွယ်သတင်းတွေကို သယ်ဆောင်လာခဲ့ပါတယ်။ Gamer တွေရဲ့အချစ်တော် Datamine လုပ်တဲ့သူတွေက အဲဒီ Update မှာပါဝင်လာတဲ့ Content တွေကို စစ်ဆေးကြည့် ရာမှာ Halloween Event အတွက် Data တွေအပြင် Gen 3 Pokemon တွေနဲ့ပတ်သက်တဲ့ Data တွေကိုပါ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Datamine ထဲမှာ Pokemon နံပါတ် ၃၈၆ ဖြစ်တဲ့ Deoxys အထိ Gen 3 Pokemon အားလုံးရဲ့ အသံဖိုင်တွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် Gen 3 Badge နဲ့ပတ်သက်တဲ့ Data တွေကိုလည်း တွေ့ရှိခဲ့ကြပါသေးတယ်။ အဲဒီတော့ Gen 3 Pokemon တွေ ဂိမ်းထဲကိုရောက်လာတော့မယ်ဆိုတာက တော်တော်လေးကို သေချာနေပြီဖြစ်ပါတယ်။ တစ်ခုပဲရှိပါတယ်။ ဘယ်တော့လာမှာလဲ။

အဲဒါနဲ့ပတ်သက်ပြီးတော့ Datamine ကနေရရှိထားတဲ့ပုံတစ်ပုံက Gen 3 Pokemon တွေဘယ်အချိန်လာမှာလည်းဆိုတာ သဲလွန်စပေးနေပါတယ်။ ဒီပုံမှာပါဝင်တဲ့ Pokemon တွေအားလုံးဟာ Ghost-Type Gen 3 Pokemon တွေဖြစ်ကြတဲ့အတွက် အနည်းဆုံးတော့ သူတို့တွေ Halloween Event နဲ့အတူ ဂိမ်းထဲကိုရောက်လာနိုင်ဖို့များပါတယ်။

Gen 3 အားလုံးကို တစ်ပြိုင်တည်းဂိမ်းထဲကိုထည့်မလား၊ အသုတ်လိုက်ခွဲပြီးထည့်မလားဆိုတာကတော့ Niantic ပေါ်မှာပဲ မူတည်နေပါတယ်။ တကယ်လို့ တစ်ပြိုင်တည်းထည့်သွင်းပေးခဲ့မယ်ဆိုရင်တော့ လာမယ့် Halloween ညတွေမှာ Power Bank ကိုယ်စီနဲ့ Pokemon ဖမ်းထွက်ရတော့မှာ မြင်ယောင်နေမိပါတယ်။ လောလောဆယ်တော့ ဒီ Datamine ကလွဲပြီး ကိုးကားစရာမရှိတာမို့ Niantic ရဲ့ Halloween Event နဲ့ပတ်သက်တဲ့ Official Announcement ကိုသာ စောင့်မျှော်ကြဖို့ပဲ ရှိပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password