News

E3 မှာကြေညာလိုက်တဲ့ ‘Gears of War’ Mobile Spinoff: Gears POP!

Microsoft ကတော့ E3 2018 မှာ Gears 5, Gears Tactics နဲ့ Gears POP ဆိုပြီး Gears of War ဂိမ်းအသစ် ၃ ခုတိတိကြေညာသွားခဲ့ပါတယ်။ အဲဒီထဲမှာမှ Gears POP ကတော့ Android နဲ့ iOS Platform တွေအတွက် ရည်ရွယ်ပြီးထုတ်မယ့်ဂိမ်းဖြစ်ပါတယ်။

ဒီဂိမ်းဟာ ‘Gears of Wars’ ဇာတ်လမ်းရဲ့ spinoff ဖြစ်ပြီးတော့ Funko POP အမှတ်တံဆိပ် အရုပ်ထုတ်လုပ်သူနဲ့ Collaboration Project တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဂိမ်းထဲက ဇာတ်ကောင်တွေအားလုံးဟာ Funko POP အရုပ်တွေပုံစံအတိုင်း ဖြစ်မှာဖြစ်ပါတယ်။ သူ့ရဲ့ Reveal Trailer ကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

အခြားကြေညာသွားတဲ့ Title တွေထဲက ‘Gears 5’ ကတော့ Gears of War 4 ရဲ့ အဆက်ဖြစ်ပြီးတော့ Reyna Diaz ရဲ့သမီးဖြစ်သူ Kait Diaz နေရာကနေ ဆော့ကစားရမှာဖြစ်ပါတယ်။ Gears Tactics ကတော့ PC-Exclusive spinoff ဖြစ်ပြီးတော့ Turn-Based Strategy ဂိမ်းဖြစ်ပါတယ်။ Gears POP နဲ့ Gears 5 တို့က ၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိကြမှာဖြစ်ပြီး Gears Tactics ရဲ့ထွက်ရှိချိန်ကိုတော့ ကြေညာသွားခြင်း မရှိခဲ့ပါဘူး။

 

Ref: Gears of War

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: