သင့်ကို Gangster ကြီးလုံးလုံးဖြစ်အောင်ဖန်တီးပေးနိုင်တဲ့ Gangster New Orleans!

Gameloft ကထုတ်တဲ့ဂိမ်းတော်တော်များများက အလန်းစားဖြစ်နေတာကိုမိတ်ဆွေသတိထားမိမှာပါ။ IOS မှာနာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Iron Blade, War Planet, Nova Legacy စတာတွေက Gameloft Developer တွေရဲ့လက်ထွက်တွေပါ။ အခု Gangster New Orleans ဆိုတဲ့ဂိမ်းဟာလည်း Gameloft Developer တွေရဲ့လက်ကထွက်တဲ့ဂိမ်းတစ်ခုဖြစ်တာကြောင့် အလန်းစားဂိမ်းတစ်ခုဖြစ်မှာတော့အသေအချာပါပဲ။ Gameloft Developer တွေလက်ကထွက်လို့ အလန်းစားလေးလို့ဆိုလိုတာမဟုတ်ပါဘူး။ တကယ်လည်းလန်းနေတာကြောင့်ပါ။

 

ဒီဂိမ်းဟာ Grand Thief Auto : San Andreas(GTA) ကိုအမှတ်ရစေမဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ In-game System တော်တော်များများကဆင်နေတာကြောင့်ပါ။ ဆင်ရုံပဲဆင်တာပါ၊ မတူပါဘူး။ မိတ်ဆွေ က GTA ဂိမ်းရဲ့ Fan ဆိုရင်ကျွန်တော်နည်းနည်းပြောတာနဲ့ များများကိုမြင်နေမှာပါ။

ဂိမ်းနာမည်က Gangster New Orleans ဆိုတဲ့အတိုင်း ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character ကလည်း Gangster တစ်ယောက်ပဲဖြစ်ပါတယ်။ Gangster ဖြစ်တာကြောင့် လူတွေကယ်ပြီး Hero တွေလုပ်တဲ့အလုပ်ကိုတော့လုပ်ရမှာမဟုတ်ပါဘူး။ သောင်းကျန်း၊ သတ်ဖြတ် စတဲ့မကောင်းတဲ့အလုပ်တွေကိုလုပ်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Character Gangster လေးကတစ်ကောင်ကြွက်မဟုတ်ပါဘူး။ သူ့မှာ Gangster အဖွဲ့ရှိပါတယ်။ အဲ့ဒါကတော့ ဂိမ်းစစချင်းထဲကရှိနေမှာဖြစ်ပါတယ်။ Gangster ကအဖွဲ့နဲ့ရှိတာကြောင့် အထက်ကပေးတဲ့ Mission တွေရှိနေမှာပါ။

 

 

မိမိ Gangster အဖွဲ့တိုးတက်အောင် Mission တွေကိုလုပ်မလား? (သို့) မြို့မှာကားကိုလု၊လူတွေကိုဘလိုင်းကြီး လိုက်သတ်မလား?

အဲ့ဒါကတော့ ဒီဂိမ်းမှာမိတ်ဆွေလုပ်နိုင်မဲ့ Option တွေပါ။ အမှန်တော့အရမ်းကြီးမကွာပါဘူး၊ Mission တွေမှာလည်းလူသတ်ရမှာပါပဲ။ Gangster အဖွဲ့က မိတ်ဆွေတို့တစ်ဖွဲ့တည်းရှိနေမှာမဟုတ်ပါဘူး၊ အများကြီးကိုရှိနေတာပါ။ အဲ့တော့ Gangster အဖွဲ့အချင်းချင်း ချတာကိုတွေ့ရမှာပါ။ လူတွေသတ်ရမဲ့ဂိမ်းဖြစ်တာကြောင့်သေနတ်ကတော့မပါမဖြစ်ပါပဲ။ Pistol, Shot Gun, Machine Gun etc.. GTA ဂိမ်းထဲကလို Cheat Code ရှိမရှိတော့မသိပါဘူး။ Cheat Code အပိုင်းကိုတော့ ကျွန်တော်ထည့်မပြောတော့ပါဘူး။ IT ခေတ်ဖြစ်တဲ့အတွက် ကိုယ့်အားကိုကိုးပြီးရှာကြဖို့တိုက်တွန်းပါရစေ။ အမှန်တော့ကျွန်တော်လည်း မသိလို့ပါ။ Mission တွေက 350 အထက်မှာရှိတာကြောင့် မပျင်းရမှာတော့အမှန်ပဲဗျ။

 

You must be at least 17 years old to download this app.

Source: Gangstar New Orleans on the App Store

 

ဒီဂိမ်းကို အနည်းဆုံး အသက် 17 ပြည့်မှဆော့ကြဖို့ကိုလည်း Warning အနေနဲ့ဖော်ပြထားတာကိုတွေ့ရမှာပါ။

Graphic ပိုင်းက GTA 5နဲ့တောင်သိပ်တောင်မကွာပါဘူး။ Mobile Platform မှာ Graphic ကောင်းကောင်းနဲ့ဆော့နိုင်တဲ့ ဂိမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဂိမ်းကိုဆော့ဖို့မိတ်ဆွေရဲ့ Smart ဖုန်းမှာ Memory 1.12 GB လောက်လွတ်နေမှဆော့နိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Online ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source : https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftOLHM

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password