Gangstar တစ်ယောက်နေရာကနေ Las Vegas မြို့တော်ကြီးမှာကစားရမယ့် Gangstar Vegas – Mafia Game!

Gangstar ဆိုတဲ့အတိုင်းကောင်းတဲ့အလုပ်တော့မဟုတ်လောက်ပါဘူး။ ဒီဂိမ်းမှာ မိတ်ဆွေက Muscle အမည်ရှိတဲ့ လက်ဝှေ့ချန်ပီယံ တစ်ယောက်နေရာကနေဆော့ကစားရမှာပါ။ စစချင်းမှာတော့ လက်ဝှေ့ round အနည်းငယ်ထိုးရမှာဖြစ်ပါတယ်။ လက်ဝှေ့ထိုးပြီးတာ နဲ့ Vera ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ရှိရမှာပဲဖြစ်ပါတယ်။

Vera နဲ့စတင်တွေ့မိတဲ့ အချိန်ကမိတ်ဆွေ Character Muscle ကို Gangstar တစ်ယောက်ဖြစ်စေဖို့ခြေလှမ်းအစပါပဲ။ ဘာလို့လဲဆိုတော့ Vera နဲ့တွေ့ပြီးမှ Gangstar Mission တွေစတင်လုပ်ဆောင်ရတာကြောင့်ပါ။ အဲ့ဒီ Mission ကမဖြစ်မနေလုပ်ရမယ့် Mission ဖြစ်ပါတယ်။ Vera နဲ့ Mission နှစ်ခုလုပ်ဆောင်ပြီးရင်တော့ Vera က မိတ်ဆွေကို Mission တွေဆက်ပြီးချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဆက်ချိတ်ပေးတဲ့ Mission တွေကိုလုပ်တာ၊ မလုပ်တာကတော့ မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။ Vera နဲ့ Mission တွဲလုပ်ရသလို တော့ မဖြစ်မနေလုပ်ရမှာမဟုတ်ဘူးဗျ။ မိတ်ဆွေက Mission တွေကိုဆက်ပြီးလုပ်ဆောင်ချင်တယ်ဆိုရင် Map ထဲက Mission သင်္ကေတနေရာကိုသွားနိုင်မှာဖြစ်ပါတယ်။ Mission တွေမလုပ်ချင်ပဲ Las Vegas ကြီးကို လောင်ကျွမ်းအောင်လုပ်ချင်တယ်ဆိုလည်းရပါသေးတယ်။ အားလုံးကမိတ်ဆွေသဘောဖြစ်သွားပါပြီ။

In-game System လေးဖော်ပြပါရစေ။ စစချင်းမှာ New Game Option တစ်ခုသာဆော့နိုင်ဉီးမှာဖြစ်ပါတယ်။ New Game မှာ လက်ဝှေ့ Round အနည်းငယ်နဲ့ Vera နဲ့ Mission တွေလုပ်ဆောင်ပြီးသွားရင် Quick Play ဆိုတဲ့ Option တစ်ခုပါထပ်မံဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Quick Play ပါမိတ်ဆွေဆော့နိုင်တဲ့ Chapter 18 ခုရှိနေမှာပါ။

Chapter တစ်ခုချင်းစီမှာ မတူညီတဲ့ Mission အမျိုးကွဲများစွာရှိနေတာကိုတွေ့ရမှာပါ။ ကားပြိုင်တာတွေ၊ Casino ဂိမ်းတွေ၊ Gangstar အဖွဲ့အချင်းချင်း တိုက်ခိုက်မှာတွေ အပါအဝင်အခြားသော Mission ပုံစံတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ Muscle, Vera စတဲ့ Character တွေသာမကတခြား Character များစွာကိုတွေ့မြင်ရမယ့်အပြင်သူတို့နေရာကလည်းဆော့ကစားရမှာဖြစ်ပါတယ်။

Shop မှာတော့ Mission လုပ်ဆောင်တဲ့နေရာမှာအထောက်အကူဖြစ်စေမယ့်လက်နက်တွေ၊ သွေးအိတ်တွေရှိနေမှာပါ။ ကား၊ လေယာဉ်၊ ဆိုင်ကယ်၊ Tank ကားအစရှိတဲ့ Vehicle အမျိုးမျိုးကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ Character အတွက် အင်္ကျီ၊ ဘောင်းဘီ၊ ဉီးထုပ် အစရှိတာတွေလည်း Design အမျိုးမျိုးရှိနေတာကိုတွေ့ရမှာပါ။ အာကာသ ဝတ်စုံတွေလည်းရှိနေတာကြောင့် စိတ်ဝင်စားစရာပါပဲ။ အဲ့ဒါတွေအားလုံးကိုတော့ In-game Money နဲ့ unlock လုပ်ရမှာဖြစ်ပါတယ်။

In-game Money တွေကိုတော့ Mission တွေလုပ်ဆောင်ရာမှ ရရှိမှာဖြစ်ပါတယ်။ Graphics ပိုင်းကတော့ Mobile Platform မှာဆော့နေတယ်လို့ ကိုမထင်ရတာပါ။ Sound System ကလည်းအထာကျနေမှာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့ Mission ပေါင်း ၈၀ ကို Las Vegas မှာကစားနိုင်မဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Gangstar Vegas – Mafia Game

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password