News

Asphalt 9: Legends ကို တရားဝင်ကြေညာလိုက်တဲ့ Gameloft

အသစ်ထွက်ရှိလာမယ့် Asphalt 9: Legends. အကြောင်းကိုတော့ Gameloft က အတိအလင်းသတင်းထုတ်ပြန်လိုက်ပါပြီ။ Asphalt ကလည်း မိုလ်ဘိုင်း device တွေကြား ပေါ်ပျူလာဖြစ်တဲ့ ဂိမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ Gameloft က ထုတ်ထားတဲ့ဂိမ်းဖြစ်တာကြောင့် Graphic Design ကတော့ ပြောစရာမလိုအောင်ကို မိုက်ပါတယ်။ Google Play မှာတော့ Soft launch ထွက်နေပြီကြားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နေနေတဲ့သူဆိုရင်တော့ Google Play ကနေ soft launch ကို ပြီးခဲ့တဲ့ လတွေကတည်းက ကစားလို့ရနေပါပြီ။ သူ့ရဲ့ Global release က သိပ်မကြာခင် မှာ ထွက်ရှိလာတော့မယ်လို့ပြောထားတဲ့အတွက် လာမယ့်အပတ်လောက်မှာ ကစားလို့ရတော့မှာပါ။

Asphalt 9: Legends က အခု လက်တလောမှာ Gameloft ရဲ့ နောက်ဆုံးထွက် ရှိထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Visual တွေကို အရင်ကထက်ပိုပြီး မြှင့်တင်ထားပြီး control စနစ်ကိုလည်း ပြန်လည်စစ်ဆေးပြုပြင်ထားပါတယ်။ စုစုပေါင်း Vehicle အစီး ၅၀ ကိုလည်း ထပ်ပေါင်းထည့်ထားတယ်လို့ သိရပါတယ်။

Touch Drive လို့ခေါ်တဲ့ control စနစ်အသစ်က ခုမှစကစားတဲ့ racer တွေအတွက် နှစ်လိုဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုကစားရမလဲ မသိသေးတဲ့ player တွေအတွက်လည်း သူ့ရဲ့ ရိုးရှင်းလွယ်ကူတဲ့ စနစ်တွေက သင့်ကို မှန်ကန်တဲ့ လမ်းကြောင်းကို ပြသပေးနိုင်ပါတယ်။ Console နဲ့ mobile အရသာနှစ်ခုကိုပေါင်းစပ်ထားတဲ့အပြင် ရုပ်ထွက်တွေကလည်း အပြင်မှာ တကယ်ဖြစ်နေသလိုခံစားမိစေမှာကြောင့် ရွေးချယ်သင့်တဲ့ ဂိမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ RPG ဂိမ်းပုံစံတွေကို မကစားချင်တော့တဲ့သူတွေ ကစားကြည့်သင့်တယ်နော်။ အပြောင်းအလဲလေးဖြစ်သွားတာပေါ့။

တရားဝင်ထွက်ရှိလာမယ့် ရက်ကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် နောက်တစ်ပတ်လောက်မှာ ထွက်ရှိလာဖို့ မျှော်လင့်ထားတဲ့အတွက် အများကြီး သိပ်စောင့်ဖို့လည်း မလိုတော့ပါဘူး။ မထွက်ခင်မှာ ကြိုတင်ပြီး ကစားချင်တယ်ဆိုရင်တော့ Google Play မှာ soft launch ကစားလို့ရနေပါပြီနော်။ Free download လုပ်ယူနိုင်ပေမယ့် ထုံးစံအတိုင်း app purchase တွေကတော့ ပါဝင်နေဦးမှာပါ။ Soft launch ကိုမဟုတ်ဘဲ တကယ့် Hard launch ကို မှ ကစားချင်တယ်ဆိုရင်လည်း ပျော်လိုက်တော့နော်။ သိပ်မကြာခင်မှာ ကစားလို့ရတော့မှာပါ။ ရက်နည်းနည်းလောက်ပဲ ထပ်စောင့်ဖို့လိုပါတော့တယ်။

Asphalt 9: Legends (Google Play)

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: