ArticleNews

၂၀၁၉ မှာ ထွက်လာမယ့် မိုဘိုင်လ်းဂိမ်းအသစ် ကို ကြေညာလိုက်တဲ့ Gameloft နှင့် LEGO

မိုဘိုင်လ်း ဂိမ်းလောက က တကယ့်ကို ကြီးမားကျယ်ပြန့်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ industry တစ်ခု ဖြစ်ပါတယ်။ မိုဘိုင်လ်းဂိမ်း industry က စီးပွားရေးလောကမှာ အောင်မြင်ခဲ့တဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် စျေးကွက်အတွင်း အောင်မြင်မှုကို ရရှိဖို့အတွက်ကတော့ အပြည့်စုံကြီး မဟုတ်သေးပါဘူး။ စျေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် သူ့ထက်ငါ အပြိုင် ကြိုးစားနေကြရဆဲပါပဲ။ အဲ့ဒီလို ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ ကြိုးစားနေကြရတဲ့ gaming industry ထဲမှာ Gameloft လည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

Gameloft ဟာ မိုဘိုင်လ်းဂိမ်းလောကရဲ့ အကြီးမားဆုံး Developer နဲ့ Publisher တွေထဲက တစ်ခုဖြစ်ပြီး သေးငယ်တဲ့ မျက်နှာပြင်ရှိတဲ့ စမတ်ဖုန်းတွေဆီကို လူကြိုက်အများဆုံးဂိမ်းတွေကို သယ်ဆောင်လာနိုင်ဖို့အတွက် ကြိုးစားနေတဲ့ company တစ်ခုဖြစ်ပါတယ်။ သူက ပြင်သစ်အခြေစိုက် company တစ်ခုဖြစ်ပြီး လာမယ့် ၂၀၁၉ မှာ LEGO Group နဲ့ ပူပေါင်းပြီး ဂိမ်းအသစ်တစ်ခု ထွက်လာဖို့ ရှိတယ်လို့ ကြေညာထားပါတယ်။ အဆိုပါ LEGO ဂိမ်းက သက်တမ်း ၄၀ နှစ်ရှိပြီဖြစ်တဲ့ LEGO ရဲ့ history နဲ့ universe ကို မိုဘိုင်လ်း ဗားရှင်းအနေနဲ့ ဖန်တီးမှာ ဖြစ်တယ်လို့ သိရပါတယ်။

LEGO world မှာ ဖန်တီးမယ်ဆိုတာမှအပ ဂိမ်းအကြောင်း အပြည့်အစုံကို များများစားစား မသိရသေးပေမယ့် အဲ့ဒီဂိမ်းက iconic LEGO collections တွေနဲ့ ပရိသတ်တွေကို အရမ်းမိုက်တဲ့ epic adventure စစ်စစ်ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကြေညာချက်နှင့်အတူ Gameloft နဲ့ LEGO တို့က ဂိမ်းထဲမှာ ရွေးချယ်ကစားနိုင်မယ့် LEGO ရဲ့ minifigures တွေကို ချပြခဲ့ပါတယ်။
သူတို့တွေကတော့ –

• Red Classis Spaceman (1978)
• Captain Red Beard from Set 6270 (1989) နှင့်
• LEGO Minifigures Series 13 (2015) မှ Hot Dog Man တို့ ဖြစ်ပါတယ်။

ဂိမ်းဇာတ်ကောင်တွေက သူတို့တွေတင်မဟုတ်သေးပါဘူးနော်။ အခြား ဇာတ်ကောင်တွေလည်း အများကြီးရှိပါသေးတယ်။ သူတို့တွေကိုတော့ လာမယ့် လတွေမှာ ထပ်မံ ချပြပေးသွားပါမယ်လို့ Gameloft မှ ပြောထားပါတယ်။ ဒီလိုဆိုတော့ Playon က ဘော်ဘော်တို့တွေထဲမှာ လည်း LEGO ပရိသတ်တွေရှိ ကြမှာပါနော်။ ရှိတယ်ဆိုရင် ဒီ သတင်းကို ကြားပြီး တကယ့်ကို ပျော်သွားကြမယ်လို့ ထင်ပါတယ်။ ဂိမ်းလေးက ဘယ်လို မျိုးလေးများရောက်လာမလဲ မသိဘူးနော်။ Gameloft က ဖန်တီးမှာဆိုတော့ တကယ့်ကို စိတ်ဝင်စားစရာတောကောင်းနေမှာပါ။ 😃😃😃)

Ref: phonearena

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password