News

Tencent က Game of Thrones Mobile ကို ထုတ်တော့မယ်တဲ့နော်

Game of Thrones က တကယ့်ကို နာမည်ကြီးပြီး ထူးခြားတဲ့ ရုပ်ရှင် စီးရီးတစ်ခုပါ။ သူ့ကိုထုတ်မယ့် publisher ကုမ္ပဏီကလည်း Tencent ကဆိုတော့ တကယ့်ကို Wow 😎 ပေါ့နော်။ မိုလ်ဘိုင်းဂိမ်းနာမည်ကတော့ Game of Thrones: Winter ဖြစ်ပါတယ်။ သူ့ကို ဖန်တီးမယ့် developer က Yoozoo ဖြစ်ပြီး တရားဝင် စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကတော့ ပြီးခဲ့တဲ့နှစ်တုန်းကပါ။

သိရသလောက်တော့ Game of Thrones: Winter က စစ်ဗျူဟာဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ သူ့ကို ထုတ်လုပ်မယ့် developer “Yoozoo” က ဂိမ်းရဲ့ နာမည်ခေါင်းစဉ်ကြောင့် Plagiarism မဖြစ်စေဖို့အတွက် Warner Bros နဲ့ လက်တွဲပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ Game of Thrones TV series ကိုပြသခဲ့တဲ့ HBO က Warner Bros ရဲ့ မိခင် ကုမ္ပဏီ Warner Media ကိုပိုင်ဆိုင်ပါတယ်။ အဲ့တာကြောင် ခုလို Warner Bros နဲ့ လက်တွဲပူပေါင်းဆောင်ရွက်တာလို့ထင်မိပါတယ်။ အခုချိန်ထိတော့ ဂိမ်းနဲ့ ပတ်သက်တဲ့ screenshot တွေ၊ Trailer တွေဘာမှ မထွက်ရှိသေးပါဘူး၊ ဂိမ်းရဲ့ အခြေအနေကလည်း တည်ဆောက်နေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် တရားဝင်ထုတ်ပြန်ထားတဲ့ အချိန်က တစ်နှစ်တောင်ကြာနေပြီဆိုတော့ကာ သိပ်ပြီး စောင့်ဖို့တော့ မလိုလောက်တော့ပါဘူး။

Tencent ကတော့ မိုဘိုင်းလ်ဂိမ်းနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်တွေအားလုံးကိုရရှိထားပေမယ့် Game of Thrones က အချို့ ဇာတ်ဝင်ခန်းတွေမှာ တားမြစ်ထားတဲ့ အပိုင်းတွေ ထည့်သုံးထားတာကြောင့် တရုတ်ပြည်မှာ ဆင်ဆာ ထိန်းချုပ်မှု နဲ့ပတ်သက်ပြီး အရမ်းကို နာမည်ကြီးတဲ့ စီးရီးဖြစ်ပါတယ်။ TV စီးရီးလိုပဲ အခုဖန်တီးနေတဲ့ မိုလ်ဘိုင်း ဂိမ်းမှာလည်း ဆင်ဆာပိုင်းနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

Game of Thrones က တရုတ်ပြည်မှာ ဆင်ဆာ တားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး နာမည်ကြီးပေမယ့် ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ စီးရီးတစ်ခုပါ။ သူ့ရဲ့ အပိုင်းတစ်ပိုင်းစီတိုင်းက Followers သန်းပေါင်းမှားစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံး season က ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး နောက်ထပ် season အသစ်ကိုတော့ ၂၀၁၉ ခုနှစ်ရောက်မှ သတင်းကြားရမယ်လို့သိရပါတယ်။ နာမည်ကြီး ရုပ်ရှင်ကို ပြန်ထုတ်မယ့် ဂိမ်းဆိုတော့ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ သိချင်နေတာတော့ အမှန်ပါ။ Publisher က Tencent ဆိုတော့ ပိုပြီးတော့တောင် စိတ်ဝင်စားမိပါတယ်။

Game of Thrones: Winter က မိုဘိုင်းလ်မှာ ထွက်ရှိဖို့ အတွက် စီစဉ်ထားပေမယ့် သူတရားဝင်ထွက်ရှိမယ့်ရက်ကိုတော့ အခုချိန်ထိ မဖော်ပြထားသေးပါဘူး။ အဲ့တာကြောင့် Game of Thrones: Winter နဲ့ပတ်သက်ပြီး အခြား သတင်းအသစ်တွေ ထပ်ရှိလာရင်လည်း Playon ကနေထပ်မံဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်။

Warner Bros က ထုတ်လုပ်ထားတဲ့ Game of Thrones: Conquest ဆိုတဲ့ဂိမ်းလည်းရှိပါသေးတယ်နော်။ သူကတော့ ထွက်ရှိထားတာနည်းနည်းကြာနေပါပြီ။ အဲ့တော့ Game of Thrones: Winter ကို စောင့်ရင်း Game of Thrones နာမည်နဲ့ ဂိမ်းတစ်ခုခုကို ကစားချင်တယ်ဆို ရင်တော့ သူ့ကိုရွေးချယ်သင့်ပါတယ်။

Download link (Game of Throne: Conquest) – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password