အောက်တိုဘာ ၁၉ ရက်နေ့မှာလာတော့မယ့် Game of Thrones: Conquest

မကြာသေးခင်ကမှ Game of Thrones Season 7 က ပြီးထားတာဆိုတော့ နောက် Season အသစ်ထွက်ရှိဖို့က တော်တော်စောင့်ရဦးမှာပါ။ Season 8 မထွက်ရှိခင်ကြားမှာ Game of Thrones ကို တောင့်တနေသူတွေအတွက် Warner Bros က Game of Thrones: Conquest လို့အမည်ရတဲ့ Strategy Game ကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ဝေပေးတော့မှာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ ကစားသူတွေဟာ Westeros မှာရှိတဲ့ နိုင်ငံတွေကို ထိန်းချုပ်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။ ကစားနည်းကတော့ မြင်ဖူးနေကျ Base Building ဂိမ်းတွေအတိုင်းပဲ Resource တွေကို စုဆောင်း၊ မိမိရဲ့စခန်းကိုအဆင့်မြင့်တင်၊ စစ်သားတွေစုစည်း အစရှိတာတွေကို လုပ်ဆောင်ရမှာပါ။ Game of Thrones လို့ဆိုလိုက်ရင် မဟာမိတ်ဖွဲ့တာ၊ သစ္စာဖောက်တာ စတဲ့နိုင်ငံရေးလှည့်ကွက်တွေက မပါမဖြစ်ဆိုတော့ ဒီဂိမ်းမှာလဲ အဲဒါတွေကို လုပ်ဆောင်ပြီး မိမိအင်အားကြီးမားလာအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဂိမ်းမထွက်ရှိခင်မှာ Pre-Register ပြုလုပ်ထားမယ်ဆိုရင် $50 တန်ဖိုးရှိတဲ့ Prepare for War Bundle ကို လက်ဆောင်အနေနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ Game of Thrones ပရိသတ်တွေ လာမယ့်ဆောင်းတွင်းမှာ Chill ဖို့အတွက် ကွက်တိဖြစ်စေမယ့် ဂိမ်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

           .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password