ArticleNews

ဝင်ငွေအမေရိကန်ဒေါ်လာသန်း၂၀၀ကျော်သွားပြီဖြစ်တဲ့ Game of Thrones: Conquest Mobile

Game of Thrones က ရုပ်ရှင်မှာသာမက ဂိမ်းထဲမှာပါ တကယ့်ကို နာမည်ကြီးရေပန်းစားလျှက်ရှိပြီး လစဉ်ဝင်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ရရှိနေပါတယ်။ အဲဒါကိုမှ GoT နောက်ဆုံး season ထုတ်လွှင့်ပြသနေတဲ့ ယခုလအတွင်းမှာတော့ ယခင်လတွေထက်ပိုမိုတဲ့ စံချိန်တင်ဝင်ငွေတွေပါ ရရှိခဲ့တယ်လို့သိရှိရပါတယ်။

Sensor Tower ရဲ့အဆိုအရ Game of Thrones: Conquest ဟာ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်း အထိ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ မတ်လတုန်းကရရှိခဲ့တဲ့ ဒေါ်လာ ၁၇ သန်းစံချိန်ကို ရိုက်ချိုးသွားခဲ့တာပဲဖြစ်ပါတယ်။ GoT TV series ထုတ်လွှင့်နေချိန်နဲ့ အချိန်ကိုက် မားကတ်တင်းဆင်းနိုင်ခဲ့တဲ့ အကျိုးရလဒ်လို့လည်း ပြောလို့ရပါတယ်။ အခုဆိုရင် Game of Thrones: Conquest ဟာ ထွက်ရှိပြီး ၁ နှစ်ခွဲလောက်အတွင်းမှာပဲ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂၁၄ သန်း ရရှိထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်လာ သန်း၂၀၀ ကျော်က သေးငယ်တဲ့ပမာဏ မဟုတ်တာကြောင့် Game of Thrones: Conquest mobile က မိုဘိုင်းလ် ဂိမ်းတွေကြားမှာ တော်တော်လေး အောင်မြင်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် Billion Dollar Club လို့ပြောရမယ့် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁ ဘီလျံနဲ့အထက် ရရှိထားကြတဲ့ Pokemon Go, Clash of Clans, Monster Strike, Fate/Grand Order စတဲ့ ဂိမ်းတွေနဲ့တော့ သွားယှဉ်ဖို့ လိုပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Game of Thrones Season 8 ပြီးဖို့က နောက် ၂ပတ်လောက်လိုသေးတာမို့ ဒီအတောအတွင်းမှာ ကစားသူအရေအတွက် ဆက်ပြီးတိုးလာဖို့ အလားအလာကောင်းတွေ အများကြီး ရှိပါသေးတယ်။ ဘော်ဒါတို့ထဲမှာရော … Game of Thrones: Conquest mobile ကစားနေတဲ့သူတွေ ရှိနေကြပြီလား??? ကစားလို့ ကောင်းရဲ့လား ဝေဖန်ပေးသွားကြပါဦး။

Game of Thrones Conquest ဟာ မူရင်း Games of Thrones ကနေ တရားဝင်လိုင်စင်ယူထားတဲ့ဂိမ်း ဖြစ်တဲ့အပြင် gameplay ပုံစံကလည်း Clash of Clans နဲ့တူတာကြောင့် နားလည်ရလွယ်ပြီး ကစားလို့တော်တော်ကောင်းကြောင့်လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။ သူ့ကို Android ရော iOS မှာပါ ကစားလို့ရမှာဖြစ်ပါတယ်။

Source – cnet

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password