ArticleNews

Resident Evil 2 နဲ့ပူးပေါင်းပြီး Cross Over event တစ်ခုပြုလုပ်သွားဖို့ရှိတဲ့ PUBG mobile

Tecent Games ဟာတော့ Comcap ကထုတ်လုပ်မယ့် Resident Evil 2 ဂိမ်းအတွက် Cross Over event တစ်ခုကို PUBG mobile မှာထည့်သွင်းသွားဖို့ရှိတယ်လို့သိရပါတယ်။ Resident Evil 2 ကတော့ လာမယ့် ၂၀၁၉ ဇန်နဝါရီ ၂၅ ရက်နေ့ ကျရင် PS4, XBox, Steam တို့မှာထွက်ရှိလာမယ့် ဂိမ်းတစ်ခုပါ။ Event ဟာ Resident Evil ဂိမ်းအတွက် exclusive ပုံစံမျိုးထွက်ရှိလာမှာဖြစ်ပြီး Twitter မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အောက်ပါအတိုင်း ကြေညာခဲ့တာဖြစ်ပါတယ်။

PUBG mobile ဟာ Resident evil game နဲ့ပူးပေါင်းမှုပြုလုပ်သွားမယ်၊ စောင့်ကြည့်ကြပေးပါလို့ပြောရင်းနဲ့ Teaser video လေးတစ်ခုကို ချပြခဲ့တာဖြစ်ပါတယ်။ ဖော်ပြချက်မှာရော၊ Teaser မှာရော Event အတွက် အရိပ်အမြွတ်လေးတောင် မပေးထားပါဘူး 😅)… အရိပ်အမြွတ်မပြောထားတဲ့အတွက် ထုံးစံအတိုင်း သူတို့ဘက်က မီဒီယာတွေနဲ့ reviewer တွေက ဒီ event ဘယ်လိုဖြစ်လာနိုင်ခြေရှိလဲ ဆိုတာကို ရှယ်ခန့်မှန်းထားပြီးနေပါပြီ။ 🤣)

လာမယ့် Event ဟာ PUBG mobile ရဲ့ဂိမ်း Theme ပြောင်းသွားနိုင်ပြီး Resident Evil နဲ့သက်ဆိုင်တဲ့ Skin အသစ်တွေထွက်လာနိုင်ပါတယ်။ ဒါ့အပြင် Resident Evil ရဲ့ Raccon City Map တစ်ခုပါ ပါဝင်လာနိုင်ပါတယ်။ ပြီးတော့ ရှင်သန်သူတွေကြားမှာ Zombie တွေပါ ရောနေမယ့် Zombie mode တစ်ခုပါ ပါဝင်လာနိုင်သေးတယ် လို့ခန့်မှန်းထားကြတာဖြစ်ပါတယ်။ တရားဝင်ကြေညာမယ့် အချိန်ကို ဒီခန့်မှန်းချက်တွေနဲ့အတူစောင့်ကြတာပေါ့ခင်ဗျာ။

PUBG ဂိမ်းဟာ မကြာသေးခင်ကမှ Google ကပေးအပ်တဲ့ ဆုနှစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာဆိုရင် Ps4 မှာလည်းစတင်ကစားနိုင်တော့မယ်လို့သိရပါတယ်။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password