ArticleFeatures

ဂိမ်းတစ်ခုဖြစ်လာဖို့နောက်ကွယ်ကဖန်တီးမှုအဆင့်အဆင့်

ဂိမ်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေနဲ့ game review တွေဖော်ပြရတာများနေပြီဆိုတော့ ဒီနေ့ အားလုံးအပြောင်းအလဲလေးတစ်ခုဖြစ်သွားအောင် ဂိမ်းရဲ့နောက်ကွယ်ကဖန်တီးမှုအဆင့်ဆင့်ကို ရိုးရိုးရှင်းရှင်းလေး ဖော်ပြပေးချင်ပါတယ်။ ဂိမ်းဆော့ရုံသာမက ဂိမ်းရဲ့ဖန်တီးမှုအဆင့်အဆင့်ကိုသိထားတော့ မိတ်ဆွေအတွက်လည်းအကျိုးရှိနေမှာပါ။ 😁).. ဂိမ်းတစ်ခုရဲ့ Life cycle က Software development life cycle နဲ့တူညီပါတယ်။ သူ့မှာ Pre-alpha, Alpha, Beta (Closed beta, Open beta), Soft Launch နဲ့ Hard Launch အစရှိတဲ့အဆင့်တွေ ယေဘုယျအားဖြင့်ခွဲခြားထားတာပဲဖြစ်ပါတယ်။

Pre-alpha

Pre-alpha ကတော့ ဂိမ်းအတွက် ဒီဇိုင်း၊ ဘာကိုအသုံးပြုပြီးဖန်တီးမယ် အစရှိတာတွေစတင်စဉ်းစားရတဲ့ အဆင့်ပါ။ ရုပ်လုံးဖော်ဖို့ စဉ်းစားနေတဲ့အဆင့်လို့ဆိုနိုင်ပါတယ်။ Pre-alpha အဆင့်မှာပိုပြီးသေချာအောင် တချို့က Milestone လေးတွေထားပြီးပြုလုပ်ကြပါတယ်။ အချိန်ပေးရဆုံး Stage တစ်ခုဆိုလည်းမမှားပါဘူး။

Alpha

Pre-alpha ကိုကျော်လွန်လာပြီဆိုရင်တော့ ဂိမ်းရဲ့ရုပ်လုံးပေါ်လာပြီး Alpha အဆင့်ကိုရောက်ရှိလာပါပြီ။ Alpha အဆင့်မှာ ဂိမ်းက Stable လုံးဝမဖြစ်တဲ့အပြင် အလုပ်မလုပ်သေးတဲ့ Features တွေကိုလည်းပြန်လည်စစ်ဆေးပြုပြင်ရတာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီကာလက သူတို့ Server-side ဘက်မှာသာစမ်းသပ်ဆဲကာလတစ်ခုပါ။

Beta (Closed beta/ Open beta)

Alpha အဆင့်ပြီးရင်တော့ ရည်မှန်းထားတဲ့အတိုင်းအလုပ်လုပ်ပေမယ့် Stable သိပ်မဖြစ်သေးတဲ့ Beta အဆင့်ကိုရောက်ရှိသွားမှာပါ။ Beta မှာ Closed beta နဲ့ Open beta အဆင့်နှစ်ခုကွဲနေပါတယ်။ Closed beta ကတော့ လူနည်းစုကို ဖိတ်ကြားပြီးဆော့ကစားစေတဲ့အဆင့်ပါ။ ကိုယ့်ရဲ့ဂိမ်းက ဆော့ကစားမယ့်သူမျှော်မှန်းထားတဲ့ ကိုက်ညီမှုရှိရဲ့လား၊ Bug တွေရော ဘယ်လောက်အထိရှိနေသေးလဲ အစရှိတဲ့အချက်တွေကို စစ်ဆေးတဲ့ အဆင့်ဖြစ်ပါတယ်။ Open beta ကတော့ ဖိတ်ကြားသူသာမဟုတ်ပဲ မည်သူမဆို Beta program အနေနဲ့ ဝင်ရောက်ဆော့ကစားသွားနိုင်မှာပါ။ လူများစုဆော့ကစားနိုင်တဲ့ အဆင့်ရောက်ရှိသွားပါပြီ။

Soft launch & Hard launch

Beta program ကြီးပြီးရင်တော့ Region အချို့မှာ Soft launch အနေနဲ့ ဂိမ်းကို မာကတ်ထဲစတင်မိတ်ဆက်ပါတော့တယ်။ ဒါကတော့ ဘယ်ဂိမ်းကတော့ ဘယ် region တွေမှာကစားလို့ရပြီလို့ အရင် playon ဆောင်းပါးတွေမှာဖတ်ဖူးရင် စိမ်းနေမှာမဟုတ်ပါဘူး။ 😁)  ပြီးရင်တော့ Global release အနေနဲ့ဂိမ်းကို Hard launch ထုတ်ပါတော့တယ်။ Hard launch ထုတ်တဲ့ဂိမ်းတွေတော်တော်များများကကောင်းနေတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေအနေနဲ့ Soft launch မှာရလဒ်ကောင်းမရရှိရင် Hard launch ဆက်ထုတ်ဖို့ စိတ်ကူးမရှိတော့တာကြောင့်ပါ။ 🤣)

ဒါကတော့ ယေဘုယျအားဖြင့်သတ်မှတ်ထားတဲ့ ဂိမ်းတစ်ခုရဲ့နောက်ကွယ်ကဖန်တီးမှုအဆင့်အဆင့်တွေပဲဖြစ်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like & Share ပြုလုပ်နိုင်ပြီး အောက်ပါကွန်းမန့်မှာလည်းဝင်ရောက်ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password