News

Steam streaming ဝန်ဆောင်မှုကိုပါ ထောက်ပံ့ပေးမယ့် Samsung ရဲ့ Galaxy Fold

Playon က ဘော်ဒါတို့ရေ Galaxy Fold အကြောင်း ကြားပြီးကြပြီလား??? လတ်တလောမှာ အရမ်းကို ဟော့နေတဲ့ ဖုန်းလေးဆိုတော့ သိပြီးကြမှာပါ။ သူက design ပိုင်းတင်မိုက်တာ မဟုတ်ပါဘူးတဲ့နော်။ Gamer တွေအတွက်လည်း တစ်ဖတ်တစ်လှမ်းကနေ အထောက်အကူ ပြုပေးနိုင်မယ့် ဖုန်းလေးပါတဲ့။ Gamer လေးတွေ စိတ်ဝင်စားသွားကြပြီမဟုတ်လား ။ သိချင်ရင် ဆက်ပြီး ဖတ်ကြည့်သွားပေးနော်။

ပြီးခဲ့တဲ့ Samsung ရဲ့ Galaxy Unpacked ပွဲမှာ Samsung ဖုန်းအမျိုးအစားနှစ်ခုဖြစ်တဲ့ Galaxy Fold နဲ့ Galaxy S10 အကြောင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီမှာ Samsung က Valve နဲ့ ပူးပေါင်းပြီး Fold နဲ့ S2 အတွက် exclusive အနေနဲ့ stream streaming လုပ်နိုင်မယ့်အကြောင်းကို ပြောခဲ့ပါတယ်။ Streaming ကို မိုလ်ဘိုင်းနဲ့ ဘယ်လို ပြုလုပ်နိုင်မလဲဆိုတာကိုလည်း ရှင်းပြပေးခဲ့ပါသေးတယ်။ ပုံစံလေးကတော့ အကယ်၍ သင်က အိမ်မှာ PC ကို မေ့ကျန်ခဲ့ရင် (သို့ ) မယူလာမိရင် PC က streaming ကို ဖုန်းထဲကနေတစ်ဆင့် လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါဆိုရင် PC အိမ်မှာရှိနေတုန်းမှာ ဖုန်းနဲ့ Streaming ဖြစ်နေပါလိမ့်မယ်လို့ ရှင်းပြထားပါတယ်။

Samsung Galaxy Fold က စိတ်ဝင်စားဖို့ကောင်းတဲ့ device တစ်ခုဖြစ်ပြီး မိုဘိုင်း နဲ့ Tablet ကို တစ်မျိုးတည်းဖြစ်အောင် ပေါင်းထားပါတယ်။ ခေါက်လိုက်ရင် မိုလ်ဘိုင်းဖုန်းလေးဖြစ်ပြီး ဖြန့်လိုက်ရင် Tablet လေးဖြစ်သွားပါတယ်။သူ့မှာ RAM 12 GB …ကင်မရာ ၆လုံး နဲ့ ၇.၃ လက်မ မျက်နှာပြင်ရှိပါတယ်။ App ၃ခုကို တစ်ပြိုင်နက်တည်း run နိုင်ပါတယ်။ Galaxy Fold နဲ့ Stream game တွေကို မိုလ်ဘိုင်းပေါ်မှာ အင်တာနက်ချိတ်ဆက်ပီး ကစားလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက PC ကိုတော့ ပိတ်ထားလို့ မရပါဘူးနော့် ။ ဘယ်လိုပဲဖြစ်ဖြစ် ဖွင့်ထားရမှာပါ။

Wow..အဲ့ဒါဆိုရင် Tablet ရော ဖုန်းရော နှစ်မျိုးလုံးသုံးလို့ရတဲ့ Galaxy Fold က Gaming အတွက်ပါ အဆင်ပြေနေရောပဲနော်။အယ် … တစ်ခုမကြိုက်စရာကောင်းတာကတော့ ဈေးလေးပါပဲ။ ဈေးကတော့ ကျော်ချမ်းစရာပါ။ မြန်မာငွေ သိန်း၅၀လောက် ရှိပါတယ်တဲ့။ တတ်နိုင်တဲ့သူတွေတော့ ဝယ်ကြပေါ့နော်။ အက်မင်ကတော့ မတတ်နိုင်သေးပါဘူးလို့။ ဝယ်မယ့်သူတွေ သိရအောင် ခု အကြောင်းအရာလေးကို ဖော်ပြပေးလိုက်တာပါနော်။

Source- https://www.droidgamers.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password