Reviews

အာကာသပေါ်ကအကောင်ကြီးတွေနဲ့ တိုက်ခိုက်ရမယ့် Galaxy Attack : Alien Shooter!

ကမ္ဘာကြီးရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့ မိတ်ဆွေပါပဲ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ မိတ်ဆွေတစ်ယောက်တည်းက သာ Spaceship ကြီးကိုကောင်းကောင်း ထိန်းချုပ်ပြီး မောင်းတတ်တဲ့လူဖြစ်တာကြောင့်ပါ။ အဲ့တော့ မိတ်ဆွေက အာကာသပေါ်သွားပြီးလူတွေကို ဒုက္ခပေးနိုင်တဲ့ အကောင်ကြီးတွေကို မျိုးတုံးအောင် Spaceship မှာပါဝင်တဲ့လက်နက်နဲ့ပစ် သတ်ဖြတ်ရမှာပဲဖြစ်ပါတယ်။ Level တွေနဲ့ကစားရမှာဖြစ်ပြီး Level တစ်ခုမှာမိတ်ဆွေဆော့ကစားရမယ့် Round တွေကိုသတ်မှတ်ထားမှာဖြစ်ပါတယ်။

Level တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ ဆော့ရမယ့် Round အရေအတွက်ကလည်းတဖြည်းဖြည်းများလာမှာဖြစ်ပြီး ရန်သူအကောင်ကြီးတွေကလည်း ပိုပိုကြမ်းလာမှာဖြစ်ပါတယ်။ မိတ်ဆွေကလက်နက်နဲ့ရန်သူတွေကို ပစ်သတ်သလို ရန်သူအကောင်ကြီးတွေကလည်း မိတ်ဆွေကို ပြန်ပစ်သတ်မှာဖြစ်ပါတယ်။ ရန်သူရဲ့ ပစ်ခတ်ချက်ကိုထိမိတာပဲဖြစ်ဖြစ်၊ ရန်သူကိုသွားထိမိတာပဲဖြစ်ဖြစ် မိတ်ဆွေရဲ့ Spaceship ကြီးက ပေါက်ကွဲသွားပြီး Game Over သွားမှာဖြစ်ပါတယ်။

တချို့ Round တွေမှာရန်သူတွေအုံလိုက်ကြီး မိတ်ဆွေရဲ့ယာဉ်ကိုလာတိုက်မှာကြောင့် နည်းနည်းတော့ မမျှတသလိုတော့ခံစားမိမှာပါ။ ဒါပေမယ့် မိတ်ဆွေသာ Control ကောင်းကောင်းလုပ်နိုင်ရင် အဲ့ကောင်တွေကိုပြန်ဝိုက်လို့ရပါတယ်။ ရန်သူတွေကိုလည်းသတ်ရ၊ ရန်သူရဲ့ပစ်ခတ်ချက်တွေကိုရှောင်ရ၊ ရန်သူတွေနဲ့မထိအောင်လည်းနေရ စတာတွေကြောင့် အနည်းငယ် အာရုံများမယ့်ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ Level ၃ ခုပြီးတိုင်း ရန်သူ Boss ကြီးကစောင့်ကြိုနေဉီးမှာလည်းဖြစ်ပါတယ်။

Spaceship တစ်ခုတည်းနဲ့အာကာသပေါ်က အကောင်ကြီးတွေကိုမျိုးတုံးအောင်သတ်ဖြတ်ရမယ်ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ Single Player နဲ့ Multiplayer ဆိုပြီးခွဲထားပါတယ်။ Single Player မှာတော့ Campaign, Endless, Boss ဆိုပြီးမိတ်ဆွေဆော့နိုင်တဲ့ option ၃ ခုကိုတွေ့ရမှာပါ။

  •    Campaign ကတော့ Level တွေနဲ့ဆော့ကစားသွားရမယ့် Option ဖြစ်ပါတယ်။ Level ပေါင်း ၅၀ ကျော်ပါဝင်ပြီး Level မြင့်လာတာနဲ့ အပေါ်မှာကျွန်တော်ပြောခဲ့သလိုအရာအားလုံးကခက်ခဲလာမှာဖြစ်ပါတယ်။
  •   Endless မှာတော့ အဆုံးမရှိတဲ့ Round တွေကိုဆော့ကစားသွားရမှာပါ။ Round တစ်ခုပြီးရင် 10 Coin ရရှိမှာဖြစ်ပြီး Round တစ်ခုပြီးသွားတိုင်း မိတ်ဆွေရမယ့် ဆုကြေးက 10% တက်သွားမှာဖြစ်ပါတယ်။
  •     Boss မှာတော့ ရန်သူအကောင်အကြီးစားတွေနဲ့ သီးသန့်ဖိုက်ရမှာဖြစ်ပါတယ်။ Campaign မှာရှိတဲ့ Level အနည်းဆုံး ၃ ခုကိုအောင်မှ Boss တွေနဲ့ဖိုက်နိုင်မှာဖြစ်ပါတယ်။

Multiplayer မှာတော့ 1 Vs 1 နဲ့ 1 Vs 3 ကစားနိုင်မှာဖြစ်ပါတယ်။ Player အချင်းချင်းပစ်ခတ်ရမှာမဟုတ်ပဲ အကောင်တွေအများကြီးကြားထဲမှာ ဘယ်သူကအချိန်ကြာကြာပိုပြီးရှင်သန်နိုင်လဲဆိုတာပြိုင်ရမှာဖြစ်ပါတယ်။ Spaceship ၈ စီးပါဝင်ပြီး Spaceship တစ်ခု နဲ့ တစ်ခုက Ability တွေတူညီမှာမဟုတ်ပါဘူး။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး Space Shooter Arcade ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Galaxy Attack : Alien Shooter

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: