Mobile Platform ပေါ်က AR Technology – ဘယ်ဆီကိုဘယ်လိုသွားမှာလဲ

ဒီတလောမှာ Mobile Platform ပေါ်က Hot အဖြစ်ဆုံး Topic ကိုပြောပါဆိုရင် Augmented Reality (AR) Technology ကိုလက်ညှိုးထိုးပြရမှာပါ။ Pokemon GO ရဲ့အောင်မြင်မှုဟာ ကမ္ဘာတစ်ဝန်းက Smartphone အသုံးပြုသူတွေကို AR Technology အပေါ်စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့ပါတယ်။

Developer တွေကလည်း အလားအလာရှိတဲ့ဒီစျေးကွက်ထဲကို ဝင်လာဖို့တာစူနေခဲ့ကြပြီး Apple က ARKit ကို Developer တွေလက်ထဲထည့်ပေးလိုက်တဲ့အချိန်မှာ AR Apps တွေ App Store ပေါ်ကို အလုံးအရင်းနဲ့ရောက်ရှိလာကြပါတော့တယ်။ Google ကလည်း Apple နဲ့အပြိုင် သူ့ရဲ့ OS ဖြစ်တဲ့ Android Platform အတွက် ARCore ကိုထုတ်ပေးဖို့ပြင်နေပါပြီ။

ဒီလိုလူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ AR Technology ရဲ့အလားအလာက ဘယ်လိုရှိသလဲ။ Mobile Platform ကိုဘယ်လိုတွေတိုးတက်သွားစေနိုင်သလဲ။ Developer တွေရော Consumer တွေအတွက်ပါ ဘယ်လိုအကျိုးကျေးဇူးတွေရှိစေမှာလဲ။ ဒီဆောင်းပါးမှာ ဒီအကြောင်းတွေအပါအဝင် AR Technology ရဲ့ လက်ရှိအခြေအနေတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

 

AR Technology ဆိုတာက..

ဒီအကြောင်းတွေကို ဆွေးနွေးမယ်ဆိုရင် AR ဆိုတာဘာလဲဆိုတာ အရင်ဆုံးတိတိပပ သတ်မှတ်ဖို့လိုပါလိမ့်မယ်။ AR ဆိုတာက အလွယ်ကူဆုံးပြောရရင် Reality နဲ့ Digital ကမ္ဘာနှစ်ခုကြားက ပေါင်းကူးတံတားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အပြင်မှာမြင်တွေ့ရတာတွေကို ကွန်ပြူတာနဲ့ဖန်တီးထားတဲ့အရာတွေနဲ့ပေါင်းစပ်လိုက်ပြီး လုပ်ငန်းဆောင်တာတွေနဲ့ ဖျော်ဖြေရေးမီဒီယာတွေကိုခံစားရတဲ့ Experience ကိုပိုပြီးကောင်းမွန်သွားစေတဲ့နည်းပညာ ဖြစ်ပါတယ်။

 

AR Technology နဲ့ Pokemon GO..

အပေါ်မှာပြောခဲ့သလိုပဲ Pokemon GO ကြောင့် လူတွေ AR Technology အပေါ်စိတ်ဝင်စားလာကြတာပါ။ ဒါပေမယ့် Industry Expert တွေကတော့ Pokemon GO ဟာ AR Experience အစစ်အမှန်မဟုတ်ဖူးလို့ဆိုကြပါတယ်။ Pokemon GO ရဲ့ AR Function ဟာ ကိတ်မုန့်ပေါ်က ချယ်ရီသီးလိုပါပဲ။ Pokemon GO ရဲ့ အဓိက Feature က Pokemon အကောင်လေးတွေနဲ့ Location-Based Gameplay တွေပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ AR Function ဟာ စဆော့ဆော့ချင်းခဏလောက် စမ်းသပ်ကြည့်ကြပြီး နောက်ပိုင်းကစားတဲ့တစ်လျှောက် ပိတ်ထားကြတာများပါတယ်။

Pokemon GO ထဲကနေ AR Function ဖယ်ထုတ်လိုက်ရင်လည်း ဂိမ်းကအောင်မြင်ဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ နေရာပေါင်းစုံလျှောက်သွားပြီး Pokemon အကောင်လေးတွေလိုက်ဖမ်းရတဲ့ Experience က ဂိမ်းရဲ့အဓိက Selling Point ဖြစ်တဲ့အတွက်ပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကြောင့် AR ရဲ့ စွမ်းဆောင်ရည်တွေကို လူတွေစတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။

 

AR Technology နဲ့ Mobile Games..

ARKit ထွက်လာတော့ AR Function ပါဝင်တဲ့ဂိမ်းတွေအများကြီးထွက်လာသလို ဂိမ်းအဟောင်းတွေမှာလည်း AR Mode ကို Support လုပ်ပေးတဲ့ Update ထွက်ရှိလာကြပါတယ်။ အဲဒီအထဲမှာ ကစားလို့အဆင်ပြေတဲ့ဂိမ်းတွေရှိသလို အဆင်မပြေတာတွေလည်းအများကြီးပါပဲ။ ဒါပေမယ့်လက်ရှိအချိန်အထိတော့ AR Technology ကို အပြည့်အဝအသုံးချနိုင်တဲ့ဂိမ်းရယ်လို့ လက်ညှိုးထိုးပြစရာ အများကြီးမရှိပါဘူး။ အများစုက မိမိရဲ့ Character ကို AR View နဲ့ကြည့်လို့ရတယ်ဆိုရုံလောက်ပါပဲ။ အခုမှ Frist Generation တွေဆိုတော့ အပြစ်လည်းပြောလို့မရပါဘူး။

AR ဂိမ်းတွေကမိုက်တာ မှန်ပါတယ်။ Pixel တွေနဲ့ဖွဲ့စည်းထားတဲ့အရာတွေကို ပြင်ပမြင်ကွင်းနောက်ခံနဲ့ ဆော့ကစားရတာဆိုတော့ လူအများစုအတွက် အတွေ့အကြုံသစ်တစ်ခုပါပဲ။ ဒါပေမယ့် AR ဂိမ်းအများစုမှာ တူညီတဲ့ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ နေရာကျယ်ကျယ်ဝန်းဝန်းလိုအပ်တာနဲ့ လမ်းသွားလမ်းလာရင်း ဆော့ကစားလို့အဆင်မပြေတာပဲဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားပြီးဆော့ရတဲ့ AR ဂိမ်းတွေဆိုရင် အချိန်အကြာကြီးဆော့ကစားလို့ အဆင်မပြေပါဘူး။

 

AR Technology နဲ့ Utility Apps..

AR Technology မှာ အလားအလာတွေအများကြီးရှိပါတယ်။ AR ကို ဂိမ်းတွေမှာတင်မကပဲ အခြားနေရာတွေမှာလည်း အသုံးချနေကြပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ ဂိမ်းမဟုတ်တဲ့ အခြားနယ်ပယ်က App တွေက AR Technology ကိုအကောင်းဆုံးအသုံးချနိုင်နေကြပါတယ်။ Retail အပိုင်းမှာဆိုရင် IKEA ရဲ့ ‘IKEA Place’ နဲ့ Sirvo ရဲ့ ‘Housecraft’ တို့ဟာဆိုရင် သုံးစွဲသူတွေကို ပရိဘောဂတွေမဝယ်ခင် မိမိတို့ရဲ့အိမ်ခန်းထဲမှာ App ကနေတစ်ဆင့် ကြိုတင်နေရာချကြည့်လို့ရစေပါတယ်။ ဒါဟာ မိမိအိမ်ခန်းနဲ့ လိုက်ဖက်မှုရှိမရှိသေချာမသိရပဲ Showroom အထိသွားပြီး ဝယ်ယူရတဲ့ပြဿနာကို ကင်းဝေးသွားစေပါတယ်။

ဒါတင်မကသေးပါဘူး။ TapMeasure လို Utility App တွေဟာ AR နည်းပညာရဲ့ Potential ကိုမီးမောင်းထိုးပြနေပါတယ်။ TapMeasure မှာဆိုရင် ဖုန်းကင်မရာကိုအသုံးပြုပြီး အပြင်ကပစ္စည်းတွေရဲ့ အတိုင်းအတာတွေကို တိုင်းထွာလို့ရပါတယ်။ ခန်းစီးစဝယ်ဖို့ ပြူတင်းပေါက်ရဲ့အတိုင်းအတာကိုသိချင်ရင် အရင်လိုပေကြိုးတွေ၊ ပေတံတွေလိုက်ရှာစရာမလိုတော့ပါဘူး။ ဖုန်းထုတ်ပြီး Tap ၃ ချက်လောက်ခေါက်လိုက်တာနဲ့ လိုချင်တဲ့အတိုင်းအတာကိုသိနိုင်ပြီဖြစ်ပါတယ်။

 

AR Technology ရဲ့အနာဂတ်

လက်ရှိအခြေအနေအရဆိုရင်တော့ AR Utility App တွေက ဒီနည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သွားမယ်လို့ ယူဆရပါတယ်။ ဂိမ်းအပိုင်းကတော့ အခြေအနေအရမ်းမဟန်သေးပါဘူး။ AR ရဲ့ Full Potential ကိုအသုံးပြုနိုင်မယ့်ဂိမ်းတွေ ထွက်ပေါ်လာမှာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေက အနာဂတ်မှာ AR နည်းပညာကိုအသုံးပြုတဲ့ Personal Device တွေထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။ လက်ရှိမှာဆိုရင် Google Glass နဲ့ Microsoft HoloLens လို Device တွေထွက်ပေါ်နေပြီမို့ ဒီအိပ်မက်က အလှမ်းမဝေးလှဘူးလို့ဆိုရမှာပါ။ အဲဒီလို Device တွေကိုသာ လွယ်လွယ်ကူကူနဲ့ ဝယ်ယူအသုံးပြုနိုင်မယ်ဆိုရင် AR Gaming Experience လည်း အများကြီးတိုးတက်လာမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password