
Playon က ပရိသတ်တွေအတွက် ဒီတခါမှာတော့ Puzzle ဂိမ်းတွေထဲကမှ 2017 အတွင်း ထွက်ရှိထားတဲ့ အကောင်းဆုံး Mobile Game ဖြစ်တဲ့ FUTURAMA : Game of Drones ဆိုတဲ့ Puzzle Game နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Candy Crush ကို ရူးသွပ်ခဲ့သူတွေအတွက် တကယ့်ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။
3015 ခုနှစ်ကို အခြေခံထားပြီး Drones တွေကို Deliver လုပ်ပေးရတဲ့ ပုံစံ ဖြစ်ပြီး Drones တွေကို အနည်းဆုံး လေးခုတန်းစီပေးရမှာ ဖြစ်ပါတယ်။Drone တွေများများစုနိုင်မှ Level နဲ့ ကြယ်ပွင့်တွေတိုးပြီး နောက်အခန်းတွေ Lock ပွင့်မှာ ဖြစ်ပါတယ်။
Game က ပထမပိုင်းမှာ Guide ပေးမှာဖြစ်ပြီး Level မြင့်လေ ပဟေဋ္ဌိဆန်ပြီး နက်နဲလေဖြစ်လို့ ဦးနှောက်ကို နှိုးချင်သူတွေအတွက် တကယ်ကောင်းမွန်တဲ့ဂိမ်းဖြစ်ပါတယ်။
ဂိမ်း Level မြင့်လာတာနဲ့အမျှ ဂိမ်းဇာတ်ကောင်တွေဖြစ်တဲ့ Professor Farnsworth နဲ့ Robot တို့က ခက်ခဲတဲ့ Level တွေကို တဖြေးဖြေးတိုးမြှင့်ပေးလာမှာဖြစ်ပါတယ်။
Dec 16,2016 မှာ 1.12.0 နောက်ဆုံး version တိုးခဲ့တာဖြစ်ပြီး APK Pure နဲ့ Playstore တို့ကနေ Download ရယူနိုင်ပါတယ်။ဘက်ထရီလဲ အများကြီး မကျသလို ဂိမ်းက 86.83 MB ပဲ ရှိလို့ Storage မများသလို Version အသစ်နဲ့ အခန်းသစ်တွေအတွက် update လုပ်ပေးနိုင်ပါတယ်။
အဆိုပါ ဂိမ်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်ကနေ Download ရယူနိုင်ပါတယ်။
https://playon.com/futurama-game-of-drones/