Reviews

ရန်သူတွေကိုချေမှုန်းမယ့်ဘောလုံးဖိုက်တာ Puppet Football Fighters – Steampunk Soccer

ရယ်မော ပျော်ရွှင်စေမယ့် ဂိမ်းတစ်ခုကို Playon က မိတ်ဆွေများအတွက် ယူဆောင်လာခဲ့ပါပြီ။ ကြမ်းတမ်းမှုရှိပေမယ့် ပျော်ရွှင်စရာများကို ဖန်တီးပေးနိုင်ဆုံးလို့တောင် ပြောစမှတ်ပြုနိုင်ပါတယ်။ ဒီဂိမ်းကတော့ အရယ်ရဆုံး ပြောရမယ့် ဘောလုံးဖိုက်တာ Puppet Football Fighters  ဂိမ်းလေးဖြစ်တဲ့တိုင်း တစ်ဖက်နဲ့တစ်ဖက် မိမိအသင်းဂိုးရရှိဖို့ အသည်းအသန် ကြိုးစား ကန်သွင်းရမှာပါ။

မိမိအသင်း ဂိုးရရှိရေးနဲ့အတူ တစ်ဖက်အသင်းရဲ့ ကစားသမားကို လျှို့ဝှက်လက်နက်များအသုံးပြုခြင်းများလည်း ပါဝင်မှာဖြစ်ပြီး ရိုးရှင်းတဲ့ ဂိမ်း controller စနစ်ပါဝင်နေပြီး Lelf, Right, Jump ပုံစံများကြောင့် လွယ်ကူစေမှာလည်း မလွဲသေချာနေပါတယ်။ ဂိမ်း character အနေနဲ့လည်း ၁၀၀ ကျော်ပါဝင်နေပြီး ဂိမ်းထဲက super power ups အနေနဲ့ကတော့ chewing gum, ice, slime, super kick power, mega spring or speed အစရှိတဲ့ ထူးဆန်းတဲ့ လက်နက် အဆန်းများလည်း ပါရှိနေပါတယ်။

          

Multiplayer Mode နဲ့အတူ တစ်ဖက်အသင်းများကို ချေမှုန်းအနိုင်ယူရင်း ပျော်ရွှင်စရာများကို ဖန်တီးပြုလုပ်ပေးမယ့် ဒီဂိမ်းလေးကတော့ ကျွန်တော့ကို နှစ်သက်စေမိပြီဗျာ။ ဒီဂိမ်းလေးမှာလည်း သတိထားမယ့် အချက်တစ်ချက်ကတော့ ပြိုင်ပွဲမစခင် မိတ်ဆွေအနေနဲ့ ဂိုးအနီးတွင်သာ ရပ်ပြီး မိမိအတွက် အခွင့်ရေးကောင်းကို စောင့်စားကာ ဂိုးသွင်းတိုက်ခိုက် ချေမှုန်းဖို့ အရေးကြီးပါတယ်။ မိမိအသင်းသားများကို လိုအပ်တဲ့ player upgrade များပြုလုပ်ပေးခြင်းနှင့် အတူ ပွဲတိုင်းကို အနိုင်ယူပြီး Reward Cards များစုဆောင်းရမှာလည်း တစ်ခုရှိနေပါတယ်။

ဂိမ်းလေးကိုတော့ free to play အနေနဲ့ Google Play Store မှာရယူနိုင်ပြီ ဖြစ်တဲ့အတွက် Playon မိတ်ဆွေများကို အသိပေးရင်း သူငယ်ချင်းများနဲ့ ပျော်ရွှင်စရာများ ကူးစက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: