Multiplayer Racing ဂိမ်းလေးတစ်ခုဖြစ်တဲ့ Fun Run 2!

သူငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးဆော့နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ တစ်ယောက်တည်းရှိတဲ့အချိန် Global ကလူတွေနဲ့လည်း ကစားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းတစ်ပွဲမှာ ၄ ယောက်အထိကစားနိုင်မှာဖြစ်ပါတယ်။ အချင်းချင်း Wifi နဲ့မချိတ်ထားလည်းဆော့နိုင်တဲ့ ဂိမ်းဖြစ်တာကြောင့် အနီးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့သာမက အဝေးရောက်နေတဲ့သူငယ်ချင်းတွေနဲ့ပါ လွယ်လွယ်ကူကူဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 

 

သူငယ်ချင်းတွေနဲ့ဆော့မယ်ဆိုရင်တော့ အရင်ဆုံး In-game ထဲမှာ Friend ဖြစ်နေမှ ဆော့လို့ရမှာဖြစ်ပါတယ်။ ဆော့တဲ့အခါမှာလည်း 2 Vs 2 ဆော့ရမှာဖြစ်တာကြောင့် ပိုပြီးပျော်ဖို့ကောင်းမှာပါ။ Racing ဂိမ်းတွေရဲ့ထုံးစံအတိုင်း ပန်းတိုင်ကိုအရင်ဝင်တဲ့ လူကသာအနိုင်ရရှိမှာဖြစ်ပါတယ်။ Multiplayer ဆိုရင်တော့ အရင်ဝင်တဲ့အဖွဲ့ပေါ့ဗျာ။ မိတ်ဆွေပြိုင်ရမယ့်လမ်းတစ်လျှောက်ကလည်း ဖြောင့်တန်းနေမှာမဟုတ်ဘဲ ထောင်ချောက်တွေနဲ့ပြည့်နက်နေမှာကြောင့် သတိထားရမှာပါ။

 

 

ဒါ့အပြင်လမ်းတစ်လျှောက်မှာ တခြားပြိုင်ပွဲဝင်တွေ ကိုလုပ်ကြံနိုင်တဲ့ ပစ္စည်းတွေကိုလည်းပေးထားမှာပါ။ အဲ့ဒါတွေကိုအသုံးပြုပြီးတော့ တခြားပြိုင်ပွဲဝင်တွေပန်းဝင်နောက်ကျအောင် စိတ်ပုပ် နိုင်မှာလည်းဖြစ်ပါတယ်။ လုပ်ကြံပစ္စည်းတွေနဲ့ ထောင်ချောက်တွေထဲမှာ ပြိုင်ပွဲဝင်တဲ့ Character တွေကိုသေစေနိုင်တဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ အဲ့ဒါတွေကိုထိမိရင်တော့ မိတ်ဆွေရဲ့ Character ကသေသွားမှာဖြစ်ပါတယ်။ ခဏအကြာမှပြန်ရှင်လာမှာဖြစ်တာကြောင့် ပန်းဝင်တာနောက်ကျမှာတော့ အမှန်ပါပဲ။

In-game System အကြောင်းလေးစတင်ပါရစေ။ ဂိမ်းစစချင်းဝင်ရင် 2 Vs 2, Quick Play, Friends, Practice စတဲ့ Option တွေရှိနေမှာပါ။

  • 2 Vs 2 ကတော့အပေါ်မှာပြောခဲ့တဲ့အတိုင်း မိတ်ဆွေရဲ့သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ချင်တဲ့အချိန်ရွေးရမယ့် Option ဖြစ်ပါတယ်။
  • Quick Play ကတော့ Global ကလူတွေနဲ့ဆော့ချင်တဲ့အခါရွေးရမယ့် Option ဖြစ်ပါတယ်။
  • Friends ကတော့ မိတ်ဆွေနဲ့သူငယ်ချင်းဖြစ်နေတဲ့လူတွေကိုကြည့်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ချင်တဲ့လူတွေကိုသွား Add တာဖြစ်ဖြစ် သုံးရမယ့် Option ဖြစ်ပါတယ်။
  • Practice ကတော့ဘယ်သူနဲ့မှမဆော့ခင် မိတ်ဆွေတစ်ယောက်တည်း ကြိတ်ပြီးလေ့ကျင့်နိုင်တဲ့ Option ဖြစ်ပါတယ်။

 

ဒါ့အပြင်ဒီဂိမ်းထဲမှာ Character ပေါင်းများစွာပါဝင်ပါတယ်။ စစချင်းမှာ မိတ်ဆွေဆော့ရမယ့် Character က အပြာရောင်ကြောင် လေးသာဖြစ်ပါတယ်။ နွား၊ ကျား၊ ခွေး၊ သိုး၊ ကြွက် စတာတွေအပြင် တိရစ္ဆာန် Character ပေါင်းများစွာပါဝင်ပါတယ်။ အပြာရောင်ကြောင်လေးကလွဲလို့ ကျန်တဲ့တိရစ္ဆာန်တွေကို မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာဖြစ်ပါတယ်။

တိရစ္ဆာန်တွေအားလုံးကိုချစ်စရာကောင်းနေအောင်ဖန်တီးထားတာကြောင့် တိရစ္ဆာန်ချစ်သော Mobile Player တွေလည်းဆော့သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်ဉီးထုပ်တွေကိုလည်း Design စုံစုံ၊ အရောင်ဆန်းဆန်းတွေနဲ့ဖန်တီးထားတာကိုတွေ့ရဉီးမှာဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ In-game က Coin တွေနဲ့ Unlock လုပ်ရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ Character တွေနဲ့တွေ့ဆုံရမယ့်အပြင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ကစားနိုင်တဲ့ Racing ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source : Fun Run 2 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password