Board ဂိမ်းအသွင်နဲ့လာတော့မယ့် Fruit Ninja

Tabletop Games ပရိသတ်တွေအတွက် သတင်းကောင်းပါ။ ကျွန်တော်တို့တွေ ဖုန်းပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ဆော့ကစားကြတဲ့ Fruit Ninja ဟာ Board Game အသွင်နဲ့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ထွက်ရှိလာရာမှာ တစ်မျိုးတည်းမဟုတ်ပါဘူး။ ၃ မျိုးတိတိ ဖြစ်ပါတယ်။ အဲဒါတွေကတော့ Deck Building Game ဖြစ်တဲ့ Fruit Ninja: Card Master ၊ အံစာတုံးလှိမ့်ပြီး အသီးခွဲရမယ့် Fruit Ninja: Slice and Dice ၊ Party Game ဖြစ်တဲ့ Fruit Ninja: Combo Party တို့ပဲဖြစ်ပါတယ်။

ဒီဂိမ်းတွေကို Fruit Ninja ရဲ့ Developer ဖြစ်တဲ့ Halfbrick ရဲ့အကူအညီနဲ့ Board Game Publisher တစ်ဦးဖြစ်တဲ့ Lucky Duck က ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ Kickstarter မှာတင်လိုက်တဲ့ ဒီ Campaign ဟာ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ပထမ Goal ဖြစ်တဲ့ $10,000 ကို ကျော်သွားပါတယ်။ အဲဒီတော့ ဒီဂိမ်းတွေထွက်ရှိလာဖို့က တော်တော်သေချာနေပြီလို့ဆိုရမှာပါ။ သူတို့ရဲ့ Schedule အရဆိုရင်တော့ ဒီဂိမ်းတွေကို ၂၀၁၈ နှောင်းပိုင်းနဲ့ ၂၀၁၉ နှစ်ဦးပိုင်းတွေမှာ စျေးကွက်ထဲကိုဖြန့်ချိမှာဖြစ်ပါတယ်။

ဒါနဲ့.. ဒီသတင်းကို သူငယ်ချင်းတွေထဲက Board Game ဝါသနာအိုးတွေကို လက်တို့ပေးလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူတို့စိတ်ဝင်စားပြီးဝယ်ရင် ကိုယ်တွေလည်း ကုန်းဆင်းလို့ရတဲ့အတွက်ပါ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password