ဓားမျိုးစုံနဲ့အသီမျိုးစုံကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်ခုတ်ချင်ကြ သော Mobile Player များအတွက် Fruit Ninja!

Fruit Ninja နေရာကဆော့ရမှာဖြစ်ပြီး အသီးတွေကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်ခုတ်ရမှာဖြစ်ပါတယ်။ အသီးတွေကိုလိုက်ခုတ်တဲ့ Ninja ကြီးတစ်ကောင်လုံးတော့မြင်ရမှာမဟုတ်ပါဘူး။ဒီဂိမ်းမှာ  မိတ်ဆွေကသစ်သီးတွေခုတ်တဲ့ဓားပဲမြင်ရမှာပါ။ Fruit Ninja လေးတွေကဘယ်လိုလေးတွေ၊ ဘယ်လိုဖြစ်ပြီးသစ်သီးတွေကိုလိုက်ခုတ်တာလဲဆိုတာသိချင်ရင်တော့ အောက်မှာပေးထားတဲ့ Video Link လေးကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ ကြာမြင့်ချိန်ကတော့ 11 မိနစ် 55 စက္ကန့် ပါ။

https://www.youtube.com/watch?v=6v86aQj0rvE&feature=youtu.be

ဒီဂိမ်းမှာတော့ စစချင်းမှာသစ်သီးလေးတွေ ကအပေါ်ကိုလွင့်လွင့်လာမှာဖြစ်ပါတယ်။ အဲ့ဒီအပေါ်ကိုလွင့်လာတဲ့သစ်သီးလေးတွေကို မိတ်ဆွေက ဖုန်း Screen ကိုလက်နဲ့ဘယ်ရွေ့၊ ညာရွေ့လုပ်ပြီးခုတ်ရမှာဖြစ်ပါတယ်။ ဆော့ရတာလည်းလွယ်ကူတာကိုတွေ့ရမှာပါ။ မိတ်ဆွေကိုဂိမ်းစစချင်းထဲက ဓားပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီဓားနဲ့ပေါ်လာတဲ့သစ်သီးတွေကိုခုတ်ရမှာပဲဖြစ်ပါတယ်။ ဓားတွေကိုနောက်ပိုင်းကျရင်မိတ်ဆွေစိတ်ကြိုက်လဲနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေသစ်သီးတွေကိုခုတ်တဲ့နေရာမှာတစ်ခုသတိထားရမှာက သစ်သီးပုံစံနဲ့ Bomb တွေကို မိတ်ဆွေခုတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ခုတ်လိုက်ရင် Game Over ဖြစ်မှာမလို့ပါ။

 

နောက်တစ်ခုရှိတာက Fruit Ninja ဆိုတဲ့ဂိမ်းမှာမိတ်ဆွေကို အသက် 3 ခုပဲပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီအသက် 3 ခုကိုတော့ညာဘက်အပေါ်ဆုံးမှာ ကြက်ခြေခတ်ပုံစံနဲ့ပြထားတာဖြစ်ပါတယ်။ အဲ့ဒီ အသက် 3 ခုကုန်ရင်လည်း Game Over မှာဖြစ်ပါတယ်။ အပေါ်ကိုထွက်ပေါ်လာတဲ့ သစ်သီးတွေထဲ ကတစ်လုံးလုံးကိုမိတ်ဆွေဓားနဲ့မခုတ်မိပဲ ပြန်ပြုတ်ကျသွားရင် မိတ်ဆွေအသက် ၃ ခုထဲက ၁ ခုကိုနှုတ်သွားမှာဖြစ်ပါတယ်။အဲ့လိုနဲ့မိတ်ဆွေက သစ်သီး ၃ လုံးကိုမခုတ်မိ အဲ့ဒီသစ်သီးတွေအောက်ကိုဒီအတိုင်းပဲပြန်ပြုတ်ကျသွားရင်တော့ Game Over မှာဖြစ်ပါတယ်။ သစ်သီး Bomb ကိုခုတ်မိရင်ပေါက်ကွဲပြီး တန်း Game Over မှာပါ။ Endless ဂိမ်းအမျိုးအစားပါ။ Score တွေကိုတော့ မိတ်ဆွေခုတ်နိုင်တဲ့ သစ်သီးအလုံးအရေအတွက်နဲ့တွက်သွားမှာဖြစ်ပါတယ်။

စစချင်းမှာတော့တစ်လုံး၊ နှစ်လုံးလောက်ပဲ သစ်သီးတွေအပေါ်ကိုတက်လာမှာဖြစ်ပြီးနောက်ပိုင်းကျရင်တော့ ထိန်းမနိုင်သိမ်းမနိုင်တွေများလာမှာပါ။ အဲ့လိုအခြေရောက်ရင်သစ်သီးရော၊ Bomb တွေရော ရောနှောနေမှာဖြစ်တဲ့အတွက်တော်တော်ရှောင်ပြီးခုတ်ရမှာပါ။ ဒါပေမဲ့ စိုးရိမ်စရာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့နောက်ပိုင်း မှာ Spell သုံးနိုင်တဲ့အသီးတွေပါလာမှာမလို့ပါ။ Spell သုံးနိုင်တဲ့အသီးပါလာရင်အဲ့ဒီအသီးကို ခုတ်ခြင်းဖြင့် Spell ထွက်လာမှာပဲဖြစ်ပါတယ်။ Spell တွေအနေနဲ့ကတော့အားလုံးအချိန်ခဏခဲထားနိုင်တဲ့ရေခဲ ၊ Score နှစ်ဆတက်တဲ့ Spell ၊ အားလုံးပေါက်ကွဲစေနိုင်တဲ့ Spell စတာတွေအပါအဝင်တခြား Spell တွေလည်းပါသေးပါတယ်။

                                             

Endless ဂိမ်းဆိုပေမယ့် Level တွေခြားထားတာကိုတွေ့ရမှာပါ။ ဒါ့အပြင် Game Mode ပုံစံလေးတွေလည်း ခွဲထားတာကိုတွေ့ရမှာပါ။ မိတ်ဆွေစဆော့ရမှာက Classic Mode ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တောတွေက Classic Mode ကိုအခြေခံပြီးပြောထားတာပါ။ တခြား Mode တွေမှာ Classic Mode နဲ့မတူတာတွေလည်းရှိနိုင်ပါတယ်။ Zen Mode ဆိုရင် Classic Mode နဲ့မတူညီပါဘူး။ Zen Mode က Endless မဟုတ်ဘဲ အချိန်က 1 မိနစ်နဲ့ 30 စက္ကန့် သတ်မှတ်ထားလို့ပါ။ Classic Mode, Challenge Mode, Event Mode စတာတွေကိုတော့ Level မြင့်လာမှဆော့နိုင်မှာဖြစ်ပါတယ်။ တစ်ခုချင်းစီကိုသေချာမပြောနိုင်တာကလည်းမပြောချင်လို့မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုကဆော့တာမကြာသေးတော့ Level နိမ့်နေတာမို့ပါ။  Multiplayer လည်းဆော့နိုင်ကိုတွေ့ရမှာပါ။Multiplayer မှာတော့ မိတ်ဆွေရဲ့သူငယ်ချင်းနဲ့ 1 မိနစ် နဲ့ 30 စက္ကန့်အတွင်းမှာ ဘယ်သူကသစ်သီးကိုပိုခုတ်နိုင်လဲဆိုတာပြိုင်ဆိုင်ရမှာပါ။

ဆော့ရတာအဆင်ပြေတဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားဆော့ကြည့်ဖို့အကြံပေးပါရစေ။ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးမှာကစားနိုင်ပြီး Offline ဂိမ်းအမျိုးအစားဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးပါရစေ။

 

 

Image Source:

https://play.google.com/store/apps/details?id=com.halfbrick.fruitninjafree&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password