Reviews

Frozen ဇာတ်ကားထဲက ဇာတ်ကောင်လေးတွေနဲ့ တစ်ဖန်ပြန်တွေ့ရမယ့် Frozen Free Fall: Icy Shot

ရေခဲတုံးလေးတွေကို မှော်အစွမ်းနဲ့ ပစ်ခွဲပေးရမှာဖြစ်တယ်။ ရင်ခုန်စိတ်လှုပ်ရှား ဖို့ ကောင်းတဲ့ puzzle ဂိမ်းဖြစ်ပြီး Frozen fan လေးတွေ အရမ်းသဘောကျနှစ်သက်မယ့်ဂိမ်းလေးဖြစ်ပါတယ်။ Disney က ထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့် သက်ဝင်လှုပ်ရှားနေတဲ့ graphic designs တွေကို တွေ့ရမှာပါ။

Frozen ဇာတ်ကားထဲက Elsa, Anna, Kristoff, Grand Pabble, Sven တို့ နဲ့ ချစ်စရာအရမ်းကောင်းတဲ့ နှင်းလူသား snowgies လေးတွေပါ ပါဝင်မှာဖြစ်တယ်။ Level ပေါင်း ၁၀၀ ကျော်ပါဝင်မှာဖြစ်ပြီး level များလာတာနဲ့အမျှ ပိုပိုပြီး ခက်လာမှာဖြစ်တယ်။ အသုံးပြုနိုင်တဲ့ မှော်နှင်းဘောလုံးကလည်း ကန့်သက်ထားတာဖြစ်လို့ သေသေချာချာ ချိန်ပြီးပစ်ဖို့တော့ လိုအပ်ပါတယ်။

Frozen ထဲကအတိုင်း ရေခဲတွေဖုံးလွှမ်းနေတဲ့ ရေခဲမြို့တော်ကြီး ပုံစံ ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် ရုပ်ရှင်ထဲ လူကိုယ်တိုင်ရောက်သွားသလို ခံစားရမယ့် ဂိမ်း ဖြစ်တယ်။ ကြည်လင်ပြတ်သားတဲ့ designs နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေက သင့်ကိုစ ကစားချင်းမှာပဲ ဆွဲဆောင်နေမှာဖြစ်တယ်။

နှင်းတွေကလည်း screen တစ်ပြင်လုံးကျနေမှာဖြစ်လို့ ဆောင်းရာသီနဲ့ သင့်တော်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စား တီးလုံးလန်းလန်းလေးတွေလည်း ထည့်သွင်းပေးထားတာဖြစ်လို့အရမ်းကို perfect ဖြစ်တဲ့ ဂိမ်းလေးပါ။ တကယ့်ကို ကစားလို့ကောင်းတဲ့ ဂိမ်းလေးဖြစ်တဲ့ အတွက် စမ်းကစားကြည့်ဖို့ အကြံပြုချင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးမှာ free to play ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က နောက်ဆုံး version 2.5.5 ကို ထွက်ရှိထားတာဖြစ်တယ်။ Android version 4.2 နှင့်အထက်တွင် ကစားနိုင်ပြီး iOS version 8.0 နှင့် အထက်တွင် ကစားနိုင်ပါတယ်။

 

 

 

Image Source  –  Frozen Free Fall: Icy Shot  

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: