ArticleNewsReviews

Horror ဆန်ဆန် ပတ်ဝန်းကျင်မှာ Puzzle တွေကိုဖြေရှင်းရမယ့် Friday the 13th: Killer Puzzle

Playon က ဘော်ဒါတို့ကို ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းအကြောင်းလေးကတော့ Friday the 13th: Killer Puzzle ဆိုတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ ဂိမ်းလေးက Horror ဂိမ်းဖြစ်တာကြောင့် ကြောက်စရာ လန့်စရာတွေကိုတော့ အမြဲတမ်းတွေ့နေရမှာပါ။ ဂိမ်းက Horror ကိုမှ စိတ္တဇ ဆန်တဲ့ ဘက်ကို ပိုရောက်ပါတယ်။ အဲ့တော့ ပြောရမယ်ဆိုရင် ဂိမ်းထဲမှာ သရဲ ထက် စိတ္တဇ ဆန်တဲ့ လူသတ်သမားကို အဓိကတွေ့ရမှာပါ။

ဂိမ်းထဲမှာ Player ရွေးချယ်ကစားနိုင်မယ့် Level ပေါင်း ၁၅၀ကျော် ရှိပါတယ်။ Player က ကြောက်မက်ဖွယ် ပဟေဠိတွေကို ဖြေရှင်းရင်း rank တက်အောင်လုပ်သွားရမှာဖြစ်ပါတယ်။ တက်လာတဲ့ rank တွေနဲ့ လက်နက် အသစ်တွေ တိုက်ခိုက်မှုတွေကို လုပ်သွားရင်း ဂိမ်းကို တဖြေးဖြေး အရှိန်မြှင့်သွားရမှာပါ။ အဲ့တော့ ဒီမှာ Player တွေအနေနဲ့ မေးစရာ တစ်ခု ရှိလာပါပြီ။ အဲ့တာကတော့ လူသတ်သမား နေရာက ကစားရမှာလား ? သားကောင်နေရာကနေ ကစားရမှာ လား ဆိုတာကိုပေါ့ ?

ပုံမှန်ဆိုရင်တော့ Horror ဂိမ်းတော်တော်များများက သားကောင်နေရာကနေ ကစားရတာ များပါတယ်။ ဒါပေမယ့် ဒီဂိမ်းလေးက ထူးထူး ခြားခြား လူသတ်သမား Jason ကို ကူညီပြီး ကစားပေးရမှာပါ။

ဂိမ်းထဲမှာ ပျော်ပွဲစား ထွက်လာတဲ့ သူငယ်ချင်းတစ်စုကို လိုက်ပြီး တိုက်ခိုက်နေတဲ့ မျက်နှာ ဖုံးစွပ် လူသတ်သမား တစ်ယောက်ရှိပါတယ်။ အဲ့လူက ဘာလဲ??? လူရော ဟုတ်ရဲ့လား??

သူ့ရဲ့ ဇာတ်ကြောင်းလေးကတော့ဒီလိုပါ။ မျက်နှာဖုံးစွပ် လူသတ်သမားရဲ့ နာမည်က Jason လို့ ခေါ်ပါတယ်။ Jason က ဂိမ်းထဲမှာ setting ယူထားတဲ့ Crystal Lake မှာ လွန်ခဲ့တဲ့ နှစ် ၂၀ က ရေနစ်သေဆုံးခဲ့တဲ့သူပါ။ သူက ဘယ်လို များရက်ရက်စက်စက် သေဆုံးခဲ့လို့ ခုလို လူတွေ လိုက်သတ်နေရတာလဲ???

Player က Jason ကို ကူညီပြီး လူသတ်သမားနေရာကနေ ပါဝင်ကစားရမှာဆိုတော့ နည်းနည်းတော့ တစ်မျိုးထူးခြားနေမှာပါ။ Jason ကလည်း တစ်သမတ်တည်း ပုံစံ မဟုတ်ဘူးနော်။ Jasonမှာလည်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ သူတို့တွေကို အောက်မှာ ပုံလေးတွေနဲ့ တကွ ဖော်ပြပေးထားပါတယ်။

တကယ်တမ်း ကစားရင် အရသာ ပေါ့သွားမှာဆိုးလို့ အများကြီး Spoil မနေတော့ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ ကစားပြီးသွေးထွက်သံယို လူသတ်သမားကြီး Jason နေရာက ဝင်ရောက်ခံစားလိုက်ပါ။ ဂိမ်းထဲမှာ အက်မင် သဘော မကျတာ တစ်ခုတော့ ရှိပါတယ်။ အဲ့တာကတော့ ဂိမ်းရဲ့ ဇာတ်ကောင် ဒီဇိုင်းပိုင်းနဲ့ Graphics ပိုင်းပါ။ သူတို့တွေကို Cute Type ပုံစံ မဟုတ်ပဲ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် ပုံစံ လုပ်ရင် ပိုပြီး လန်းမယ်။ ကြောက်ဖို့ကောင်းမယ် လို့ အက်မင်မြင်ပါတယ်။ ဒါပေမယ့် ဒါလည်း လူတိုင်း ကလေးရော လူကြီးရော ကြောက်တတ်သူရော မကြောက်တတ်သူရော အကုန် ကစားလို့ရအောင် လုပ်ထားတာဖြစ်ပါလိမ့်မယ်။ Trailer လေးကို အောက်မှာ တစ်ချက်လောက် ရှိုးလိုက်ပါဦး။

ဘယ်လိုလဲ ??? Trailer လေးက စိတ်ဝင်စားဖို့ မှ ကောင်းရဲ့လား ? စိတ်ဝင်စားရင် သည်း ထိတ် ရင်ဖို စိတ္တဇ ဆန်ဆန် Friday the 13th : Killer Puzzle ကို စမ်းပြီး ကစားကြည့်ဖို့ recommend ပေးပါတယ်။ သူ့ကို Android/iOS/Stream/Switch တို့နဲ့ ကစားလို့ ရနေပါပြီ။ Friday the 13th : Killer Puzzle ဂိမ်းကရထားတဲ့ rating တွေကို အောက်မှာ ဖော်ပြထားပါတယ်။

Oops!!! Rating တွေနဲ့တင် တော်တော့်ကို ရှိန်စရာကောင်းနေပါပြီနော်… လုံးဝကို အမေးဇင်းပါ… ခေတ်မီအောင်တော့ ကစားကြည့်သင့်နေပါပြီ။ 🤣🤣)

Source: Killerpuzzle (Download links included)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password