Features

Horror Fan တွေအကြိုက်တွေ့မယ့် Friday 13th: The Game

Crystal Lake က မျက်နှာဖုံးစွပ်လူသတ်သမား Jason ကို Friday 13th franchise ကိုကြည့်ဖူးတဲ့သူတိုင်းသိကြမှာပါ။ 1980 ကစထွက်ရှိခဲ့တဲ့ ဒီ franchise မှာ ရုပ်ရှင် ၁၂ ကားရှိပြီး လူကြိုက်လည်းတော်တော်များခဲ့ပါတယ်။ အခုအချိန်မှာတော့ Friday thr 13th ကိုထိုင်ကြည့်ရုံတင်မဟုတ်တော့ပါဘူး။ ကိုယ်တိုင်ပါ ကစားနိုင်ပါပြီ။

ဒီဂိမ်းကိုတော့ Gun Media ကနေ ၂၀၁၇ မှာထုတ်ခဲ့တာဖြစ်ပါတယ်။ Survival horror အမျိုးအစားဖြစ်ပြီးတော့ လောလောဆယ်မှာတော့ microsoft windows, Playstation 4 နဲ့ Xbox One မှာဆော့လို့ရနေပါပြီ။ Android နဲ့ iOSအတွက်ကိုတော့ စီစဉ်နေဆဲလို့သိရပါတယ်။

Friday 13th ဂိမ်း ကိုတော့ milti-player online game အနေနဲ့စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ multi-player မှာ player ၈ ယောက်အထိပါဝင်နိုင်ပြီး အဲဒီထဲကတစ်ယောက်ကိုတော့ လူသတ်သမား Jason Voorhees အနေနဲ့ random ရွေးထုတ်မှာဖြစ်ပါတယ်။ Jason မဟုတ်တဲ့ ကျန်တဲ့သူတွေကတော့ Crystal Lake မှာ အပန်းလာဖြေတဲ့ သူတွေနေရာက ကစားရမှာဖြစ်ပြီး Jason ကတော့ အဲဒီလူတွေ Lake area အပြင်မရောက်ခင် (ဒါမှမဟုတ်) ပေးထားတဲ့အချိန်မကုန်ခင် အမြန်ဆုံးလိုက်သတ်ရမှာဖြစ်ပါတယ်။

အပန်းဖြေသူတွေကလည်း Jason လာမသတ်ခင် area အပြင်ဘက်ရောက်အောင် ထွက်ပြေးရမှာဖြစ်ပါတယ်။ area တစ်ခုလုံးမှာ ဗျောက်အိုး၊ ဝံထောင်ချောက်၊ သေနတ်စတဲ့လက်နက်တွေရှိမှာဖြစ်ပြီး အဲဒါတွေသုံးရင်း Jason ရန်ကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပြေးနေတုန်း objective လေးတွေလည်းပေါ်လာမှာဖြစ်သလို အဲဒီ objective လေးတွေအောင်မြင်တဲ့အခါ Jason ကိုနိုင်ဖို့ chance ပိုများလာမှာဖြစ်ပါတယ်။ original story ထဲက Jason ကိုနှိမ်နင်းနိုင်တဲ့ Tommy Jarvis ဆိုတဲ့ character ကိုလည်း ဒီဂိမ်းထဲမှာထည့်ထားပါတယ်။ ဒါပေမယ့် သူက hidden ဖြစ်ပြီး သတ်မှတ်ထားတဲ့အခြေအနေတွေနဲ့ကိုက်ညီတဲ့အခါမှသာ Jarvis ကိုသုံးနိုင်မှာဖြစ်ပါတယ်။ Jarvis unlocked ဖြစ်သွားရင်တော့ ပွဲမှာရှုံးသွားတဲ့သူ၊ ဒါမှမဟုတ် area အပြင်ဘက်ရောက်သွားလို့ နားနေတဲ့သူတွေထဲကတစ်ယောက်ကို ပေးကိုင်ပါတယ်။ Jarvis မှာတော့ shotgun တစ်လက်၊ ဓားမြှောင်တစ်ချောင်းနဲ့ first aid spray ပါလာမှာဖြစ်ပြီး သူတစ်ယောက်တည်းကသာ Jason ကိုသတ်နိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းကိုတော့ အစက multi-player mode အနေနဲ့သာထားဖို့ရည်ရွယ်ခဲ့ပေမယ့် 2017 နွေရာသီမှာထုတ်တဲ့ update မှာတော့ single-player offline mode ပါလာခဲ့ပါတယ်။ single-player မှာတော့ player က Jason အနေနဲ့ပဲကစားရမှာဖြစ်ပြီး အပန်းလာဖြေတဲ့သူတွေကလည်း Artificial Intelligence (AI) တွေပဲဖြစ်ပါတယ်။ ဒီမှာကတော့ ပေးထားတဲ့အချိန်အတွင်းမှာ Jason အနေနဲ့ ပေးထားတဲ့ mission တွေကိုအောင်မြင်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။

Multi-player ရော single-player အတွက် Jason skin ၉ ခု ရှိပြီး ၇ ခု ကတော့ ရုပ်ရှင်ထဲကပုံစံတွေပဲဖြစ်ပါတယ်။ Jason တစ်ယောက်နဲ့တစ်ယောက်က ပုံလည်းမတူသလို weakness တွေ ability တွေလည်းမတူပါဘူး။ ကိုယ့် mission အပေါ်မူတည်ပြီးသင့်တော်တဲ့ အကောင်ရွေးကိုင်ရမှာပါ။ ဒါ့အပြင် အပန်းဖြေသူ နေရာမှာလည်း ရွေးစရာ ၁၄ ယောက်ရှိပြီး ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ Map တွေကိုလည်းရွေးလို့ရပြီး မူလရုပ်ရှင်တွေထဲက location ၅ခုကိုပဲ ပြန်အသက်သွင်းထားတဲ့ map တွေဖြစ်ပါတယ်။

ဒီ ဂိမ်းကို ကစားမယ်ဆိုရင်တော့ Window 7, 8 နဲ့ 10 (64 bits) ရှိဖို့လိုအပ်ပါတယ်။ Graphics ကောင်းတာကြောင့် အနည်းဆုံး i3 processor လောက်နဲ့မှ အဆင်ပြေမှာပါ။ storage က 4GB ပါ။ DirectX 11 လောက်လိုပါတယ်။ multi-player ပါတာကြောင့် Internet ရှိမှာပိုအဆင်ပြေမှာပါ။

ဂိမ်းကတော့ horror ဖြစ်တဲ့အပြင် serial killer အနေနဲ့ဆော့ရမှာဖြစ်လို့ သွေးထွက်သံယိုတွေပါမှာပါ။ ဒါ့အပြင် Graphics တအားကောင်းပြီး အရုပ်ရော အသံရော realistic ဖြစ်တာကြောင့် လူသတ်ခန်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။ ဒါ့ကြောင့် နှလုံးရောဂါရှိသူတွေ horror ကြောက်တတ်တဲ့သူတွေ၊ အရမ်းငယ်သေးတဲ့သူတွေဆော့ဖို့မသင့်ပါဘူး။ ဒါ့အပြင် စိတ်ရောဂါအခံရှိတဲ့သူတွေလည်း ဆော့ဖို့အဆင်မပြေနိုင်ပါဘူး။ ဒီလူတွေကလွဲရင် ကျန်တဲ့သူတွေကတော့ လွတ်လွတ်လပ်လပ်ဆော့နိုင်ပါတယ်။ horror ပေမယ့် သရဲဂိမ်းတွေလို ရုတ်တရက် jumpscare ခံရလို့လန့်တာမဟုတ်ပဲ ကိုယ်ကိုတိုင် Crystal Lake မှာ လူသတ်သမားလိုက်လို့ပြေးနေရတဲ့ feeling မျိုးနဲ့ ရင်တလှပ်လှပ်ဖြစ်စေတဲ့ horror မျိုးပါ။ Jason အနေနဲ့ဆိုလည်း objective အမျိုးမျိုးကို လူမမြင်အောင်တိတ်တဆိတ်လိုက်လုပ်ရမှာဖြစ်ပြီး ability တွေကို မဟုတ်တဲ့အချိန်မှာသုံးမိရင် လူသိသွားပြီး gameover ဖြစ်မှာမို့ အသည်းတယားယားနဲ့ဆော့ရမှာပါ။

ကဲ..ဒီလောက် Gameplay ရော Graphics ကော လန်ထွက်ပျံတက်နေတဲ့ ဂိမ်းမျိုးမှ မဆော့ရင် အာဂ gamer တို့လူဖြစ်ကျိုးဘယ်နပ်ပါတော့မလဲ။

Single player mode trailer 👇

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: