Features

Free Fire နဲ့ PUBG mobile မှာဘယ်ဂိမ်းကဘယ်လိုအားသာချက်တွေရှိနေလဲ? 

Comparison ဆောင်းပါးတွေမရေးတာကြာလို့ ဒီနေ့မှာတော့ ကျွန်တော်တို့ Playon အနေနဲ့ Battle Royale လောကမှာထိပ်တန်းနေရာကရပ်တည်နေတဲ့ PUBG mobile ဂိမ်းနဲ့ Garena ကထုတ်လုပ်တဲ့ Free Fire Battle Royale ဂိမ်းနှစ်ခုကို အားသာချက်/ အားနည်းချက်တွေနဲ့နှိုင်းယှဉ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဂိမ်းနှစ်ခုကိုယှဉ်မပြောခင် Free Fire ဂိမ်းအကြောင်းလေးအကြမ်းဖျင်းဖော်ပြပါရစေ။ Free Fire ကိုတော့ 111dots studio ကဖန်တီးခဲ့တာဖြစ်ပြီး Garena ကပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလမှာ Open Beta အနေနဲ့စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၂၀၁၇ ဒီဇင်ဘာလမှာပဲ Official release အနေနဲ့ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ Player အယောက် ၅၀ ကစားရမှာဖြစ်ပြီး Safe zone ထဲမှာနေ၊ Vehicle တွေကိုပတ်စီး၊ နောက်ဆုံးအချိန်အထိမသေအောင်ကြိုးစား စတဲ့ပုံစံမျိုးကစားရမှာပါ။ Free Fire battle royale နဲ့အကျွမ်းတဝင်ရှိအောင် မိတ်ဆက်ပြီးပြီဆိုတော့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Comparison ပိုင်းစတင်ပါရစေ။

1. Graphics

PUBG mobile ရဲ့ graphics ကတော့ တော်တော်လေးကို သဘာဝဆန်နေပြီးကောင်းမွန်နေပါတယ်။ သေနတ်ပြောင်းချိန်တဲ့အချိန်တို့၊ လူရဲ့လှုပ်ရှားမှုအနေအထား အချိန်တွေမှာ သေချာကြည့်ရင်အဲ့အချက်ကသိသာပါတယ်။ Free Fire ရဲ့ Graphics အနေအထားကတော့ အရမ်းကြီး စုတ်ပြတ်နေတာမျိုးတော့မဟုတ်ပေမယ့် PUBG mobile နဲ့ယှဉ်ရင်တော့ တော်တော်လေး Realistic မဖြစ်ပဲ Animated ပုံရိပ် တွေလိုဖြစ်နေတာကိုတွေ့ရမှာပါ။ ဆိုတော့ Graphics အပိုင်းမှာ PUBG ကဆရာပါပဲ။ 😁)

PUBG mobile : 1, Free Fire : 0

2. Compatibility

ဒါကတော့ Device တော်တော်များများနဲ့ ဘယ်ဂိမ်းကကိုက်ညီမှုရှိလဲဆိုတဲ့အချက်ပါ။ Facebook ရဲ့ နည်းပညာ group တွေတော်တော်များများမှာ “အကို ကျွန်တော် ML နဲ့ PUBG ဆော့ဖို့၊ အဲ့ဒါဘယ်ဖုန်းမော်ဒယ်ဝယ်သင့်လဲ?” ဆိုပြီးမေးနေကြတာ Comment တွေဝင်ဖတ်ကြည့်ရင်မိတ်ဆွေတွေ့ပါလိမ့်မယ်။ အဲ့ဒါ ဘာလို့လဲဆိုတော့ PUBG mobile ဟာတော်ရုံဖုန်းဆိုရင် ဆော့တာကြာလာတာနဲ့ မီးပူတိုက်လို့ရတဲ့အထိ ပူလာတာမလို့ပါပဲ။ (High-end ဖုန်းတွေကိုင်တဲ့ RK တွေမပါပါဘူး 🤣)

Free Fire ကတော့ Device တော်တော်များများမှာ Support လုပ်ပေးပြီး Low-end device တွေမှာပါ သာသာယာယာဆော့ကစားနိုင်ပါတယ်။

PUBG mobile : 1, Free Fire : 1

3. Map

PUBG map ကတော့ Free Fire ထက်တော်တော်လေးကိုပိုကျယ်ပြီးကြီးပါတယ်။ Player အယောက် ၁၀၀ အတွက်တောင် အနည်းငယ်ကြီးတယ်လို့ ဆိုရမယ့် အနေအထားတစ်ခုပါ။ Free Fire ရဲ့ Map ကတော့ ကျဉ်းတယ်ဆိုပေမယ့် Player အယောက် ၅၀ အတွက် ကွက်တိကျတဲ့အနေအထားလို့ ပြောနိုင်ပါတယ်။ Map ကျဉ်းတဲ့အပြင် အနားမှာရှိတဲ့ တခြား Player တွေကို သေစေနိုင်တဲ့ ဆီဗုံးတွေလည်းပါတာမလို့ ပွဲပြတ်တာလည်းမြန်ပါတယ်။ 🤣) Map မှာတော့ PUBG ကပိုကြီးတယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ Free Fire ကိုပဲထောက်ခံပါရစေ။

PUBG mobile : 1, Free Fire : 2

4. Vehicle and Sniping

PUBG မှာ Bikes, Jeeps, Boats အပါအဝင် Vehicle စုစုပေါင်း ၁၀ မျိုးနီးပါးလောက်ပါဝင်ပြီး Free Fire မှာတော့ Monster Truck အပါအဝင် Vehicle ပေါင်း ၄ မျိုးသာပါဝင်ပါတယ်။ Vehicle control လုပ်ရတဲ့အပိုင်းမှာ Free Fire က PUBG ထက်ပိုလွယ်တယ်ဆိုပေမယ့် Free Fire မှာက PUBG လိုမျိုး Vehicle စီးရင်း အထာကျကျသေနတ်ပစ်သွားလို့မရပါဘူး။ ဆိုတော့ Vehicle အပိုင်းမှာ PUBG ကို ထောက်ခံပါတယ်။

PUBG ရဲ့ graphic က realistic ဖြစ်လွန်းတာမို့ အဝေးကနေ snipe လုပ်ပြီးပစ်ခတ်ရတဲ့အခါမှာ တော်တော်လေးခံစားလို့ကောင်းပါတယ်။ Free Fire မှာလည်း အဝေးကနေ Snipe လို့ရပေမယ့် Animated ဖြစ်တဲ့ Graphics ပုံစံမို့လို့ PUBG ကိုတော့မယှဉ်နိုင်ဘူးလို့ဆိုပါရစေ။

PUBG mobile : 3, Free Fire : 2

ကျွန်တော်ဖော်ပြခဲ့တဲ့ ၄ ချက်ကိုကြည့်ပြီး ဂိမ်းနှစ်ခုရဲ့ အားသာချက်/ အားနည်းချက်တော်တော်များများကို သိသွားမယ်လို့ယုံကြည်ပါတယ်။ အားလုံးခြုံပြောရရင် Low-end device မှာပါ သာသာယာယာနဲ့ဆော့ကစားချင်သူ၊ အချိန်ခဏတာအတွင်းပွဲပြတ်ချင်သူတွေက Free Fire ကိုရွေးချယ်သင့်ပြီး ပုန်းလိုက်၊ လိုက်ချ လိုက်အဆုံးထိ ရင်တမမနဲ့ အဆုံးထိ အကြာကြီးဆော့ကစားချင်သူတွေကတော့ PUBG mobile ကိုရွေးချယ်ဆော့ကစားသင့်ပါတယ်။

ဂိမ်းနှစ်ခုလုံးက Battle Royale အရသာကိုပြည့်ပြည့်ဝဝပေးနိုင်တာမလို့ ဘယ်ဟာရွေးမိလို့ မှားသွားတယ်ဆိုတဲ့ အတွေးမျိုးတော့ရှိလောက်မှာမဟုတ်ပါဘူးခင်ဗျာ။ နောက် ဆောင်းပါးတစ်ခုမှာပြန်ဆုံပါ့မယ်။

PUBG mobile – Android/ iOS

Free Fire – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password