News

၂၀၁၉ ခုနှစ်အစောပိုင်းမှာတရားဝင်ထွက်ရှိလာတော့မယ့် Fortnite ပုံစံ Shooter ဂိမ်း FRAG

ပဲရစ်မြို့ အခြေစိုက် စတူဒီယို Oh BiBi မှ ထုတ်လုပ်ထားတဲ့ FRAG ဆိုတဲ့ဂိမ်းကတော့ လာမယ့် ၂၀၁၉ အစောပိုင်းမှာ ထွက်ရှိတော့မယ်လို့သိရပါတယ်။ FRAG ရဲ့ Soft launch ကို ဇူလိုင် ၉ ရက်နေ့မှာထွက်ရှိမယ်လို့ အစီအစဉ်ရေးဆွဲထားတာပါ။ ဒါပေမယ့် အခုထိ ထွက်မလာသေးပါဘူး။ အကယ်၍ သင်က FRAG ရဲ့ playable ဗားရှင်း (Beta) ကို စမ်းကစားကြည့်ချင်တယ်ဆိုရင် ဒီထဲ ကိုဝင်ပြီး Sign up လုပ်ထားပေးပါနော်။

ကစားလို့ရမယ့် အချိန်ရောက်ရင် Email ကနေ တစ်ဆင့် အကြောင်းကြားပေးပါလိမ့်မယ်။ အရင်ဆုံး Trailer လေးကို အမြည်းလေးအနေနဲ့ ကြည့်ကြည့်ပါဦး။

ဘော်ဒါတို့ရေ Trailer ကိုကြည့်ပြီးဘာမြင်ကြလဲ??? တစ်ခုခုနဲ့ ဆင်နေတယ်လို့ထင်ရတယ်နော်။ 😆) ဒါပေမယ့် ဇာတ်ကောင်တွေနဲ့ graphic ပိုင်းအရတော့ သူဗားရှင်းနဲ့သူ ပြောင်းလဲဖန်တီးထားတယ်လို့ထင်ပါတယ်။ ဘယ်လိုပဲပြောပြောပါ Admin ကတော့ ကစားလို့ကောင်းမယ့် Shooter ဂိမ်းတစ်ခုတိုးလာတော့မယ်လို့ ထင်ပါတယ်။

Oh BiBi က FRAG ကို PC/ Console အမျိုးအစားတွေပေါ်မှာနာမည်အကြီးဆုံး game genre တွေရဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ ဖန်တီးထားတာကြောင့် သူ့ကို ကစားရတဲ့ အရသာတော်တော်လေးထူးခြားမှာပါ။ FRAG မှာ real time multiplayer ပွဲစဉ်တွေ ထည့်သွင်းထားပြီး အဲ့ဒီမှာ player တွေက တိုက်ပွဲ အတိုလေးတွေကို ရင်ဆိုင်ရမှာပါ။ တိုက်ပွဲတွေရဲ့ ကြာချိန်က တိုတယ်ဆိုပေမယ့် လုံးဝကို Epic ဖြစ်နေမယ်လို့သိပါတယ်။ တစ်ဖွဲ့မှာ မတူညီတဲ့ weapon တွေနဲ့ ability တွေရှိတဲ့ ဟီးရိုး ၅ ယောက်စီပါဝင်ရမှာပါ။ ဂိမ်းထဲမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဟီးရိုးအယောက် ၄၀ ကို စုဆောင်းထားနိုင်မှာဖြစ်ပြီး သူတို့တွေထဲက ဟီးရိုး ၅ ယောက်ကို တိုက်ပွဲမှာ ထည့်သုံး ရမှာပါ။

Oh BiBi ရဲ့ တွဲဖတ်တည်ထောင်သူ လည်းဖြစ် COO (Chief Operating Officer) လည်းဖြစ်တဲ့ Martial Valery ကတော့ FRAG နဲ့ ပတ်သက်ပြီး ခုလိုပြောထားပါတယ်။

“ကျွန်တော်တို့ FRAG ကို စတင်ပြုလုပ်နေတဲ့ လွန်ခဲ့တဲ့ ၆လတုန်းက…Shooter ဂိမ်းတစ်ခုက မိုလ်ဘိုင်းဂိမ်းတွေရဲ့ ထိပ်ဆုံးနေရာကို ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိခဲ့ရပါတယ်။ အခုအချိန်မှာတော့ Fortnite က Shooter ဂိမ်းတွေ ထိပ်ဆုံးနေရာကို ရောက်ဖို့ဖြစ်နိုင်တယ်ဆိုတာကို ပြသလိုက်ပါပြီ။ အဲ့တာကြောင့် ကျွန်တော်တို့အကောင်းဆုံး မိုလ်ဘိုင်း shooter ဂိမ်းနေရာ အတွက် ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ။”

သူ့ရဲ့ပြောပုံအရ FRAG က Fortnite ကို ယှဉ်ပြိုင်မယ့်ဂိမ်းဆိုတာ 99.99 % သေချာနေပါပြီ။ ဒါ့အပြင် FRAG ကို ကောင်းမွန်တဲ့ စံနှုန်းတွေနဲ့ ဖန်တီးထားပြီး စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့လည်း မျှော်လင့်နေပါတယ်လို့ သူ့ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ ရေးထားတာကို တွေ့ခဲ့ရပါတယ်။

Gameplay အနေနဲ့ ကြည့်ရင်လည်း Oh BiBi က FRAG ထဲမှာ ဂိမ်းတစ်ခုအနေနဲ့မဟုတ်ဘဲ ကစားသူတွေရဲ့ လူမှုဆက်ဆံရေး တိုးတက်လာစေဖို့ အတွက်ပါ အကောင်အထည်ဖော်ထားတယ်လို့သိရပါတယ်။ Oh BiBi က သေးပေမယ့် ရည်မှန်းချက်အရမ်းကိုကြီးမားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူ့ရဲ့ အခြေစိုက် စတူဒီယိုက ပဲရစ်မြို့မှာပါ။ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မိုလ်ဘိုင်း ဂိမ်း ၇ ခုနဲ့ မိုလ်ဘိုင်းဂိမ်း လောကထဲကိုဝင်ရောက်ခဲ့တာပါ။ အဲ့ဒီဂိမ်း ၇ ခုထဲမှာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ SUP multiplayer racing’ လည်းပါဝင်ပါတယ်။ သူကလည်း ၁၂ လအတွင်း ဝင်ငွေ ဒေါ်လာ ၁၃သန်း ကျော်ရရှိခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ မကြာခင်မှာ beta ထွက်ရှိလာတော့မယ့် FRAG က လည်း Fortnite ကို စိန်ခေါ်ဖို့အထိ ရည်ရွယ်ထားတဲ့ shooter ဂိမ်းဖြစ်တာကြောင့် လျော့တွက်လို့မရသေးပါဘူး။

အဲ့တာကြောင့် ဘော်ဒါတို့ထဲမှာလည်း သူ့ရဲ့ beta ကို စမ်းကြည့်ချင်နေကြတဲ့သူတွေရှိရင် အပေါ်က လင့်ထဲဝင်ပြီး beta အတွက် register လုပ်ထားလို့ရနေပါပြီနော်။

Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password