NewsReviews

Foursaken Media ရဲ့ Game of Gods မတ်လ ၂၁ရက်မှာ ထွက်ရှိလာတော့မယ်…

Game of Gods က Foursaken Media မှ နောက်ဆုံး ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူ့ကိုမတ်လ ၂၁ ရက်နေ့မှာထွက်ရှိတော့မယ်လို့ အတည်ပြုပြီးပါပြီ။ နာမည်အရ အဆိုပါဂိမ်းကPopulous သို့ Black and White franchise တွေလို God ဂိမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

သူ့အကြောင်းကို Foursaken Media ကနေ စတင် မိတ်ဆက်ပေးခဲ့တဲ့အချိန်က ဒီဇင်ဘာလတုန်းက ဖြစ်ပါတယ်။ Game of Gods က လူသား တွေကို ကယ်တင်/ဖျက်ဆီးလို့ရမယ့် နတ်ဘုရားဂိမ်းတစ်ခုပါ။ နတ်ဘုရားကိုမှ Good God နေရာကနေရော Evil God နေရာကနေပါ ရွေးချယ်ကစားလို့ရပါတယ်။ ဂါထာမန္တာန်တွေကို အကောင်းဆုံးအသုံးချပြီး မှော်ပညာတွေနဲ့ စွမ်းရည်ပြည့် နတ်ဘုရားအဖြစ် လှုပ်ရှားရမှာပါ။

Single Player mode ရော Multiplayer mode ရောပါဝင်ပါတယ်။ ဂိမ်းထဲမှာ ကိုယ့်ရဲ့ဇာတ်ကောင်ကို ဆင်ဖို့ အဝတ်အစားတွေ ချပ်ဝတ်တန်စာတွေ နတ်ဘုရားလက်ဆောင်တွေ စတာတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ နမူနာ ဗီဒီယိုလေးကို တစ်ချက် ရှိုးလိူက်ပါဦး။

Trailer လေးကတော့မိုက်တယ်နော်။ Graphics လေးလဲမိုက်တယ်။ မတ်လထိ စောင့်ရမှာလေးတတစ်ခုပဲ ကြွေဖို့မကောင်းတာပါ။ XD

Game of Gods က မတ်လ ၂၁ရက်နေ့မှာမိုလ်ဘိုင်းဖုန်းတွေပေါ် Full version နဲ့ရောက်လာမှာပါ။ အခုချိန်မှာတေ့Beta အနေနဲ့ပဲ iOS မှာပြီးဆုံးသွားတာကိုတွေ့ရပါတယ်။ ဟုတ်မဟုတ် တစ်ချက်ကြည့်လိုက်ပါဦးနော်။ အက်မင့်ဖုန်းမှာတော့ မတွေ့တော့ပါဘူး။ အဲ့လိုသာဆိုရင်တော့ မတ်လ ၂၁ ရက်ထိ စောင့်ကြရမှာ ဖြစ်ပါတယ်။

Source- https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password