News

Marvel ရုပ်ရှင် တွေထဲအထည့်ခံလိုက်ရတယ့် “Fortnite” က ကနေတဲ့ “Thanos”

Fortnite player တွေရဲ့ လက်စွမ်းပြမှုကြောင့် “Thanos” ကြီးတစ်ယောက်တော့ Marvel ရုပ်ရှင်တွေထဲ ဝင်က နေရပြန်ပါပြီ။အဖြစ်အပျက်စတင်ပုံကတော့ ဒီလိုပါ။ Thanos “Fornite” ဆီရောက်လာပြီး မကြာခင်မှာပဲ Fornite ရဲ့ ကစားအများဆုံးဇာတ်ကောင် ဖြစ်လာခဲ့ပါတယ်။ Gauntlet ကို အပြိုင်အဆိုင်ရှာဖွေကြပြီး Thanos ပုံစံနဲ့ ဝင်ကစားခဲ့ကြပါတယ်။ အဲ့ဒီကနေတစ်ဆင့် SKIN ကကွက် ၃၅ခုကျော်နဲ့ “Tharnos” ကြီးကို ကခိုင်းကြတော့တာပါပဲ။

ကခိုင်းရုံ တင်မကသေးပါဘူး Fortnite က ကနေတဲ့သာနိုးကိုယူပြီး Marvel ရုပ်ရှင်တွေထဲ ထည့်ကြပါသေးတယ်။ “Thanos” က နေတဲ့ပုံကို Marvel ရုပ်ရှင်တွေထဲမှာ edit လုပ်ထားတဲ့ video နှစ်ခုကို ကြည့်ကြည့်လိုက်ကြပါဦး။

It’s a dance battle, Thanos. (x-post from r/FortniteBR) from r/marvelstudios

Thanos using the reality stone to live out his wildest dreams from r/marvelstudios

Thanos ပေါက်ပေါက်တွေ ကြဲပြီး စားနေတဲ့ပုံကို အခြား avengers တွေနဲ့ တွဲပြီး မြင်ရတာ နည်းနည်း ကိုးရိုးကားရားနိုင်ပေမယ့် ရယ်ဖို့တော့ တော်တော်ကောင်းပါတယ်။ Video တွေထဲမှာ သူ့ကကွက်နဲ့သူတော့ ဟုတ်နေတာပါပဲ(XD)။


တော်တော်ကို မျက်နှာပြောင်နိုင်တဲ့ Thanos ပဲ။ ကရင်းနဲ့ကို ဖိုက်တာ။ အကွက်လေးတွေအရမ်းလှတယ်။ 😂)

“Thanos” က Fortnite မှာ အချိန် အကန့်အသတ်နဲ့ပဲ ရှိနိုင်မှာ ဖြစ်လို့ player တွေသူ့ကို ကစားဖို့ Gauntlet ကို အသည်းအသန်ရှာဖွေနေကြပါတယ်။ မငြင်းဆန်နိုင်တဲ့ “Thanos” ရဲ့ ဆွဲဆောင်မှုအောက်မှာ player တွေ နှစ်မြောကုန်ကြတာတော့ မဆန်းပါဘူး။
Avenger: Infinity War ရဲ့ ဒိတ်ဒိတ်ကြဲ Villain “Thanos” ကြီးက Fortnite မှာလည်း ကကွက်လှလှတွေနဲ့ ဒိတ်ဒိတ်ကြဲ dancer တစ်ယောက်အဖြစ် fan တွေရဲ့ အချစ်ကို ရယူနေပါတယ်။ Playon က ဘော်ဒါတွေရော Fortnite မှာ “Thanos” ကို ကခိုင်းပြီးပြီလား။ မကခိုင်းရသေးရင် ကခိုင်းကြည့်လိုက်ဦးနော်။ Time limit ကျော်သွားရင် “Thanos” ကြီးကို မကခိုင်းလိုက်ရပဲဖြစ်သွားဦးမယ်။

 

Ref : polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: