News

Fortnite ရဲ့ အချိန်အကန့်အသတ်နဲ့ “Playground” Mode က “Battle Royale” Mode ကို ယှဉ်နိုင်မှာလား?

Fortnite ရဲ့ developer Epic Games က ပြီးခဲ့တဲ့ လတည်းက Fortnite: Battle Royale ဆီကို “Playground” ဆိုတဲ့ mode အသစ် အချိန်အကန့်အသတ်နဲ့ ရောက်ရှိလာမယ်လို့ ကြေညာထားပါတယ်။ “Playground” Mode ဟာ အရင်ကမြင်ဖူးနေကျ limited time mode တွေနဲ့ မတူပဲ ကွဲထွက်နေမယ့် Creative mode အမျိုးအစားဖြစ်ပြီး Battle Royale Mode ထဲမှာလို ဖိအားတစ်ခုမှမရှိပဲ လွတ်လွပ်လပ်လပ် ကစားလို့ရမှာဖြစ်ပါတယ်။ သူ့ကို ဇွန်လ ၂၇ ရက် အင်္ဂါနေ့မှာ ထွက်ရှိလာမယ့် Game Update 4.5 နဲ့အတူတူ တွဲပြီးမြင်တွေ့ရမယ်လို့မျှော်မှန်းထားကြပါတယ်။ Fortnite update 4.5 မှာ “Playground Mode“ သာမကပဲ Map changes နဲ့ Week 9 Challenges နှစ်ခုပါ ပါဝင်လာမယ်လို့လည်းကြားပါတယ်။

“Playground mode” စပြီးကြေညာထားတုန်းက ဖော်ပြခဲ့တဲ့ “Let your creativity run wild on your own private island!” (သင်တို့ရဲ့ ကိုယ်ပိုင်ကျွန်းပေါ်မှာ တစ်ယောက်ချင်းစီရဲ့ ဖန်တီးနိုင်စွမ်း တွေကို စည်းလွတ်ဝါးလွတ် လွှတ်ပေးလိုက်ပါ) ဆိုတဲ့စာသားနဲ့တင် “Playground” ကို စိတ်ဝင်စားသူတွေရှိခဲ့ပါတယ်။ ကိုယ်ပိုင်ကျွန်းကလည်း တစ်ကျွန်းတည်း အဖော်မဲ့စွာနဲ့တည်ရှိနေမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ squad (match တစ်ခုကို ၄ယောက်) နဲ့ အတူတူ ချိတ်ဆက် ကစားလို့ရမှာဖြစ်ပါတယ်။

Playground mode မှာ Map ရဲ့ နေရာအနှံ့ကို ခြေဦးတည့်ရာလျှောက်သွားပြီး resource တွေကို လိုက်စုနိုင်မှာဖြစ်ပါတယ်။ ရတနာသေတ္တာတွေနဲ့ ကျည်သေတ္တာတွေက နေရာအနှံ့မှာ တည်ရှိနေမှာဖြစ်တာကြောင့်သူကိုတွေကိုလည်း လိုက်ရှာလို့ရပါတယ်။ ဒါ့အပြင် Player တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ရုတ်တရတ်ပစ်ခတ်မှုတွေလည်းပါဝင်တာကြောင့် အဖွဲနဲ့အတူ ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ Respawn mode ပါဝင်တာကြောင့် ချက်ချင်း respawn ပြန်ဖြစ်လာမှာပါ။

Playground က Battle Royale mode လို ပုံစံမဟုတ်ပဲ ကျွန်းပေါ်မှာ မြေပုံအတိုင်း လျှောက်သွားပြီး resources တွေကို လိုက်ရှာဖွေရမယ့်ပုံစံ ကစားရမှာပါ။ အရင်တုန်းကထွက်ရှိခဲ့တဲ့ 50 vs 50 mode လိုပဲ အကြာရှိရှိနေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို creative mode က ပထမဦးဆုံးအနေနဲ့ စပြီး စမ်းသပ်ပြုလုပ်တာဖြစ် တာကြောင့် နောက်ပိုင်းမှာ limited time mode နဲ့မဟုတ်ပဲ permanent fixture အနေနဲ့ တည်ရှိလာဖို့မျှော်မှန်းထားတယ်လို့လည်း Epic Games ကဆိုထားပါတယ်။

ကဲ.. Playon ကဘော်ဘော်တို့လည်း ထွက်မယ်ထွက်မယ်နဲ့ delay ဖြစ်ဖြစ်နေတဲ့ “Playground” mode ကို စမ်းကြည့်ဖို့အဆင်သင့်ဖြစ်နေကြပြီလား။ အဆင့်သင့်ဖြစ်နေပြီဆိုရင် အခုထွက်လာမယ့် Update 4.5 ကို လေ့လာကြည့်ဖို့မမေ့ကြနဲ့နော်။ အရင် update 4.3 မှာလည်း ပါမယ်ပါမယ်နဲ့ “bugs” တွေကြောင့်ဆိုပြီး delay ဖြစ်ခဲ့ပါသေးတယ်။ အဲ့တာကြောင့် ဒီတစ်ခေါက် update 4.5 မှာလည်း “Playground” မပါလာရင် Admin ကိုစိတ်မဆိုးကျနဲ့နော် (😜) နောက်တာပါ။ ဒီတစ်ခေါက်တော့ “Playground mode” ကို တကယ်ဆော့ရတော့မှာပါ။ (😆) Battle Royale mode ကိုအမှီလိုက်နိုင်မှာလား၊ အမှီမလိုက်နိုင်ဘူးလားဆိုတာကိုတော့ ကစားကြည့်မှပဲသိရမှာမို့လို့ ထွက်လာမှာပဲ ကိုယ်တိုင် စမ်း play ကြည့်ကြတာပေါနော့်။

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password