News

၂၀၁၉ အတွက် Fortnite World CUP နဲ့ အခြား event တွေမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ အထိ ခွဲဝေသုံးသွားမယ့် Epic Games

Epic Games က ၂၀၁၉ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် Fortnite event တွေနဲ့ World Cup အတွက် အမေရိကန်ဒေါ်လာ သန်း၁၀၀ ထိခွဲဝေသုံးသွားမယ်လို့သိရပါတယ်။ Epic Games ရဲ့ ကြေညာချက်အရ ဧပြီလ ၁၃ ရက်ကနေ ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပသွားမယ့် ၁၀ပတ်တာ အွန်လိုင်း ပွဲစဉ် တွေကနေစတင်ပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ အပတ်စဉ်တိုင်းမှာ အရည်ချင်းပြည့်မှီတဲ့ ကစားသမားတွေအတွက် ဒေါ်လာ တစ်သန်းစီ သုံးသွားပေးမယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းက ထိပ်ဆုံး ၁၀၀ တစ်ဦးချင်း ကစားသမားတွေနဲ့ ထိပ်ဆုံး ၅၀ အသင်းလိုက် ကစားသမားတွေကို နယူးယော့မြို့မှာ ဇူလိုင်လ ၂၆ ကနေ ၂၈ ရက်အတွင်း ကျင်းပမယ့် Fortnite World Cup Final ပွဲစဉ်ကို ခေါ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ဆုကြေးအဖြစ် သုံးသွားမယ်လို့ သိရပြီး ယှဉ်ပြိုင်သူ တစ်ဦးစီအနေနဲ့ အနည်းဆုံး ဒေါ်လာ ၅သောင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။ တစ်ဦးချင်း Solo ယှဉ်ပြိုင်သူတွေ အနေနဲ့တော့ ဒေါ်လာ ၃ သန်းအထိ ရပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။

Battle Royale ကစားသမားမဟုတ်တဲ့ သူတွေအတွက်လည်း Epic Games မှ Fortnite World Cup Finals မှာ ကွဲပြားတဲ့ mode တွေ Format တွေ နဲ့ custom challenge တွေကို လုပ်ပေးဖို့ရှိတယ်လို့ ကြေညာထားပါတယ်။ Fortnite ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်မယ့် player တွေအနေနဲ့ အသက်အရွယ်အားဖြင့် အနည်းဆုံး ၁၃ နှစ်နဲ့ အထက်ရှိရမယ်လို့ သိရပါတယ်။ ၁၃ နှစ် နဲ့ ၁၇ နှစ် ကြားရှိတဲ့ ကစားသမားတွေအနေနဲ့ မိဘ သို့ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် ရရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေအားလုံး သူတို့အသုံးပြုတဲ့ Epic account တွေကို လေးစားမှု ရှိရမယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် …Playon က ဘော်ဒါတို့တွေရေ.ဆုကြေးငွေတွေကို စိတ်လှုပ်ရှားဖို့ကောင်းအောင်ပေးမယ့် Fortnite World Cup ပွဲစဉ်တွေကို စောင့်ကြည့်ကြဖို့ မမေ့နဲ့ကြဦးနော်။

Source-https://m.ign.com/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password