News

Fortnite Android က ဇူလိုင် ၂၄ မှာထွက်မှာလား???

ဘာမှမစရသေးခင် အရင်ဆုံးကြိုပြောထားပါမယ်.. ဒါက ခန့်မှန်းပြောဆိုနေကြတဲ့အဆင့်ပဲရှိသေးတဲ့ အကြောင်းအရာတစ်ခုပါ။ သတင်းဖြစ်လာပုံက ဇူလိုင် ၉ ရက်နေ့တုန်းက တရုတ် Publisher ကြီး Tencent က သူ့ရဲ့ twitter ကနေ “Fortnite, Wow!, It’s coming” ဆိုပြီး ဇူလိုင် ၂၄ ရက်ကိုပြထားတဲ့ calendar ပုံလေးကို tweet ခဲ့ပါတယ်။ ပြီးတော့ အဲဒီပုံထဲမှာပဲ Tencent ရဲ့ WeGame service logo လေးကိုဖော်ပြထားသေးတော့ သေချာတာတစ်ခုကတော့ Fortnite က တရုတ်နိုင်ငံကို ဇူလိုင် ၂၄ မှာလာတော့မယ်ဆိုတာပဲဖြစ်ပါတယ်။

WeGame ဆိုတာက Steam ကို ဖိုက်ဖို့ထုတ်ထားတဲ့ Tencent ရဲ့ ကိုယ်ပိုင် Game Store ပါ။ အဲဒီတော့ ဇူလိုင် ၂၄ မှာလာမယ့် Fortnite ဆိုတာက PC အတွက်ဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါပေမယ့် လူတွေထုံးစံအတိုင်း ဒီကိစ္စကို လည်ပင်းရှည်မတတ်မျှော်နေရတဲ့ Android version ကိစ္စနဲ့ သွားပြီးဆက်စပ်ကြပါတယ်။ အဲ့လိုစဉ်းစားရလောက်အောင်လည်း အကြောင်းအရာတွေက ချိတ်ဆက်မိနေပါတယ်။

ပထမဦးဆုံးအနေနဲ့ Tencent ဟာ တရုတ်နိုင်ငံတွင်းမှာ Mobile Game တွေကို အဓိကကိုင်တွယ်ပါတယ်။ Honor of Kings (Arena of Valor) နဲ့ PUBG Mobile တို့က သူ့ရဲ့အထင်ကရဂိမ်းတွေပါ။ ပြီးတော့ တရုတ်နိုင်ငံမှာ PlayStore မရှိတဲ့အတွက် Fortnite ရဲ့ Android release ကို Tencent ကပဲကိုင်တွယ်ရမှာပါ (Fortnite ကိုရေးတဲ့ Epic Games ကို Tencent ကပိုင်ပါတယ်)။ အဲဒီတော့ ဘယ် platform အတွက်ရယ်လို့ ရေရေရာရာမဖော်ပြထားတဲ့ Tencent ရဲ့ teaser ကို Android release နဲ့သွားချိတ်ကြတာ မဆန်းလှဘူးလို့တောင်ပြောရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Epic Games က Fortnite Android ဟာ ၂၀၁၈ နွေရာသီမှာလာမယ်လို့ ကြေညာထားပြီးဖြစ်တော့ တကယ်ထွက်မယ့်ရက်က တော်တော်လေးကို နီးကပ်နေပါပြီ။ ပြောမယ်ဆို နွေရာသီအကုန်မှာမှထုတ်မယ်ဆိုရင်တောင် ၁ လစွန်းစွန်းလေးပဲလိုပါတော့တယ်။ လောလောဆယ် ဇူလိုင် ၂၄ ကိစ္စကိုတော့ တရားသေကြီးမဟုတ်ပဲ rumour တစ်ခုအနေနဲ့ပဲ စိတ်ထဲမှာတေးမှတ်ထားလိုက်ကြပါဦး။ ကိုယ်တွေမှာလည်း Fortnite နဲ့ Date တစ်ခုခုတွဲမြင်တိုင်း Android လားဆိုပြီး ခေါင်းထောင်ထောင်ကြည့်ရတဲ့ဘဝက ကျွတ်ချင်လှပြီမို့ ၂၄ မှာ တကယ်ထွက်လာပါစေလို့ မျှော်လင့်မိပါတယ်။

Ref: DroidGamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: