
Fortnite ဂိမ်းကစားနေတုန်း အနှောင့်အယှက်ပေးမိတဲ့ ဇနီးသည်ကို Twitch streamer က ဒေါသထွက်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုက်နှက်တဲ့ ဗီဒီယိုက YouTube သာမက Twitter ပေါ်မှာပါ ပျံ့နှံ့လာတဲ့အတွက်အဖမ်းခံရခဲ့တာလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ သြစတေးလျတိုက်သား တစ်ယောက်ဖြစ်ပြီး ဂိမ်းကစားနေတုန်း ပြစ်မှုကျူးလွန်ခဲ့တာ သေချာတဲ့အတွက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အောက်မှာ သူတို့ ခိုက်ရန်ဖြစ်ပွားတုန်းက ဗီဒီယိုလေးကို ပြပေးထားပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသားရဲ့ နာမည်ကို မသိရပေမယ့် သူ့ရဲ့ stream account မှာတော့ MrDeadMoth ဆိုပြီးတွေ့ရပါတယ်။Streamer Fortnite ကစားနေတုန်း မှာ သူ့ရဲ့ မိန်းမက ဂိမ်းကစားနေတာဟာ အချိန် တော်တော် ကြာနေပြီဖြစ်ကြောင်း၊ ကစားတာကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း လာပြောတာကို ဒေါသထွက်မိပြီး ထရိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ပွဲအခြေအနေက ပိုပြီး ပြင်းထန်လာတဲ့အခါမှာ အဆိုပါ အမျိုးသားက ထလာပြီး streaming လုပ်နေတဲ့ ကင်မရာကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့မိန်းမရဲ့ အော်သံကို တော့ ဆက်ပြီးကြားနေရပါတယ်။ ခဏ ကြာတော့ ထိုင်ခုံစီကို ပြန်လာပြီး ကစားတာကို ဆက်ခဲ့ပါတယ်။ ရန်ပွဲကတော့ ဆက်ပြီး ဖြစ်နေတုန်းပါပဲ။ ခဏကြာတဲ့အချိန်မှာတော့ MrDeadMoth က သူ့အမျိုးသမီးကို ရိုက်နှက်ခဲ့တယ်လို့ ရဲအဖွဲ့ရဲ့ ကောက်ချက်ချမှုကို ခံရခဲ့ပါတယ်။
Fortnite woman beater Part 2 pic.twitter.com/LKARJVoMEZ
— KEEM 🍿 (@KEEMSTAR) December 9, 2018
ဘယ်လို ရိုက်နှက်ခဲ့ သလဲဆိုတာ ဗီဒီယိုမှာ မပေါ်ပေမယ့် ဇနီးဖြစ်သူ အမျိုးသမီးရဲ့ အော်သံက ကျယ်ကျယ်လောလောင်လောင် စူးစူးဝါးဝါးကြီးထွက်လာခဲ့ယ်။ အဲ့ဒီဖြစ်စဉ်ကြောင့်ပဲ streamer က အဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဆိုအရ အခင်းဖြစ်ပွားစဉ်က အိမ်ထဲမှာ အသက် ၃နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့ လ၂၀ရှိ တဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်လို့လည်း သိရှိရပါတယ်။
MrDeadMoth က နာမည်ကြီး streamer တစ်ယောက်မဟုတ်ပဲ ပရိသတ် အနည်းငယ် ပဲရှိတဲ့ ဝါသနာရှင် streamer တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ပရိသတ်အနည်းငယ်ကပဲ သူအခင်းဖြစ်တုန်းက ဗီဒီယိုကို YouTube နဲ့ Twitter တို့မှာဖြန့်ဝေခဲ့ကြတာပါ။ ကာယကံရှင် အမျိုး သမီးကတော့ အများကြီး ထိခိုက်သွားတာမရှိပေမယ့် အဆိုပါဖြစ်စဉ်ကြောင့် တော်တော်လေး ထိတ်လန့် တုန်လှုပ်သွားတယ်လို့ သိရပါတယ်။