
Fortnite ရဲ့ streamer Tyler “Ninja” Blevins က လက်တလော ကမ္ဘာဝှမ်းမှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ video game player တစ်ယောက်ဖြစ်ပါတယ်။သူ့ကို ၁၉၉၁ ဇွန်လ၅ရက်နေ့ မှာဖွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ မှာ follower ၇သန်းကျော် ၊ viewer ၈သောင်းကျော် နဲ့ Twitch ရဲ့ ပေါ်ပျူလာအဖြစ်ဆုံး streamer အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Drake နဲ့ အခြား celebrities တွေနဲ့ Fortnite ပြိုင်ကစားရင်းအနိုင်ရရှိခဲ့တဲ့ Live Stream တွေကိုလဲအောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ သူ့ကို Fortnite fan တွေဆိုရင် ကောင်းကောင်းသိကြမှာပါ။ မသိသေးတဲ့သူတွေလည်း YouTube နဲ့ Twitch မှာလည်း သူ့ရဲ့ ဗီဒီယိုတွေကို သွားရောက် ကြည့်ရှုနိုင်ပါတယ်။
အသက် ၂၇ နှစ်ရှိ ပြီဖြစ် တဲ့ Blevins ဟာ esports star တစ်ယောက်အဖြစ် Halo ကို စတင်ကစားရင် နာမည်ရလာသူတစ်ယောက်ပါ။၂၀၀၉ ခုနှစ် MLG Orlando မှာ ကျင်းပခဲတဲ့ Halo event မှာ ပထမဦးဆုံး ဝင်ပြိုင်ပြီး သူ့ရဲ့ career ကို စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မှာ သူ့ရဲ့ ပထမဦးဆုံး Halo championship ဖြစ်တဲ့ Halo 4 အတွက် Warriors အသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
သူ့ရဲ့ Esports career မှာ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက်မှာတော့ Blevins က ၂၀၁၇ ခုနှစ်မှာ streaming ဘက်ကို အာရုံစိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၂၀၁၇ခုနှစ်နှောင်းပိုင်း Fortnite ဆီကို မကူးပြောင်းခင် Player Unknown’s Battlegrounds (PUBG) မှာလည်း ပရိသတ် အများအပြားရရှိခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာ YouTube နဲ့ Twitch ပေါ်မှာ Fortnite ကို streaming လုပ်နေကြတဲ့သူတွေ အချိန်တိုင်း ရာနဲ့ချီပြီး ရှိနေပေမယ့် Blevins က ရာချီထဲက အကောင်းဆုံး streamer တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲ့တာတင်မကသေးပါဘူး Twitch မှာရှိတဲ့ အတော်ဆုံး streamer တွေ အားလုံး အာရုံစိုက် သတိထားနေရတဲ့ ပြိုင်ဘက်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ Ninja ရဲ့ Gaming နဲ့ပတ်သက်တဲ့ အောင်မြင်မှုတွေဟာ တော်တာထက်ကိုပိုတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တယ် ဆိုတာကို သက်သေပြနေပါတယ်။ Ninja ဟာ ၂၀၁၇ မှာ သူ့ရဲ့ ချစ်သူနဲ့ လက်ထက်ခဲ့ပြီး သူ့ရဲ့ ဇနီးကိုလည်း Fortnite ကစားနည်းတွေနေ့တိုင်း သင်ပေးတယ်လို့သိရပါတယ်။
This year our Live at E3 theme music comes from @marshmellomusic who will join us live and do a Let’s Play with @Ninja! Going to be a huge year for @e3 and our live show. pic.twitter.com/GPLfD3FMlD
— Geoff Keighley (@geoffkeighley) June 4, 2018
Tyler Blevins က အောင်မြင်တဲ့ streamer တစ်ယောက်ဖြစ်ရုံတင်မကပါဘူး ။သူ့ရဲ့ steam ကရရှိတဲ့ ဝင်ငွေတွေကို လည်း ပြန်ပြီး လှူဒါန်းလေ့ရှိတဲ့အတွက် ပရဟိတ လှူဒါန်းမှုတွေမှာလည်း နာမည်ကြီးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ ဟာ အခုလက်ရှိမှာ Fortnite Twitch streamer တစ်ယောက်အဖြစ် လုပ်ဆောင်နေပြီး သူ့ရဲ့ လစဉ်ဝင်ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ၅သိန်း(မြန်မာငွေ – ၆၇၅၀ သိန်း) လောက် ရှိတယ်လို့သိရပါတယ်။ Wow!!! တော်တော်လေးကို များတဲ့နှုန်းထားပဲနော်..ဒါတောင်တစ်လစာပဲရှိသေးတာတဲ့… (:o) Blevins ကိုလာမယ့် ဇွန်လ၁၁ ရက်နေ့မှာ သူ့ရဲ့သူငယ်ချင်း Fortnite player, Marshmellow ( Dj Star) နဲ့အတူ “YouTube E3 Livestream” မှာ Guest တစ်ယောက်အဖြစ်တွေ့ရဦးမှာဖြစ်ပါတယ်။
Ninja ရဲ့ အကြောင်းကတော့ ဒီလောက်ပါပဲနော်။ Gaming လောက ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ သတင်းတွေကိုလည်း Playon ကနေ ထပ်မံတင်ပြပေးဖို့ရှိသေးတဲ့အတွက် ဆက်လက် စောင့်မျှော်ဖတ်ရှုပေးသွားကြပါဦးနော်။
Ninja Facebook : Click Here
Ninja Twitter : Click Here
Ninja YouTube : Click Here
Ninja Twitch : Click Here