ArticleNews

60FPS ကို မိုဘိုင်းလ်ဗားရှင်းမှာ support လုပ်ပေးနေပြီဖြစ်တဲ့ Fortnite! ဒါပေမယ့်… 

Epicgames ဟာတော့ Fortnite mobile version အတွက် 60FPS support လုပ်ပေးမှုကို သူ့ရဲ့နောက်ဆုံး patch မှာထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Fortnite ရဲ့ထုံးစံအတိုင်းလို့ပဲဆိုရမလား 60FPS support လုပ်ပေးမှုမှာ စျေးကိုင်မှုလေးရှိနေပါတယ်။ 60FPS gaming experience ကို iOS platform ပေါ်က Apple ရဲ့နောက်ဆုံးထွက်ဖုန်းတွေဖြစ်တဲ့ iPhone Xs, iPhone Xs Max နဲ့ iPhone XR device တွေရဲ့ပိုင်ရှင် player တွေသာခံစားခွင့်ရှိမှာဖြစ်ပါတယ်။ တခြား device တွေအတွက်ကတော့ လာမယ့် patch မှာပဲမျှော်လင့်ရမှာပါ။ 😅)

Fortnite ကို mobile မှာ အရင်တုန်းကဆိုရင် 20 နဲ့ 30 FPS လောက်ပဲ run နိုင်တဲ့အနေအထားကနေ အခု 60FPS အထိထားပြီးဆော့ကစားနိုင်အောင်ပြုလုပ်ပေးလိုက်တာကြောင့် gaming experience ပိုင်းမှာသိသာတဲ့ပြောင်းလဲမှုတစ်ခုလို့ဆိုရမှာပါ။ Fortnite ရဲ့ 60FPS gaming exp ကို Xbox One, PS4 နဲ့ PC (သုံးထားတဲ့ specs ပေါ်မူတည်ပြီး 60fps ထက်များနိုင်) တို့မှာ ရရှိနေခဲ့ပြီးပြီဖြစ်ပေမယ့် Switch မှာတော့ 30FPS ကမတက်သေးပါဘူး။ ဆိုတော့ Fortnite mobile ဟာတခြား platform တွေနဲ့ ယှဉ်နိုင်နေပြီဖြစ်တဲ့အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

Screenshot from 60FPS mobile gameplay

အဲ့လို Frame rate အနည်းအများဟာ ဂိမ်းရဲ့ smooth ဖြစ်မှုနဲ့ Lag (or) Crash ဖြစ်တဲ့နေရာမှာစကားပြောပါတယ်။ ဆိုလိုတာက Frame rate များလာလေလေ အဲ့လိုပြဿနာတွေကနည်းလာလေလေပါပဲ။ အဲ့လို Frame rate များများနဲ့ gaming exp အကောင်းကြီးကိုခံစားမယ်ဆိုရင်တော့ Battery comsumption ကလည်းသိသိသာသာဖြစ်လာမှာပါ။

နောက်တစ်ဆုံးတစ်ခုပြောစရာရှိပါသေးတယ်။ အဲ့ဒါကတော့ 60FPS ကိုဖော်ပြထားတဲ့ device ၃ ခုထဲက iPhone XR နဲ့ဆော့ကစားတဲ့အခါမှာ device ကသိသိသာသာ heat တက်လာပြီး Frame rate ကလည်း 30FPS အထိပြန်ထိုးဆင်းသွားပါတယ်တဲ့နော်။ ဒါကတော့ Reviewer တစ်ယောက်ရဲ့စမ်းသပ်မှုအရသိရှိရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာ ရေးသားသူကတော့ သူသတ်မှတ်ထားတဲ့ premium device တွေမကိုင်နိုင်သေးတဲ့အတွက် သူများ gameplay ဗီဒီယိုတွေမှာ 60fps gaming experience လိုက်ခံစားနေပါတယ်ခင်ဗျာ 😁)

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password