News

ထွက်ရှိပြီး တစ်နှစ်ခန့် အကြာမှာကစားသူအရေအတွက် ၁၂၅ သန်း အထိရှိလာတဲ့ Fortnite

Fortnite ထွက်ရှိပြီး တစ်နှစ်မပြည့်ခင်မှာပဲ စာရင်းသွင်းထားတဲ့ ကစားသမားအရေအတွက်ဟာ ၁၂၅ သန်းအထိ မြင့်တက်လာခဲ့တယ်လို့ Epic Games က တနေ့က ထုတ်ပြန်ခဲ့တဲ့ post မှာ အတည်ပြုကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း Epic ရဲ့ ရင်းနှီးမြုပ်နှံသူ Tencent က Fortnite ကစားသူအရေအတွက် တစ်လကို သန်း ၄၀ ရှိကြောင်း အတည်ပြုခဲ့ဖူးပါတယ်။ Fortnite က ဇူလိုင် ၂၀၁၇ ကတည်းက ထွက်ရှိခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ battle mode ကိုတော့ စက်တင်ဘာလ ၂၀၁၇ တုန်းကမှ ကစားလို့ရခဲ့တာဖြစ်ပါတယ်။

Fortnite ကို မနေ့တုန်းက စပြီး Nintendo Switch မှာ ကစားလို့ရနေပါပြီ။ ထုံစံအတိုင်း Switch fan တွေကြားမှာလည်း ချက်ချင်းဆိုသလို ရေပန်းစားလာတဲ့ ဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလို platform တွေ အားလုံးမှာ အောင်မြင်မှု ရနေတဲ့ Fortnite ရဲ့ အစွမ်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒါပေမယ့် အခုအချိန်ထိ Fortnite ကို Android ပေါ်မှာ ကစားလို့ မရသေးတာတော့ Fortnite အတွက် လိုအပ်ချက်တစ်ခုလိုဖြစ်နေဆဲပါ။

၂၀၁၇ ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်း Android အသုံးပြုသူ အရေအတွက် ၂ ဘီလီယံထိ ရှိခဲ့တယ်လို့ Google ကအတည်ပြုခဲ့ပါတယ်။ အဲ့တာကြောင့် ကမ္ဘာပေါ်အသုံးအများဆုံးဖြစ်နေတဲ့ Android လောကထဲကို Fortnite သာအခြေချနိုင်သွားရင် သူ့ရဲ့အောင်မြင်မှုကတော့ နှစ်ဆပါပဲ။ အဲ့ဒီအချက်ကြောင့် Epic ကလည်း Android version ကို မဖြစ်မနေ ထုတ်နိုင်အောင် ကြိုးစားမှာပါ။ အဲ့တာကြောင့် Android user တွေလည်း မကစားရမှာ စိတ်မပူနဲ့နော်။ Admin ကတော့ Fortnite ရဲ့ Android version လာမယ့် စက်တင်ဘာလ နှောင်းပိုင်း လောက်မှာ ထွက်ရှိမယ်လို့ ကြားထားပါတယ်။ သေတော့မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လပိုင်းလောက်စောင့်ပြီးရင် တော့ သေချာပေါက် ကစားနိုင်မှာပါ။

See also – Android version ထွက်ရှိမယ့်ရက်ကို ကြေငြာလိုက်တဲ့ Fortnite

Fortnite World Cup ပွဲစဉ်တွေကို ကမ္ဘာတစ်ဝှမ်းမှာ community organized events, online events နဲ့ major organized competitions အဖြစ်ကျင်းပမှာဖြစ်ပြီး လူတန်းစားမရွေး အသက်အရွယ်မရွေး လွတ်လပ်စွာပါဝင် ဆင်နွှဲ အနိုင်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။ Fortnite World Cup ခြေစစ်ပွဲကို အခု၂၀၁၈ နှောင်းပိုင်းမှာ စတင်မှာဖြစ်ပြီး ပထမဦးဆုံး Fortnite World Cup ကို ၂၀၁၉ နှောင်းပိုင်းမှာ အဆုံးသတ်မယ်လို့ သိရပါတယ်။ ကိုယ်တိုင်ပဲ ဝင်ရောက်ယှဉ်ပြိုင်ပြိုင် အိမ်မှာပဲစောင့်ကြည့်ကြည့် Fortnite Esports ပွဲစဉ်တွေနဲ့ အားလုံးကို ပျော်ရွှင်စေချင်တယ်လို့လည်း Blog Post ထဲမှာရေးထားပါသေးတယ်။ ဆုကြေးငွေအဖြစ် ဒေါ်လာသန်း၁၀၀ ကို ကမ္ဘာတစ်ဝှမ်းက မတူညီတဲ့ ပြိုင်ပွဲ level တစ်ခုစီမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ Fortnite World Cup play က Solos နဲ့ Duos ကို အဓိကထား အားရုံစိုက်မှာဖြစ်ပေမယ့် ပြိုင်ပွဲမှာ အခြားအခွင့်အရေးတွေအများကြီး ပါဝင်ဦးမယ်လို့သိရပါတယ်။အကြောင်းအရာ အပြည့်အစုံကို ထပ်မံ သိရှိချင်ရင်လည်း ဒီ link ထဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။

 

Source: Epicgames

Ref: Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: