News

Android ဖုန်းမော်ဒယ်အချို့ကိုတိုးချဲ့ support လုပ်မှုနဲ့ Feature အသစ်ပါဝင်လာတဲ့ Fornite update

Epicgames ဟာတော့ Fortnite ရဲ့ Android version အသစ် v5.40 ကိုပြီးခဲ့တဲ့ရက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး Bug တွေပြင်ဆင်ထားမှု၊ Feature အသစ်ထည့်သွင်းမှုနဲ့ Support လုပ်တဲ့ Android ဖုန်းမော်ဒယ်တွေကိုပါ တိုးချဲ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Android Platform ကို Fortnite စစချင်းရောက်လာတုန်းက Android Device တွေအားလုံးကို Support လုပ်ထားတာမျိုးမဟုတ်ပဲ Samsung, Google, Asus, Essential, Huawei, LG, Nokia, OnePlus, Razer, Xiaomi, ZTE အစရှိတဲ့ Brand တွေထဲက ဖုန်းမော်ဒယ်အချို့ကိုပဲ Support လုပ်ထားခဲ့တာဖြစ်ပါတယ်။ (Support လုပ်ထားတဲ့ ဖုန်းမော်ဒယ်အတိအကျကိုတော့ ဒီကနေ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။)

အခု Patch အသစ်မှာတော့ အဲ့ဒီ Support လုပ်ထားတဲ့ ဖုန်းမော်ဒယ်တွေအပြင်

  • HTC ရဲ့ 10, U Ultra, U11/U11+, U12+
  • Lenovo/ Motorola ရဲ့ Moto Z/ Z Droid, Z2 Force
  • Sony ရဲ့ Xperia: XZ/ XZs, XZ1, XZ2  အစရှိတဲ့ ဖုန်းမော်ဒယ်တွေကို တိုးချဲ့ပြီး Support လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Update မှာပါဝင်တဲ့ Feature အသစ်တစ်ခုကတော့ Voice Chat ပဲဖြစ်ပါတယ်။ ဆိုတော့ Fortnite ကို Squad လိုက်ဆော့ကစားနေကျတဲ့ မိတ်ဆွေတွေအတွက် ဒီ Feature လေးက တော်တော်အထောက်အကူပြုသွားမှာပါ။ ဒါ့အပြင် Major update အနေနဲ့ Game ရဲ့ performace ကျသွားတာမျိုးမဖြစ်ရအောင် Memory Optimization ကိုလည်းပြုလုပ်ထားသေးတယ်လို့သိရပါတယ်။ အဲ့ဒီ update ကြောင့် ဂိမ်းဆော့နေတဲ့အခါမျိုးမှာ ထစ်တာမျိုး (lag) တွေအရင်ကလည်း လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

နောက်ဆုံး Major update တစ်ခုကတော့ In-game မှာ game mode အသစ်တစ်ခုထည့်သွင်းပေးတာပဲဖြစ်ပါတယ်။ Getaway LTM ဆိုတဲ့ Game mode အသစ်တစ်ခုပါဝင်လာတာဖြစ်ပါတယ်။ Getaway LTM ကတော့ ပုံမှန်ဆော့နေကျ game mode တွေလိုမျိုး Survive လုပ်နိုင်ရုံနဲ့ အနိုင်ရရှိမှာမဟုတ်ပဲ သတ်မှတ်ထားတဲ့ တာဝန်ကိုလုပ်ဆောင်မှ အနိုင်ရမှာပါ။ Getaway LTM game mode မှာဆိုရင် လေးယောက်တစ်ဖွဲ့ ကို အဖွဲ့လေးဖွဲ့နဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်နေမှုထက် ဒီ game mode မှာအရေးကြီးတာက ပစ္စည်းတွေရှာဖွေမှုပါ။ Challenge အတွက်သတ်မှတ်ထားတဲ့ ရတနာတွေကို အဖွဲ့လိုက်ရှာပြီး Getaway ဆိုတဲ့အတိုင်း Van ကြီးတစ်ခုကိုလိုက်ရှာပြီး လစ်ရမှာဖြစ်ပါတယ်။

ပိုပြီးမြင်သွားအောင် Fornite: Getaway LTM mode ကိုဆော့ကစားထားတဲ့ Trailer နဲ့ Gameplay ဗီဒီယိုတစ်ခုကိုရှိုးလိုက်ပါဉီး။

Trailer 👇

 

Gameplay 👇

Source 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: