News

၁၀ ရက်တည်းနဲ့ ဒေါ်လာ ၅ သန်း ဝင်ငွေရရှိခဲ့တဲ့ Fortnite Mobile

Fortnite ကတော့ ရှယ်ပွဲကြမ်းနေပါတယ်။ Fortnite Mobile ဟာ စထွက်ပြီး ၁၀ ရက်အတွင်းမှာ ဒေါ်လာ ၅ သန်း ဝင်ငွေရရှိခဲ့တယ်လို့ Mobile App စျေးကွက်ကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့ Sensor Tower က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နှိုင်းယှဉ်ပြတဲ့အနေနဲ့ Knives Out နဲ့ Rules of Survival တို့ရဲ့ ပထမ ၁၀ ရက်ဝင်ငွေကို ယှဉ်တွဲဖော်ပြထားခဲ့ပါတယ်။ အဲဒီ Chart ထဲမှာ Knives Out က $355,000 နဲ့ Rules of Survival က $135,000 အသီးသီးတို့သာ ရရှိခဲ့ကြတာကို တွေ့ရမှာပါ။ အဲဒီပမာဏတွေနဲ့ယှဉ်ကြည့်လိုက်ရင် Fortnite Mobile က ဘယ်လောက်တောင် အလုပ်ဖြစ်နေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ပိုပြီးအံ့သြဖို့ကောင်းတာက Fortnite ဟာ လောလောဆယ်အချိန်မှာ Global Release တောင်မလုပ်ရသေးပဲ Invite Only အခြေအနေမှာကို ဒီလောက်ဝင်ငွေရရှိနေခဲ့တာဖြစ်ပါတယ်။ Global Release သာလုပ်လိုက်ခဲ့ရင် ဒီပမာဏက ဘယ်လောက်ထိတောင်များသွားမယ်ဆိုတာ စဉ်းသာစဉ်းစားကြည့်လိုက်ပါ။ 😆

fortnite-first-10-days-revenue

Source: Sensor Tower

Ref: PG

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: