News

Mobile မှာ Fortnite က PUBG ထက် ဝင်ငွေပိုရနေ

PC နဲ့ Console ပေါ်မှာ Fortnite က PUBG ကို ကျော်တက်မယ့် အရိပ်အယောင်တွေကို တရိပ်ရိပ်နဲ့ မြင်တွေ့လာရပါပြီ။ ဒါဆို အသစ်ချဲ့ထွင်ထားတဲ့ Mobile စျေးကွက်မှာရော.. စိတ်မကောင်းစွာပဲ PUBG က အခြေအနေ မလှလှပါဘူး။ ဘာကြောင့်လည်းဆိုတော့ PUBG Mobile မှာ IAP တွေစထည့်ထည့်ချင်း ရက်သတ္တပတ်ရဲ့ ဝင်ငွေက Fortnite ရဲ့ Week 1 ဝင်ငွေရဲ့ ငါးပုံတစ်ပုံသာ ရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Mobile App စျေးကွက်ကို စောင့်ကြည့်လေ့လာတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sensor Tower ရဲ့ report အရဆိုရင် တရုတ်နိုင်ငံပြင်ပက PUBG Mobile ကစားသူတွေဟာ iOS ပေါ်မှာ ဒေါ်လာ ၇၀၀,၀၀၀ ခန့်သုံးစွဲခဲ့ကြပြီး အဲဒီပမာဏဟာ Fortnite စထွက်ထွက်ချင်း ရက်သတ္တပတ်က ရရှိခဲ့တဲ့ ဒေါ်လာ ၃.၇ သန်းနဲ့ယှဉ်လိုက်ရင် အင်မတန်ကိုမှ ကွာခြားနေတာပဲ ဖြစ်ပါတယ်။ Android နဲ့ iOS Platform ၂ ခုလုံးကရတာကိုပေါင်းလိုက်ရင် PUBG Mobile က ဒေါ်လာ ၁ သန်းခန့် ရရှိခဲ့တယ်လို့ ခန့်မှန်းရပေမယ့် အဲဒီပမာဏဟာလည်းပဲ Fortnite ကို ရင်ပေါင်တန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

pubg-mobile-vs-fortnite-first-week-revenue

စစ်တမ်းကောက်ယူခဲ့တဲ့ ကာလက အခြေအနေတွေကို နှိုင်းယှည်ကြည့်မယ်ဆိုရင် PUBG Mobile မှာ IAP စတင်ထည့်သွင်းချိန်မှာ iOS ပေါ်မှာ Download ပြုလုပ်ထားသူ ၂၂ သန်းခန့်ရှိနေပြီဖြစ်ပါတယ်။ Fortnite ဟာ စထွက်ထွက်ချင်းတုန်းက Download အရေအတွက် ၃.၇ သန်းရှိခဲ့ပေမယ့် Beta Invite Event ကြောင့် တကယ်တမ်း ဆော့လို့ရသူဦးရေက အဲဒီထက် အများကြီးနည်းပါတယ်။

Sensor Tower ကတော့ “Fortnite ဟာ လက်ရှိအချိန်မှာ PUBG ထက်ပိုပြီး ရေပန်းစားနေပါတယ်။ ပြီးတော့ Fortnite Mobile မှာ ဝယ်ယူလိုက်တဲ့ Item တွေက အခြား Platform တွေပေါ်မှာလည်း အသုံးပြုလို့ရတာဖြစ်တဲ့အတွက် လူတွေက Fortntie Mobile မှာ ပိုက်ဆံပိုမိုသုံးစွဲဖြစ်ကြတာလည်း ဖြစ်နိုင်ပါတယ်” ဆိုပြီး PUBG Mobile နဲ့ Fortnite Mobile တို့ကြားက ဝင်ငွေကွာဟချက်ကို သုံးသပ်ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် Fortnite ရဲ့ Item တွေကို တန်းဝယ်လို့ရတဲ့ Monetization Structure က PUBG ရဲ့ RNG ဆန်တဲ့ Loot Box ထက် ပိုပြီး Player Friendly ဖြစ်တာကလည်း ဒီရလဒ်အပေါ် အများကြီးသက်ရောက်ခဲ့တာ ဖြစ်နိုင်ပါတယ်လို့ ပြောကြားထားပါသေးတယ်။

Ref: Sensor Tower, PG-Biz

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: