News

Android device တွေအတွက် ထွက်ရှိလာပြီဖြစ်တဲ့ Fortnite

ပြီးခဲ့တဲ့ရက်ပိုင်းတွေကထွက်ရှိခဲ့တဲ့ သတင်းတွေအတိုင်း Fortnite ဟာဆိုရင်တော့ သြဂုတ်လ ၉ ရက်နေ့မှာပဲ Samsung exclusive အနေနဲ့ Android platform မှာထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ iOS တုန်းကအတိုင်းပဲ Android မှာလည်း invite beta ပုံစံမျိုးနဲ့ ပထမဉီးဆုံး ထွက်ရှိလာတာပါ။ (ဆိုတော့ Invite code ရမှသာကစားနိုင်မှာပါ။ 😁)

တစ်ဆက်တည်း Epicgames ဟာ Fortnite ကိုဆော့ကစားနိုင်မယ့် Android device အမျိုးအစားတွေကို Official ဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။ Samsung exclusive အနေနဲ့ ထွက်ရှိလာတဲ့အညီ Galaxy ဖုန်းအမျိုးအစားတွေဖြစ်တဲ့ S7/ S7 Edge, S8/S8+, S9/S9+, Note 8, Note 9, Tab S3, Tab S4 အစရှိတဲ့ device အမျိုးအစားတွေကို Support လုပ်ပေးထားပြီး အခြား Android device တော်တော်များများကိုလည်း Support လုပ်ပေးထားတယ်လို့သိရပါတယ်။ Support list အပြည့်အစုံကိုတော့ ဒီကနေ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

မိတ်ဆွေအနေနဲ့ Epicgames က Support လုပ်ပေးထားတဲ့ Samsung Galaxy ဖုန်းအမျိုးအစားတစ်ခုခုကိုပိုင်ဆိုင်တယ်ဆိုရင်တော့ Galaxy App Store ကနေတိုက်ရိုက် Download ဆွဲဆော့ကစားနိုင်မှာပါ။ အကယ်၍ မိတ်ဆွေရဲ့ဖုန်းက Samsung Galaxy အမျိုးအစားထဲက မဟုတ်ဘူးဆိုရင်တော့ Fornite Official website ကနေတဆင့် email နဲ့ Pre-register လုပ်ထားရမှာပါ။ သိပ်မကြာခင် Epicgames ဘက်ကမိတ်ဆွေကို Invite code ပေးပါလိမ့်မယ်။

စကားမစပ် ကျွန်တော်မနေ့ညက FB သုံးရင်း Fortnite fan တွေ ရင်ဖွင့်ထားတဲ့ ပို့စ် အချို့ကိုမြင်ခဲ့ရတယ်ဗျ။ ဆော့လို့ရပေမယ့် ဂိမ်းက lag နေတာတို့၊ Invite code ပေးပြီးမှ ဖုန်းကို Support မလုပ်သေးပါဘူး ဆိုပြီး Epicgames ဘက်က စာပြန်ပို့တာတို့ အစရှိတဲ့ ပြဿနာတွေကို ဖွင့်ဟထားတာလေးတွေ တွေ့ခဲ့ရပါတယ်။ 😆)။ In-game မှာအရမ်းကြီး lag နေတာကတော့ မိမိရဲ့ device ကို support မလုပ်နိုင်သေးဘူးဆိုတဲ့ သင်္ကေတပါ။ အဲ့လို အခြေအနေဆိုရင်တော့ Epicgames ရဲ့ ပြင်ဆင်မှုကိုစောင့်ပြီးမှ ပြန်ကစားသင့်ပါတယ်လို့ ဆိုချင်ပါတယ်။

ကယ်… Invite code မြန်မြန်ရရှိဖို့ ဒီကိုသွား ပြီးအမြန်ဆုံး register လုပ်ထားလိုက်ပါနော်။ ဖော်ပြသူကျွန်တော်ကတော့ iOS သမားဖြစ်တာကြောင့် ဒီသောကထဲမပါ ပါဘူးနော်.. အယ်လယ် 😂)

Source: Epicgames

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: