News

Fortnite ကို iOS ပေါ်မှာ Invite Code မလိုပဲ ကစားနိုင်ပြီ

သင်္ကြန်တွင်းမှာ အိမ်တွင်းအောင်းမယ့်ဘော်ဒါတွေအတွက် ရှယ်သတင်းကောင်းပါ… ခေါင်းစဉ်မှာပြောထားတဲ့အတိုင်းပဲ Fortnite ကို iOS ပေါ်မှာ Invite Code မလိုပဲ ကစားလို့ရပြီဖြစ်ပါတယ်။

ယခင်က Fortnite ကစားချင်တယ်ဆိုရင် Developer ဆီက Invite လုပ်မှာကို မျှော်ရင်မျှော်.. မဟုတ်ရင် နယ်လှည့်ပြီး Invite Code လိုက်တောင်းခဲ့ရတာပါ။ တော်တော်လေးကို လက်ပေါက်ကပ်ခဲ့ပါတယ်။ အခုတော့ အဲဒီပြဿနာတွေကင်းဝေးသွားပြီဖြစ်ပါတယ်။ iOS သမားတွေအားလုံး ဆော့ကစားလို့ရပြီဆိုတော့ Fortnite ရဲ့ Cross-Platform Play က ဘယ်လိုအလုပ်လုပ်မှာလည်းဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက်သင့်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ တလောတုန်းက အသေးစိတ်ရေးသားဖော်ပြခဲ့ပြီးပါပြီ။ ဘုမသိဘမသိ အသားလွတ်ကြီးအကြိတ်မခံရအောင် အဲဒါလေးကိုလည်း တစ်ခေါက်လောက်ဖတ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Download ပြုလုပ်တဲ့နေရာမှာ မိမိရဲ့ iPhone/iPad က System Requirement နဲ့ကိုက်ညီမှုရှိမရှိ အရင်ဆုံးစစ်ဆေးကြဖို့ အကြံပေးလိုပါတယ်။ မိမိရဲ့ Device က iOS 11 ရှိရမှာဖြစ်ပြီး iPhone SE, 6S, 7, 8, X နဲ့ iPad Mini 4, Air 2, 2017, Pro တို့မှာသာ အဆင်ပြေပြေဆော့ကစားလို့ရမှာဖြစ်ပါတယ်။

Android ပေါ်က ညီကိုတွေကိုတော့ စိတ်ရှည်ရှည်စောင့်ပါဦးလို့ပဲ ပြောရမှာပါ။ အခုချိန်ထိ ဘာသတင်းမှမကြားရသေးပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးလည်း သတင်းရရချင်း အသိပေးသွားမှာမို့ စိတ်မပူပါနဲ့လို့။

Fortnite iOS Download

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: